Saturday, July 12, 2014

Gaza စစ်ပွဲဖြစ်ပွားမှုကြောင့် Israel နဲ့ Hamas တို့ရဲ့အပြန်အလှန် လက်နက်ပစ်ခတ်မှုတွေ ဖြစ်ပွားနေ



 Jul 11, 2014
Gaza မြို့တစ်ခုလုံးမှာ အနည်းဆုံး ၂၃ ဦးသေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းအရာရှိတွေက ဗုဒ္ဓဟူးမှာ ပြောဆိုခဲ့ပါတယ်။ ဒါဟာအစလေးပဲ ဖြစ်နိုင်ပြီး အီစရီးလ် နိုင်ငံကို အရင်ကထက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တဲ့ အီစလမ်းမစ် စစ်သွေးကြွတွေကို ဆန့်ကျင်တိုက်ခိုက်မှုအစပဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

စီးပွားကူးသန်းမြို့တော်ဖြစ်တဲ့ Tel Aviv နှင့် သန့်ရှင်းမြင့်မြတ်တဲ့ ဇေရိုစလင်မြို့တော်မှာ လေကြောင်းနဲ့ ၀င်ဆီးဖို့ရောက်လာတဲ့အခါ အစ္စရေးတွေက အကာအကွယ် ယူပုန်းရှောင်ဖို့ ထွက်ပြေးခဲ့ကြပါတယ်။ Tel Aviv နဲ့ သန့်ရှင်းမြင့်မြတ်တဲ့ ဇေရိုစလင်မြို့တော်ဟာ၂၀၁၂ နိုဝင်ဘာလတွင်ဖြစ်ပွားတဲ့ Gaza စစ်ပွဲ တိုက်ခိုက်ခဲ့တဲ့ နိုင်ငံနှစ်နိုင်ငံလည်းဖြစ်ပါတယ်။ ၁၄၀ ကီလို ( ၈၈ မိုင်) အကွာအဝေးရှိ အဓိကကျတဲ့ Haifa မြို့မြောက်ပိုင်းကို ဒုံး ကြည်ဖြင့်ပစ်ခတ်ခဲ့တယ် လို့ Hamas ဘက်က ပြောဆိုခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကို အတည်ပြုခြင်းမရှိသေးပေမဲ့ Gaza နဲ့ ၁၀၀ကီလိုမီတာ (၆၀ မိုင်) ကွာဝေးတဲ့ Hadera မှာ ဒုံးကျည်တစ်လုံးကျရောက်ခဲ့ပြီး အရင်က ထက်ပိုလို့တောင် ဝေးဝေးလံလံရောက်သွားပါသေးတယ် လို့ Israel အစိုးရဘက်ကနေ ပြောဆိုခဲ့ပါတယ်။

အစ္စရေးတွေဘက်က အသေအကြေမရှိပါဘူးလို့ ထုတ်ပြန်လိုက်တဲ့ တချိန်တည်းမှာပဲ စစ်တပ်အင်အားကြီးမားတဲ့ ပါလက်စတိုင်းက ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်။ ဂျူးလူမျိုး ကိုယ်ရင်ကျောင်းသားလေးတွေကို မတရားဖမ်းဆီး သတ်ဖြတ်ပြီး သုံးပတ်ကြာပြီး ပိုမိုပြင်းထန်လာတဲ့ ရန်လိုမှုတွေကို အခိုင်အမာပြသတဲ့ အနေနဲ့ အဲဒီပစ်ခတ်မှုကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးနယ်မြေအတွင်း ကျရောက်ခဲ့တဲ့ ဒုံးကျည်ဟာ နယ်မြေကျူးကျော်မှုဖြစ်စေနိုင်ပြီး စွပ်စွဲလို့ရနိုင်တဲ့ ကိစ္စတစ်ခုလ ည်းဖြစ်ပါတယ်လို့ အကြီးကဲ အရာရှိတွေက ဆိုပါတယ်။

- Trend Myanmar

No comments: