လက်ရှိအစိုးရသက်တမ်းအတွင်း စာချုပ်တံဆိပ်ခေါင်း အတုရောင်းချ သည့်လူ ၇ ဦးအား အရေးယူခဲ့ပြီးနောက် အတုအပရောင်းချခြင်းများ ပပျောက် ရန် လိုင်စင်ရ အရောင်းဆိုင်များဖွင့်လှစ် ရောင်းချပေး သွားမည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ဆိုသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီး လမ်းမတော်မြို့နယ်မဲ ဆန္ဒနယ်မှ ဦးခင်မောင်ဝင်း၏ အခွန် ဦးစီးဌာနမှရောင်း ချသော စာချုပ်တံဆိပ် ခေါင်းနှင့် ရုံးခွန်တော်တံဆိပ်ခေါင်းများ ကို အတုပြုလုပ်သော မိတ္တူဆိုင်များ ရှိ နေပါသဖြင့် ဖော်ထုတ်အရေးယူပေးရန် နှင့် တံဆိပ်ခေါင်းများ လွယ် ကူစွာ ဝယ် ယူနိုင်ရန်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ မေးခွန်းကို ဒုတိယဝန်ကြီးဒေါက်တာ လင်းအောင်ကဖြေကြားခဲ့ခြင်း ဖြစ်သည်။
”ခြင်္သေ့ရုပ်နဲ့ အင်္ဂလိပ်မြန်မာ စာ သားတွေကို အလွယ်တကူ တုပလို့မရ အောင် လုံခြုံမှုအစီအမံတွေ ဆောင်ရွက် ထားပေမယ့် တိုးတက်မြင့်မားလာတဲ့ နည်းပညာနဲ့ အတူ ရောင်းချနေတဲ့ ဆိုင် တွေရှိနေတယ်”ဟု ဖြေဆိုရာတွင် ၎င်းကထည့်သွင်းပြောခဲ့သည်။ ထိုဆိုင်များကို လွန်ခဲ့သည့် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလတွင် နေပြည်တော် ရန် ကုန်မြို့၊ မန္တလေးမြို့များမှ မိတ္တူဆိုင် များအား ပြည်ထဲရေးဝန်ကြီးဌာနအကူ အညီဖြင့်ဖမ်းဆီးခဲ့ကာ လုံခြုံရေးနှင့်ဆိုင် သောပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံး သို့ပေးပို့ပြီးအတုအစစ်ခွဲခြားရာတွင်အတု ဖြစ်နေခြင်းကြောင့် အဆိုပါဆိုင်များမှ ထောင်ဒဏ် ၇ နှစ် ၆ ဦးနှင့် ထောင်ဒဏ် ၁ နှစ် တစ်ဦး စုစုပေါင်း ၇ ဦးအားပြစ် ဒဏ်ချမှတ် အရေးယူခဲ့သည်ဟု ဒုဝန်ကြီးက ပြောသည်။
ရုံးခွန်တံဆိပ်ခေါင်းများနှင့် စာ ချုပ်တံဆိပ်ခေါင်းများ အတုပြုလုပ်ခြင်း များကို ဆက်လက်စိစစ်အရေးယူဆောင် ရွက်သွားမည်ဖြစ်ပြီး ယခုလောလော ဆယ်တွင် တိုင်ကြား မှုမရှိသေးကြောင်း ၎င်းကထပ်မံပြောသည်။ ထို့အပြင်ပြင်ပ အရောင်းဆိုင်များတွင် တံဆိပ်ခေါင်း ခွန်များဈေးနှုန်းများ ကြီးမြင့်မှုများအတွက် ယခုနှစ်ဇန်နဝါရီလ ၁ ရက်မှစ တင်ကာ ရောင်းချပေးလျက်ရှိသော ပြည်တွင်းအခွန် များဦးစီးဌာနမြို့နယ်ရုံးများတွင်သာမက မြန်မာနိုင်ငံအနှံ့ရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲ ၂၃၆ ခုနှင့် ရန်ကုန် တိုင်းဒေသ ကြီး ပင်စင်ဦးစီးဌာနမှူးရုံးများတွင် ထပ်မံ တိုးမြှင့်ရောင်းချပေးခဲ့ကြောင်းဒုဝန်ကြီးက ဆိုသည်။
စိုင်းလမင်း
Credit To: Popular Journal
No comments:
Post a Comment