Tuesday, July 8, 2014

Bi မွန်းတည့်နေဂျာနယ်ပါ ဒေါ်စုကို ကြားဖြတ်အစိုးရ တင်မြှောက် ကြောင်းသတင်းနှင့် စပ်လျဉ်း၍ အရေးယူရန်ရှိ


Jul 8, 2014
ဇူလိုင်လ ၁၁ ရက်တွင် ထုတ်ဝေမည့် Bi မွန်းတည့်နေ ဂျာနယ် အတွဲ(၁) အမှတ်(၂၉)ကို ဇူလိုင်လ ၇ ရက်တွင် ကြိုတင် ဖြန့်ဝေ ရောင်းချခဲ့ရာ ၄င်း ဂျာနယ်၏ ရှေ့မျက်နှာဖုံး နှင့် စာမျက်နှာ (၂)တွင် " ဒေါ်အောင်ဆန်း စုကြည် နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစု များအား ကြားဖြတ် အစိုးရ အဖြစ် ပြည်သူများက တင်မြှောက်ကြောင်း M.D.C.F ထုတ်ပြန် " ခေါင်းစဉ်ဖြင့် သတင်း ဖော်ပြ ပါရှိသည်ကို တွေ့ရသည်။ 

အဆိုပါ သတင်းကို ဖတ်ရှုသူများ အနေဖြင့် ထင်ယောင် ထင်မှား ဖြစ်စေပြီး နိုင်ငံတော် အစိုးရကို အကြည်ညိုပျက် စေခြင်း ၊ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး ကို ထိခိုက်စေခြင်း နှင့် အများပြည်သူ ၏ အကျိုး ပျက်စီးမှုကို ဖြစ်ပေါ် စေနိုင်သည်။

ယင်း သတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနက စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နှင့် ထိုသို့ ကြားဖြတ် အစိုးရ တင်မြှောက်ခြင်း မှာ အမှန်တကယ် ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ပါက နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် ဆန့်ကျင်နေ သဖြင့် တည်ဆဲ ဥပဒေများဖြင့် အရေးယူ ခံရနိုင်ကြောင်း သိရှိရသည်။

သတင်းစဉ်

No comments: