ဗြတိန်နိုင်ငံသို့ ဆိုမားလီးယားနိုင်ငံမှ နိုင်ငံရေးခိုလှုံခွင့်ရယူပြီး ပညာထူးချွန်ကြသည့် အသက်(၁၆)နှစ်အရွယ် အမြွာညီအစ်မနှစ်ဦးဖြစ်သည့် Salma နဲ့ Zahra Halane တို့ဟာ မန်ချက်စတာတွင် ပညာအထူးချွန်ဆုံး မိန်ကလေးများထဲ အပါဝင်ဖြစ်ကာ ၎င်းတို့၏ အသက်(၂၅)နှစ်အရွယ် အစ်မကြီးလမ်းစဉ်လိုက်၍ ဆရာဝန်များ ဖြစ်ကြဖို့ ရည်ရွယ်ထားကြသူများဖြစ်သည်။
၎င်းတို့အစ်မကြီး Hafsa ဟာ မန်ချက်စတာတက္ကသိုလ်မှ ကျောင်းပြီးခဲ့၍ ယခုအခါတွင် ဒိန်းမတ်နိုင်ငံရှိ ဆေးကျောင်းတွင် ဆရာဝန်ဖြစ်မြောက်ဖို့ ဆေးပညာသင်ယူလျက်ရှိကြောင်း သိရသည်။
မွေးချင်း(၁၁)ယောက်ရှိသော ၎င်းတို့၏ ပညာထူးချွန်သော အစ်ကိုတစ်ဦးဟာ သူ့ရဲ့ အောင်မြင်နိုင်တဲ့ အနာဂါတ်လမ်းကြောင်းကို စွန့်လွှတ်ပြီး အစ္စလာမ်အစွန်းရောက် အကြမ်းဖက် ISIS သို့ ဝင်ရောက်သွားခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ(၂၆)ရက်နေ့က Salma နဲ့ Zahra တို့ ညီအစ်မနှစ်ဦးဟာ ၎င်းတို့၏ အိပ်ခန်းထဲမှ ပျောက်ဆုံးသွားခဲ့ပြီး ၎င်းတို့နှင့်အတူ ၎င်းတို့၏ နိုင်ငံကူးလက်မှတ်လည်း ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။
၎င်းတို့ဟာ ဗြိတိန်မှ တူရကီနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွါသွားခဲ့ကြောင်း သိရပြီး သတင်းအစအန ပျောက်သွားခဲ့ရာမှ ယခုအခါတွင် ဆီးရီးယားနိုင်ငံသို့ ရောက်ရှိနေကာ တိုက်ခိုက်ရေးသင်တန်းများ တက်နေသည်ဟု သိရခြင်း ဖြစ်သည်။
သို့ပေမယ့် ၎င်းတို့ဟာ ဘာအကြောင်းကြောင့် ဘယ်သူနဲ့ ထိုနေရာသို့ ရောက်ရှိသွားကြသလဲဆိုတာတော့ ယခုထက်ထိ ရေရေရာရာ ထုတ်ဖော်ပြောနိုင်ခြင်း မရှိသေးပါ။
ISIS သို့ ဝင်ရောက်သွားခဲ့သော ၎င်းတို့အစ်ကိုဟာ ၎င်းတို့၏ မူလနိုင်ငံဖြစ်သော ဆိုမာလီနိုင်ငံသို့ ခရီးသွားရောက်ပြီး ထိုနိုင်ငံမှ အစ္စလာမ်အကြမ်းဖက် စစ်သွေးကြွအဖွဲ့ဖြစ်သော al-Shabab အဖွဲ့နှင့် ဆက်သွယ်မိကောင်း ဆက်သွယ်မိနေလိမ့်မည်ဟုလည်း ဗြိတိန်အာဏာပိုင်များက သံသယရှိထားသည်။
ပညာထူးချွန်သော ၎င်းတို့၏အစ်ကို ISIS သို့ ဝင်ရောက်သွားခဲ့ကတည်းက ၎င်းတို့မိသားစုအပေါ် မျက်လုံးဒေါက်ထောက် ကြည့်နေလျက်မှ Salma နဲ့ Zahra တို့ ညီအစ်မနှစ်ဦးဟာ ဆီးရီးယားသို့ တိုက်ခိုက်ရေးသင်တန်း တက်နေသည့်အဖြစ် ကြုံရတာပါ။ ၎င်းတို့ဟာ လူသိများ ထင်ရှားသွားခဲ့သော ၎င်းတို့၏အစ်ကိုကို အားကျပေမယ့် တိုက်ခိုက်ရေးသမားများ ဖြစ်လာဖို့အထိတော့ ရည်ရွယ်ချက်မရှိကြောင်း သိရသည်။
အစပထမတွင် တူရကီနိုင်ငံမှ သတင်းအစပျောက်သွားခဲ့သော ထိုညီအစ်မနှစ်ဦးအား ဂျီဟတ်အဖွဲ့ဝင်အချို့ (သို့မဟုတ်) ခေါင်းဆောင်များက သတို့သမီးမြှောက်ဖို့ ခေါ်သွားခြင်းလားဟု သံသယရှိခဲ့တာပါ။
Source : Dailymail
No comments:
Post a Comment