ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဖိုက်ဘာဆက်ကြောင်းများကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပုဂ္ဂလိက လုပ်ငန်းများအား လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အဝေးဆက်သွယ်ရေးစခန်းဌာနမှ သတင်းရရှိသည်။
‘‘အရင်တုန်းကတော့ ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို ၀န်ကြီးဌာနကပဲ လုပ်နေတာပါ။ အခုမှ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို စပြီးတော့ လုပ်ကိုင်ခွင့်ပေးတာပါ’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အဝေးဆက်သွယ်ရေးစခန်းဌာနက တာဝန်ခံတစ်ဦးက ဆိုသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖိုက်ဘာဆက်ကြောင်း ခုနစ်ခုကို မြန်မာ နိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်များအား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ပြီး စိတ်ဝင်စားသော လုပ်ငန်းရှင်များအနေဖြင့် ဇွန်လ ၃၀ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည် ဖြစ်သည်။
ပုဂ္ဂလိကလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေးမည့် ဖိုက်ဘာဆက်ကြောင်းများမှာ ရန်ကုန်-နေပြည်တော်-မန္တလေး ဖိုက်ဘာဆက်ကြောင်း၊ မိတ္ထီလာ-တောင်ကြီး ဖိုက်ဘာဆက်ကြောင်း၊ မန္တလေး-အုန်းတော-မုံရွာ/ ရွှေဘို ဖိုက်ဘာဆက်ကြောင်း၊ ချောင်းဦး-ပခုက္ကူ-ညောင်ဦး-ဂွေးချို-ရေနံချောင်း-မကွေး ဖိုက်ဘာဆက်ကြောင်း၊ ရန်ကုန်-နေပြည်တော်-မန္တလေး ဖိုက်ဘာ ဆက်ကြောင်း၊ ရန်ကုန်-ပန်းတနော်-ပုသိမ် ဖိုက်ဘာဆက်ကြောင်းနှင့် ပဲခူး-ဘုရားကြီး-သထုံ-မြ၀တီ၊ မော်လမြိုင်-ထားဝယ် ဖိုက်ဘာဆက်ကြောင်းတို့ ဖြစ်သည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် နိုင်ငံတစ်ဝန်းရှိ အဓိကမြို့ကြီးများဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် မြို့တစ်ခုလုံးကို လွှမ်းခြုံနိုင်မည့် ဖိုက်ဘာဆက်ကြောင်းများ တိုးချဲ့တပ်ဆင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
Credit To: 7 Day Daily
No comments:
Post a Comment