Saturday, July 12, 2014

အမြောက်တပ်မှ ပြန်ပေးသော လယ်မြေများဘင်္ဂါလီများကို အုပ်ချုပ်ရေးမှူးချပေးဟုဆို



ထိုက်သူဇော်၊ မင်းပြား၊ ဇူလိုင်-၁၁

မင်းပြားမြို့တွင် အမြောက်တပ်ရင်း (၃၇၄) မှ သိမ်းဆည်းထားသောလယ်မြေများအား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရန် စာပေးပို့ခဲ့သော်လည်း အုပ်ချုပ်ရေးမှူးက ဘင်္ဂါလီများကို ပြန်လည်ရောင်းချပေးခဲ့ကြောင်း မင်းပြားမြို့နယ်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဦးသာကျော်က စံတော်ချိန်သို့ပြောဆိုခဲ့သည်။

'မူလပိုင်ရှင်တွေကိုပြန်ပေးပေမယ့်အုပ်ချုပ်ရေးမှူးက နာဂရရွာက ဘင်္ဂါလီတွေကို တစ်ဧက ကျပ်ငါးသောင်းနဲ့ပြန်ချပေးထားတယ်။အမြောက်တပ်ရင်းကပြန်ပေးထားတဲ့စာတွေလည်းကျွန်တော့်ဆီမှာ အကုန်ရှိတယ်'ဟု ပြောဆိုသည်။

အမြောက်တပ်ရင်း (၃၇၄)သည်မင်းပြားမြို့နယ်တွင် သိမ်းဆည်းထားသောလယ်မြေ ၃၂ ဧကကို မူလလုပ်ကိုင်သော ဦးမောင်ပျော့အပါအ၀င် လယ်သ
မား ခုနစ်ဦးကို ပြန်လည်ပေးအပ်သည့်အကြောင်းကြားစာကို ၂၀၁၂ ခုနှစ် မေ၃၁ ရက် ရက်စွဲဖြင့် အုပ်ချုပ်ရေးမှူးသို့ပေးပို့ခဲ့ကြောင်း ၎င်းကဆိုသည်။

'ရောင်းစားလိုက်တာ ဘင်္ဂါလီရှစ်ဦးကို ခွဲရောင်းလိုက်တာ။ အမှန်တကယ်ဆိုရင်ဒီလိုလုံးဝလုပ်လို့မရဘူး။ ရောင်းလိုက်တာကတော့ ဒီနှစ်အတွင်းမှာပဲ။ရောင်းလိုက်ပြီးတော့မှသိလိုက်ရတာ။လယ်မြေတွေကို ၀င်လုပ်နေတော့မှ သိလိုက်ရတယ်။ မူလပိုင်ရှင်တွေက ရခိုင်သားတွေပါ'ဟု ၎င်းကဆက်၍ဆိုသည်။

မူလပိုင်ရှင်ဦးမောင်ပျော့ အပါအ၀င် ခုနစ် ဦးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားစာပို့ထားပြီး ရခိုင်ပြည်နယ် လယ် ယာမြေစုံစမ်းစစ်ဆေးရေးကော်မတီသို့လည်း တိုင်ကြားစာများပို့ထားကြောင်း ဦးသာကျော်က ပြောဆိုခဲ့သည်။

ဥပဒေအရ တပ်မှပြန်လည်ပေးအပ်သော လယ်မြေများကိုမူလလုပ်ကိုင်သူများထံပြန်လည်ပေးအပ်ရမည်ဖြစ်သော်လည်း ပေးအပ်ခြင်းမပြုဘဲဘင်္ဂါလီများသို့ ပြန်လည်ရောင်းချခြင်းသည် ရောင်းချသူနှင့်ဝယ်ယူသူပါ အပြစ်ရှိကြောင်း၊ ထိုကိစ္စကို လွှတ်တော်တွင်မေးမြန်းသွားမည်ဖြစ်ပြီး ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၄င်းကပြောဆိုခဲ့သည်။


စံတော်ချိန် သတင်းစာ

No comments: