Wednesday, June 25, 2014

သံဃာတွေ မဲပေးခွင့်ရသင့်သလား


သံဃာနဲ့ ကြမ်းတပြေးတည်း ထိုင်ခွင့်ရှိပါသလား
ဒေါ်စု အနေနဲ့  ၄၃၆ ကို ပြင်ရင် လွှတ်တော်မှာရှိတဲ့ ပြည်သူ့ ကိုယ်စားလှယ် အများစုရဲ့ ဆန္ဒအရ သံဃာတွေကို မဲပေးခွင့်ပါ ပြင်လို့ ရနိုင်တယ် ဆိုတဲ့ စကားအချက်အလက်တစ်ခု ....တောင်ငူ လူထုဟောပြောပွဲမှာပြောကြားတယ် လို့  သိရတယ်...။
အဲတော့ ကျွန်တော်ကတော့ ဒေါ်စုကို ဘာမှ မပြောလိုတော့ဘူး.... အဲဒီ သံဃာမဲပေးခွင့် ဆိုတာ နဲ့ ပတ်သက်ပြီး သံဃာတွေ ကြားမှာ ဖြစ်ပေါ်လာမယ့် အမြင်မတူမှု့ တွေ ၊ အငြင်းပွားမှု့ တွေ ဖြစ်မလာအောင် ဒီ Post ကို ရေးရခြင်းပဲ ဖြစ်ပါတယ်....။

တကယ်တော့ မဲပေးပိုင်ခွင့်ဆိုတာ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးတစ်ခု အရ ရပိုင်ခွင့်တစ်ခုဟု လူ့ အခွင့်အရေး အရ မှန်ကန်တယ် လို့  ဆိုနိုင်သော်လည်း... သံဃာတော်တွေ အတွက် သာသနာတော်ကို တည့်တံ့ပြန့် ပွားရေးကို ထိခိုက် စေနိုင်သလို သံဃာအချင်းချင်း သင်းကွဲပျက်စီးခြင်းတွေလဲ အနာဂတ်မှာ ပေါ်ပေါက်လာစေနိုင်ပါတယ်....။
မဲပေးပိုင်ခွင့်ကြောင့် သံဃာတော်တွေကြားမှာ အန္တရာယ်များတယ် လို့ ပဲ သုံးသပ်ချင်ပါတယ်...။
သံဃာတော်တွေကြားမှာ မဲရရှိမှု့ အပေါ် အခြေခံကာ သင်းခွဲတာတွေ ၊ သင်းကွဲတာတွေ ဖြစ်ပေါ်လာစေသလို အဲဒီကနေ တစ်ဆင့် သံဃာတွေ ရဲ့  ညီညွတ်မှု့ ကို ထိခိုက်လာရကနေ သာသနာတော် တိုးတက်ပြန့် ပွားရေးကို ထိခိုက် လာစေနိုင်တယ် လို့ ပဲ ရိုးရိုးလေး မြင်တယ်..။
အဲတော့ လူ့ အခွင့်အရေး ပေတံ နဲ့ နေရာတိုင်းလိုက်တိုင်းရင်.... ကြာရင်..
ဘာသာကို ထိခိုက်လာနိုင်သလို....
လူမျိုးကို လဲ ထိခိုက်လာစေနိုင်တယ်....။
နောက်ဆုံး သာသနာပါ ဆုံးဆုံး မြုပ်ကာ သာသနာတော်ပါ ပျောက်ကွယ်နိုင်တဲ့အထိ မဖြစ်ပါဘူးလို့  ဘယ်သူမှ မပြောနိုင်ပါဘူး......။
လူ့ အခွင့်အရေးဟာ တကယ်တော့ ၂၁ ရာစု နှောင်းပိုင်းရဲ့  အသုံးချခံ နယ်ချဲ့ စနစ်တစ်ခုပါလို့ပဲ သုံးသပ်လိုပါတယ်..။
အဲတော့ သံဃာတော်တွေ ရဲ့  အဓိက ရည်ရွယ် ချက် ၊ ရည်မှန်းချက်ဟာ သာသနာတော် တည်တံ့ခိုင်မြဲ ရေး ၊စည်ပင်ပျံ့ ပွား တိုးတက်ရေးကိုသာ ဇောက်ချကာ ဆောင်ရွက်ကြစေလိုကြောင်း.... မဲပေးခွင့်အား မိမိနှင့် မဆိုင်သကဲ့သို့  ဂရုမပြုကြစေရန် နှင့် မဲပေးခွင့်မှ တစ်ဆင့် သံဃာတော်တွေ အား အသုံးချခြင်း ကင်းရှင်းစေရန် သတိပေးနိုးစော် တိုက်တွန်းပါရစေ အရှင်ဘုရား.......။
ခေါင်းဆောင်များ အနေနဲ့ လဲ မိမိပြောတဲ့ စကားတိုင်းမှာ တာဝန်ယူမှု့  နဲ့  တာဝန်ခံမှု့ တွေ မပါရင် အဲဒီ စကားကို မပြောတာ အကောင်းဆုံးပါပဲ...။ မလိုအပ်တဲ့ နောက်ဆက်တွဲ ပြသနာကို မမြင်ပဲ မိမိ လုပ်ချင်တဲ့ အရာတစ်ခု အတွက် ဇွတ်မပြောသင့်ပါဘူး။...ပြောသင့် မပြောသင့် စဉ်းစားကာ ဆင်ချင်ကြစေလိုကြောင်း တိုက်တွန်းရေးသားလိုက်ပါတယ်..။ ...
သံဃာတော် အရှင်မြတ်များ ခင်ဗျား.... မဘသ လို ညီညွတ်တဲ့ အင်အားတောင့်တဲ့ သံဃာထုအဖွဲ့ အစည်းအဖြစ်နဲ့  အမျိုးသားရေးကို အလယ်က ရပ်တည်နေရင်ပဲ ဘာသာ ၊သာသနာအတွက် တစ်ထောင့် တစ်နေရာကနေ များစွာ အထောက်အကူ ပြုနေပြီ ဖြစ်ပါကြောင်း..... သံဃာများ မဲပေးပိုင်ခွင့်ဟာ သံဃာထုအတွက် ပျက်စီးရာ ပျက်စီးကြောင်း တစ်ခု ဆိုတာကို နားလည်ကြပြီး သံဃာတော်များ အနေဖြင့် နားမယောင်ကြစေချင်ပါကြောင်း ဦးတင် ရိုသစွာ လျှောက်ထားလိုပါတယ် ဘုရား.....။
ဦးတင် ရိုသေလျက်
ဘစည်(စင်ကာပူ)
24.6.2014

No comments: