ဒေါ်အောင်ဆန်းစုကြည် သားအကြီးဆုံး
ရေးသားသူ = K Nyi
အမှန်အတိုင်းပြောရရင် ကျွန်တော် စာရေးရတာ တော်တော်လေး ပျင်းပါတယ်. ဒါပေမဲ့ စာလဲ တော်တော်လေး ရေးချင်လာတာနဲ့
ဒီစာလေး ရေးဖြစ် သွားတယ်. ကျွန်တော်က အချေဘက်က ရေးမှာ ဖြစ်ပါတယ်။ . ကျွန်တော် face book ကို နေ့တိုင်းလိုလို ဖွင့်ကြည့်ဖြစ်ပါတယ်..
ဖွင့်ကြည့်လိုက်တိုင်းလဲ လူငယ်တွေရဲ့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြောထားတာလေးတွေ အတွေးလေးတွေကို မြင်ရပါ တယ်..
အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ တော်တော် လေးကို ပြောထားတာတွေ တွေ့ရပါတယ်…
ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တယ်…our truly leader ..ဒီမိုကရေစီ ခေါင်းဆောင် …အမေစု ကို ချစ်တယ်… ဘာညာဆိုပြီး
ပြောထားတာ လေးတွေ.. သူနဲ့ပတ်သက်ပြီးတော့ သူဘာပဲဘာပဲပြောပြော like ပေးထား တာလေးတွေ တွေ့နေရပါတယ်…. ဒါနဲ့
ကျွန်တော် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို သိထားတာလေးတွေ ရှိပါတယ်.. ဒီထက်ပိုပြီးတော့ သူ့အကြောင်း သိချင်လာတယ်…
ကျွန်တော် ဒါနဲ့ သူ့အကြောင်းကို ရေးထားတဲ့ စာတွေကို လိုက်ဖတ်ဖြစ်ပါတယ်…
ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၄၅ ခုနှစ် ၊ ဇွန်လ(၁၉) ရက်နေ့မှာ ရန်ကုန်မြို့မှာ အဘဦးအောင်ဆန်း ၊ အမိ ဒေါ်ခင်ကြည် တို့မှ
မွေးဖွားပါတယ်.. အောင်ဆန်းစုကြည် ဆိုတဲ့ နာမည်ကတော့ အောင်ဆန်းဆိုတာက အဖေနာမည် စု က အဘွားနာမည် နဲ့
ကြည်ဆိုတာကတော့ ဒေါ်ခင်ကြည် ရဲ့ နာမည်တွေကို ယူပြီးတော့ အမည်ပေးထားတယ်လို့ ဆိုပါတယ်..ဒေါ်စုကြည်မှာ အကို နှစ်ယောက်
ရှိပါတယ် ၊ အောင်ဆန်းလင်း နဲ့ အောင်ဆန်းဦး တို့ ဖြစ်ပါတယ်။ အောင်ဆန်းလင်းဟာ အသက်(၈)နှစ် အရွယ်မှာ ရေနစ်
သေဆုံးခဲ့ပါတယ်။ ဦးအောင်ဆန်းဦးကတော့ အမေရိကန်နိုင်ငံသား ခံယူပြီး အခု San Diego ၊ California မှာ နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ မက်သဒစ် အင်္ဂလိပ်အထက်တန်းကျောင်း (ယခု ဒဂုံ အထက (၁)တွင် ပညာသင်ခဲ့ပြီး ၁၉၆၀ မှာ မိခင်
ဒေါ်ခင်ကြည် အိန္ဒိယ နဲ့ နီပေါ ဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့်အပ်ခံရပြီးနောက် လိုက်ပါသွားခဲ့ပြီး (၁၉၆၄) ခုနှစ်တွင် နယူးဒေလီ
လေဒီရှရီရမ် (lady Shri Ram Collage) ကောလိပ်မှ နိုင်ငံရေး ဘာသာရပ် နဲ့ ဘွဲ့ ရခဲ့ပြီး အောက်စဖို့ တက္ကသိုလ် စိန်ဟုခ်ျ (St Hugh ‘s
Collage မှာ ပညာဆက်လက်သင်ကြားခဲ့ပြီး ဒသနိက ၊ နိုင်ငံရေး ၊ စီးပွားရေး ဘာသာတွဲဖြင့် BA ဘွဲ့ ရရှိခဲ့ပါတယ်… ဘွဲ့ရပြီးတဲ့နောက်မှာ
New York မြို့မှာ သူငယ်ချင်းနဲ့ အတူဆက်လက်နေခဲ့ပါတယ်…အဲဒီနောက်မှာ ဒေါ်စုကြည်ဟာ ကုလသမဂ္ဂမှာ (၃) နှစ် ၀င် ရောက်
အလုပ်လုပ်ခဲ့ပါတယ်…၁၉၇၂ ခုနှစ်မှာ မိုက်ကယ်အဲရစ် ( Michael Aris ) နဲ့ လက်ထက်ခဲ့ပြီး.. အဲဒီနောက်မှာ
ပထမဆုံးသားလေး အဖြစ် နဲ့ Alexander Aris ကို လန်ဒန်မှာ မွေးဖွားခဲ့ပြီး ဒုတိယ သား ( Kim ) ကိုတော့ ၁၉၇၇ ခုနှစ်မှာ မွေးခဲ့ပါတယ်..
၁၉၈၅ ခုနှစ်မှာ လန်ဒန် တက္ကသိုလ်မှာ အရှေ့တိုင်း နှင့် အာဖရိက ဘာသာရပ်ဖြင့် ပါရဂူ ဘွဲ့ ရရှိခဲ့ပါတယ်…
၁၉၈၈ ခုနှစ် မှာ ကျန်းမာရေး ချို့ယွင်းနေသော မိခင်ကို ပြုစုစောင့်ရှောက်ရန် ရည်ရွယ်ချက် ဖြင့် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး နိုင်ငံရေး
လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်. ၁၉၉၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဗယ်ဆု ပေးခဲ့ပါတယ်.. ၁၉၅၅ မှာ
ဒေါ်စုကြည်ရဲ့ ခင်ပွန်း Aris ဟာ မြန်မာနိုင်ငံကို လိုက်လာခဲ့ပြီး . အဲဒီ နောက်မှာတော့ သူ့ကို ပြည်ဝင်ခွင့် ဗီဇာမပေးတော့လို့ လိုက်လာလို့
မရပါဖူး.. ဒေါ်စုကြည်ရဲ့ ခင်ပွန်း Aris ဟာ ၁၉၇၇ မှာ ဆီးအကျိတ်ကင်ဆာ စပြီးတော့ ဖြစ်ပါတယ်.. အမေရိကန်၊ ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူး ကိုဖီအာနန် စတဲ့သူတွေက Aris ကို မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အစိုးရက
ခွင့်မပြုခဲ့ပါဖူး.. England ကို လိုက်သွားဖို့ ခွင့်ပြုခဲ့ပေမဲ့ ဒေါ်စုကြည်ကလဲ လိုက်မသွားခဲ့ပါဖူး။ Aris ဟာ သူ့မွေးနေ့ဖြစ်တဲ့ မတ်လ ၂၇
ရက်နေ့ ၁၉၉၉ ခုနှစ် အသက် (၅၃) နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်.. သူ့သားတွေကတော့ အခုထိ နိုင်ငံခြားမှာ ရှိတုန်းပါပဲ..
ကျွန်တော် ပြောချင်တာက ခုမှ စတာပါ …. ဒေါ်စုကို ကျွန်တော် မမုန်းပါဖူး…ဗိုလ်ချုပ် အောင်ဆန်းရဲ့
သမီးအနေနဲ့လဲ လေးစားပါတယ်… မိန်းမ တစ်ယောက်အနေနဲ့ ကြည့်ရင် တော်တယ်လို့လဲ ပြောချင်ပါတယ် ဒါပေမဲ့
နိုင်ငံခေါင်းဆောင်အနေနဲ့ တော့ ကျွန်တော် မြင်ကြည့်ပေးလို့ မရပါဖူး… သူ့ကို နိုင်ငံခေါင်းဆောင်အနေနဲ့ ကြည့်လိုက်ရင် သူ့ ရဲ့ သားတွေ
၊ ပြီးတော့ သူရဲ့ ယောင်္ကျားကိုလဲ ပြေးပြီးတော့ မြင်ပါတယ်…. နိုင်ငံတစ်ခုဆိုတာကို ကြည့်လိုက် ရင် မျိုးနွယ်စု ဆိုတာရှိရပါတယ်…အဲဒီ
မျိုးနွယ်စု ဆိုတာကလဲ အဲဒီ နိုင်ငံရဲ့ မျိုးနွယ်ပေါ်မှာ ချစ်ရပါမယ်… သစ္စာရှိရပါတယ်…. ကိုယ့်လူမျိုးကို ချစ်မှ ကိုယ့်နိုင်ငံဆိုတာလဲ
ရေရှည်တည်တံ့ ခိုင်မြဲမှာ ဖြစ်ပါတယ်.. ဗိုလ်ချုပ် အောင်ဆန်းက ကျွန်တော်တို့ နိုင်ငံ လွတ်လပ်ရေး ရအောင်လုပ်ပေးတယ် ဆိုတာက
လူမျိုး မပျောက်စေချင်လို့ ၊ ဘာသာမပျောက်စေချင်လို့ ၊ ပြီးတော့ နိုင်ငံ မပျောက်စေချင်လို့ ဆိုတာလဲ အားလုံး သဘောပေါက်ပြီးသား
ဖြစ်မှာပါ.. ဒေါ်စုက သမ္မတကြီး ဖြစ်လာပါပြီတဲ့ သူ့သားတွေကရော မြန်မာနိုင်ငံကို လိုက်မလာဖူးတဲ့လား…. နိုင်ငံတော်ရဲ့ အခမ်းအနားတွေမှာ
ဗိုလ်ရှုခံ တက်ရောက်မယ်ဆိုရင်.. ကျွန်တော်တို့တွေက ဘယ်လိုမျက်နှာနဲ့ သူတို့ကို ကြိုဆိုရမှာလဲ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမသားအကြီး Alexander Aris ဟာ အခုဆိုရင် အသက်(၄၂)နှစ်ရှိပြီးတော့ သားအငယ် Kim ဟာ အသက်
(၃၇)နှစ် ရှိပါပြီ.. အရွယ်ကောင်းတွေပါပဲ …..
ကျွန်တော်လဲ ဒေါ်စုကြည်ရဲ့ သားတွေကို စိတ်ဝင်စားပါတယ်….. သားတွေက ဘာဘာသာကို ကိုးကွယ်ကြတာလဲ….. သူတို့တွေကိုရော
နိုင်ငံတော် အခမ်းအနား တွေမှာ တွေ့နေရမှာလား … သူတို့တွေကရော ကျွန်တော်တို့နိုင်ငံမှာ ဘာတွေ လုပ်ကြမှာလဲ ….
သူတို့တွေကရော ကျွန်တော်တို့ နိုင်ငံအတွက်လာခြင်း ကောင်း မှာတဲ့လား စဉ်းစားစရာတွေ ……. တော်တော်များပါတယ်…
ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် “ တာဝန်မကျေမှာကိုပဲ ကြောက်မိတယ် … ပြည်သူများအနေနဲ့ ပွင့်ပွင့်လင်းလင်း
သတ္တိရှိရှိ ဆက်ဆံပါ။ စိတ်ဓါတ်မကျပါနဲ့လို့ သူလွတ်မြောက် လာတဲ့ နေ့က ပြောပါတယ် ” ကျွန်တော်လဲ
မေးစရာတွေရှိပါတယ်… အဲဒီ တာဝန်ဆိုတဲ့ ဟာကြီးကို ဘယ်အချိန်က စပြီးတော့ နားလည်ခဲ့တာပါလဲ … ၁၉၄၅ ခုနှစ်မှာ
မွေးခဲ့တာဆိုတော့ နိုင်ငံရေးစတင်ပြီးတော့ လုပ်တဲ့ ၁၉၈၈ ခုနှစ် မှာ (အသက်(၄၃) နှစ်မှာ )စပြီးတော့ တာဝန်ဆိုတာကို
နားလည်ခဲ့တာလား…. အသက်(၄၃) နှစ် မတိုင်ခင်တုန်းက ဘာဖြစ်လို့ တာဝန်ဆိုတာကို နားမလည်ခဲ့တာပါလဲ… “ ကျမကလည်း
ပြည်သူတွေကို ချစ်ပါတယ်လို့ ” ပြောတဲ့ ဒေါ်စုကြည်က ဘာဖြစ်လို့ မြန်မာပြည်သူတွေထဲက ယောင်္ကျားတစ်ယောက်ကို မယူပဲ
နိုင်ငံခြားသားတစ်ယောက်ကို ယူခဲ့တာလဲ ? ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး ရအောင်လုပ်ပေးတယ်ဆိုတာက
အင်္ဂလိပ်အောက်မှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေကို လွတ်လပ်အောင် ၊ တစ်နည်းအားဖြင့် ပြောရရင် လူမျိုးမပျောက်အောင် ၊
ဘာသာမပျောက်အောင် သူကြိုးစားခဲ့တာပါ။ လူမျိုးပျောက်တယ်ဆိုတာကတော့ လူတိုင်းနားလည်ပါတယ်.. ဒေါ်အောင်ဆန်း စုကြည်
ကရော မြန်မာမိန်းကလေးတွေကို ဘာတွေသင်ပေးမှာလဲ .“ Do as I say , not as I do “ လို့ပြောမှာလား ဒေါ်စုကြည်ဟာ
မြန်မာနိုင်ငံကို သူမ၏ အမေ ဒေါ်ခင်ကြည် နေမကောင်းဖြစ်လို့ ပြန်လာတာက (၁၉၈၈) ခုနှစ် အရေးအခင်းကာလမှာ ပြန်လာတာပါ…
အရေးအခင်းကာလ မှာ လူတွေသတ်၊ ခေါင်းဖြတ် ၊ မီးတွေရှို့ အဲဒီလို လုပ်နေကြတဲ့အချိန်မှာ ဒေါ်စုကြည်ဟာ အဲဒီ အချိန်တုန်းက သူမဟာ
ငြိမ်းချမ်းရေးအတွက် ဘာတွေလုပ်ပေးခဲ့တာပါလိမ့် .. ကျွန်တော် မသိပါဖူး … (၃)နှစ်ကြာပြီးတဲ့ (၁၉၉၁) ခုနှစ်မှာ သူမကို ငြိမ်းချမ်းရေး
နိုဗယ်ဆု ပေးပါတယ်… စဉ်းစားစရာတွေပဲ တော်တော် များပါတယ်… လူတွေဟာ အပြောင်းအလဲကို လိုလားကြပါတယ်… အုပ်ချုပ်သူ
လူတန်းစားနဲ့ အုပ်ချုပ်ခံ လူတန်းစားဟာ နှစ်တွေကြာလာတဲ့ အခါမှာ အပြောင်းအလဲကို လိုလားကြပါတယ်…အပြောင်းအလဲရဲ့ Icon
တစ်ခုကို ရှာကြပါတယ်. သူမဟာ အပြောင်းအလဲရဲ့ Icon တစ်ခုလား .. ကျွန်တော်တို့တွေ “ဝေလေလေ ” မလုပ်ဖို့ လိုပါတယ်…ဝေလေလေ ဆိုလို့ ကျွန်တော် ပုံပြင်တစ်ပုဒ်ပြောပြချင်ပါတယ် … တစ်ခါတုန်းက ရွာတစ်ရွာမှာ ဇာတ်မင်းသားရူး တစ်ယောက်ရှိပါတယ်..
ဇာတ် ပိုး ထ ပေမဲ့ တကယ်တန်းလဲ သူက အဖြစ်ရှိအောင် ဘာမှ မလုပ်တတ်ပါဖူး.. ဒီလို နဲ့ နေလာလိုက်တာ တစ်နေ့တော့ ဇာတ်အဖွဲ့
တစ်ဖွဲ့တည်းကို လိုက်သွားပါရော… (၃) နှစ်လောက်ကြာတော့ သူပါတဲ့ ဇာတ်အဖွဲ့က ရွာကို လာပြီး ကပြကြတယ်ဗျ.. ရွာထဲက
လူတွေကိုလဲ သူဒီနေ့ည ကပြမဲ့ ဇာတ်ကို လာကြည့် ဖို့ သူလိုက်ပြော တာပေါ့ဗျာ… ရွာထဲက လူတွေကလဲ .. ကိုယ့်၇ွာသား ဇာတ်ရူး ကတဲ့
ဇာတ်ပွဲ ဆိုတော့ ကြည့်ဖို့ အားခဲထားကြတာပေါ့… ဒီလိုနဲ့ ဇာတ်အဖွဲ့က ကပြလာ လိုက်တာ အရှေ့ပိုင်း ဖျော်ဖြေတဲ့ သီချင်းဆိုတဲ့
အခန်းမှာလဲ မပါ.. ဇာတ်ထုပ် ကပြတဲ့ အခန်းလဲမပါ ၊ အော်ပရာလဲ မပါနဲ့ ကြည့်လာလိုက်တာ .. ရွာသား တွေလဲ နောက်တစ်ခန်းပါနိုး ..
နောက်တစ်ခန်းပါနိုးနဲ့ ကြည့်လာ လိုက်တာ … နောက်ဆုံး ဇာတ်သိမ်းခါနီးလို့ ကပြတဲ့ အခန်း မှာ မင်းသား က တို့လူတွေများ
ဆိုသလေလို့ ပြောလိုက်တော့ ကန့်လန့်ကာ ရဲ့ နောက်က ၀ိုင်းပြီးတော့ “ဝေလေလေ ၊ ဝေလေလေ ” ဆိုပြီး တော့ အော်ကြတဲ့
သူတွေထဲမှာ ဇာတ်ရူး ရဲ့ အသံကို အကျယ်ဆုံးကြားရပါတယ်.. အဲဒီတော့မှ ရွာသားတွေကလဲ ဇာတ်ရူးပါတဲ့ အခန်းက ဝေလေလေပါလားဆိုပြီး .. ပြောစမှတ် ပြုရပါတယ်.. ကျွန်တော်တို့တွေလဲ ဝေလေလေ မဖြစ်ဖို့ လိုပါတယ်…. သူများလုပ်တိုင်း လိုက်မလုပ်ဖို့
လိုပါတယ်… သမိုင်းဆိုတာ မအ ဖို့ သင်တာလို့ သမိုင်းသုတေသီ တစ်ယောက်က ဆိုပါတယ်.. ကျွန်တော်တို့တွေ စာဖတ်ဖို့ လိုပါတယ် …
လေ့လာဖို့ လိုပါတယ်.. အပြောင်းအလဲကို လိုချင်တိုင်း .. ခေါင်းဆောင် အရွေး မမှားဖို့ လိုပါတယ်…. အပြောင်းအလဲအတွက် Icon က
ဘယ်သူဖြစ်သင့်သလဲ ဆိုတာ စဉ်းစားဖို့ လိုပါတယ်..
ဓမ္မဓိဌာန်အရ ပြောရလျှင် လူ့သမိုင်းတွင် လူသားမျိုးနွယ်အတွက် လာခြင်း ကောင်းသော ပုဂ္ဂိုလ်တွေ ရှိခဲ့ဖူးသည်။ဟင်နရီဒူးနန့်သည်
လာခြင်းကောင်းသော ပုဂ္ဂိုလ်ဖြစ်သည်။ ကမ္ဘာ့ကြက်ခြေနီလုပ်ငန်းကို သူက အစပြုခဲ့သည်။ နိုက်တင်ဂေးလ်သည် လာခြင်းကောင်းသော
ပုဂ္ဂိုလ်ဖြစ်သည်။ သူနာပြုလုပ်ငန်း ကို သူက စတင်ခဲ့သည်။ မာသာထရီဇာသည် လာခြင်းကောင်းသော ပုဂ္ဂိုလ်
ဖြစ်သည်။ကမ္ဘာ့ဆင်းရဲသား သန်းပေါင်းများစွာကို ကျွေးမွေးပြုစုစောင့်ရှောက် ခဲ့သည်။အလားတူ နိုင်ငံတို့၏ သမိုင်း ၊ လူမျိုးတို့၏
သမိုင်းတွင် လာခြင်းကောင်း သော ပုဂ္ဂိုလ်တွေ အသီးသီးရှိခဲ့သည်။ ဂျိုဆေရီဇော်သည် ဖိလစ်ပိုင်နိုင်ငံအတွက် လာခြင်းကောင်းသော
ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ မဟတ္တမဂန္ဒီ သည် အိန္ဒိယနိုင်ငံ အတွက် လာခြင်းကောင်းသော ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည်
မြန်မာနိုင်ငံအတွက် လာခြင်းကောင်းသော ပုဂ္ဂိုလ် ဖြစ်ခဲ့သည်။ ရှိတ်မူဂျစ်ဆာရာ မန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်
လာခြင်းကောင်းသော ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။
လောကတွင် သေသွားသော်လည်း ရှင်ကျန်နေသောသူတွေ ရှိသည်။ ရှင်နေပါသော်လည်း သေနေသည့် သူတွေရှိသည်။
လာခြင်းကောင်းသော ပုဂ္ဂိုလ် တို့တွင် ကွယ်လွန်သွားခဲ့သူတို့သည် လူကမူ သေသွားသော်လည်း ကျန်ရစ်သူ တို့၏ နှလုံးသားတွင်
စွဲမြဲကျန်ရစ်ခဲ့သည်မို့သူတို့သည် ရှင်သန်နေသော လူများပါ။ လာခြင်းမကောင်းသော ပုဂ္ဂိုလ်တို့မှာမူ မသေသေးပါသော်လည်း
လက်ရှိသူတွေ ၏ စက်ဆုပ်ရွံရှာမှု ခံနေရသည်ဖြစ်ရာ သူတို့သည် ရှင်သော်လည်း သေနေသူများ ပဲဖြစ်သည်။ အတ္တကြီးသူများအတွက်
လောကတွင် နေစရာ ကျဉ်းမြောင်း လှသည်။ အများအတွက် စွန့်လွှတ်အနစ်နာခံသူများအတွက် လောကသည် နေစရာ
ကျယ်ပြန့်လှချေသည်။
Hero ဆိုလိုက်သည်နှင့် မကောင်းသူပယ် ၊ ကောင်းသူကယ်သော ပုံရိပ် ကို ပြေးမြင်ကြစမြဲ ဖြစ်ပါသည်။ ခုတော့ Hero နှင့် အပြိုင်
စကားလုံးတွေက အများအပြားပဲ ဖြစ်ပါသည်။ Ideal character တဲ့ ။ Role model တဲ့ ။ Ego ideal တဲ့။ Self image တဲ့ ။
သည်စကားလုံးတွေအားလုံးအတွက် ခြုံငုံအဓိပါယ် က စံပြဇာတ်ရုပ် ၊ စံပြလူသားပဲ ဖြစ်ပါသည်။ ကျွန်တော်အတွက်ကတော့ မြန်မာနိုင်ငံအတွက် စံပြလူသား Role model တစ်ယောက်ဟာ
နိုင်ငံခြားသားကို ယူထားပြီး... မျိုးမစစ်လေးတွေ မွေးထားတဲ့သူတစ်ယောက်ဟာ နိုင်ငံအကြီးအကဲနေရာမှာ ဖြစ်လို့မသင့်တော်ဖူးလို့ ထင်ပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို မချစ်လို့ ပြောတာမဟုတ်သလို. မုန်းလို့ ပြောတာလဲ မဟုတ်ပါဖူး။ သူမဟာ ထက်ထက်မြက်မြက် ရှိတဲ့မိန်းမ တစ်ယောက်
ဆိုတာ လက်ခံပါတယ်..ဒါပေမဲ့ ... ကျွန်တော်တို့ နိုင်ငံအကြီးအကဲနေရာအတွက် အားကျရမဲ့ သူတစ်ယောက်တော့ မဟုတ်နိုင်ပါဖူး။ သူသာ မြန်မာနိုင်ငံကို
အမှန်တကယ်ချစ်မယ်ဆိုရင်.. မြန်မာနိုင်ငံကို ပိတ်ဆို့ဖို့ တစ်ချိန်လုံး မတောင်းဆိုသင့်ပါဖူး။ သူ သမ္မတဖြစ်မှ နိုင်ငံချမ်းသာမယ်ဆိုတဲ့ အယူအဆဟာ ပြောင်းပြန်
တွေးရင်.. သူသမ္မတမဖြစ်ခဲ့ရင် နိုင်ငံက အမြဲတမ်း ဆင်းရဲနေရမယ်ဆိုတဲ့ သဘောပါပဲ။ မဟောသဓာ ဇာတ်တော်ထဲမှာပါတဲ့ သားကို လုတဲ့ ဘီလူးနဲ့ အမေလို
ပါပဲ။ အမေအရင်းဖြစ်တဲ့သူက သားသမီးကို အပြိုင်ဆွဲလုတဲ့နေရာမှာ နာကျင်နေရတာကို မြင်ရတာဟာ သူ့အသည်းနှလုံး ကွဲကြေမတတ် ခံစားရတဲ့အတွက်
သူ့သားသမီးကို နာကျင်မှာစိုးတဲ့အတွက် အပြိုင်လုယက်ခြင်း မပြုပဲ အလျော့ပေးခဲ့တာ ဖတ်ဖူးကြမယ် ထင်ပါတယ်။ ဒီသဘောပါပဲ သားသမီးနေရာမှာ ရှိတဲ့
မြန်မာနိုင်ငံဆိုတဲ့ တိုင်းပြည်အပေါ်မှာသာ သူသာ အမှန်တကယ် ချစ်မြတ်နိုးမယ်ဆိုရင် တိုင်းပြည်ကို တိုင်းပြည်ကို ပိတ်ဆို့အရေးယူမယ်ဆို၇င် ဘယ်သူတွေက
ပိုနစ်နာမလဲဆိုတာ သိသင့်ပါတယ်။ သားသမီးနစ်နာမယ်ဆိုရင် (Sanction ) ပိတ်ဆို့ဖို့ တစ်ချိန်လုံး မတောင်းဆိုသင့်ဖူးလို့ ထင်ပါတယ်။
ကျွန်တော်တို့ လူငယ်တွေ အနေနဲ့ အားကျရမဲ့သူတွေ အများကြီး ရှိပါတယ်။အားကျရမဲ့သူတွေကိုပဲ အားကျတာ ကောင်းပါတယ်။
ကျွန်တော်တို့ နိုင်ငံဟာ နှစ်ပေါင်းများစွာ စစ်အစိုးရရဲ့ အုပ်ချုပ်မှု ခံခဲ့ရတော့ ဒီအစိုးရ ဘယ်လိုပဲ အုပ်ချုပ် အုပ်ချုပ် ငြီးငွေ့နေကြလို့
အပြောင်းအလဲကို လိုချင်လာကြပါတယ်။ ဒါပေမဲ့ အပြောင်းအလဲရဲ့ (ICON) အမှန်ကိုတော့ ဦးနှောက်နဲ့ရော နှလုံးသားနဲ့ပါ
ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။
နည်းပညာ နှင့် ပရဟိတ လုပ်ငန်းများအတွက် အားကျစရာ ပုဂ္ဂိုလ် တစ်ယောက်ကို ရည်ညွှန်းပါဟု ဆိုလျှင် ကျွန်တော်ကတော့
ဘီလ်ဂိတ်ကို ဖော်ပြလိုပါသည်. Microsoft က ကွန်ပျူတာ သူဌေးကြီး Bill Gates ။ ဒုတိယနှစ် တက္ကသိုလ် ကျောင်းသားဘ၀ကို
ခေတ္တစွန့်ခွာခဲ့ကာ ကွန်ပျူတာဖြင့် ကမ္ဘာ့ နံပါတ် တစ် သူဌေးဘ၀ ရောက်အောင် လုပ်ဆောင်ခဲ့သည်သာ မက ချမ်းသာသမျှ ဓန
ဥစ္စာတို့ကို ပရဟိတလုပ်ငန်းတွေထဲ ထည့်ဝင်ဖို့ ဆုံးဖြတ်ကြေညာထားခဲ့သည့် သည်လို လူတစ်ယောက်ကို လူငယ်တွေ အားကျမိတာ
မကောင်းဖူးလား။
၂၀ ရာစု၏ Man of the Century ဟု အသတ်မှတ် ခံခဲ့ရသော ရူပဗေဒ ဆိုင်ရာ နိုဗယ်ဆုရှင် အဲလဘတ် အိုင်းစတိုင်း (Albert
Einstein ) ၏ ဥာဏ်ပညာ ကြီးမားပုံ ၊ အနေရိုး ၊ အစားရိုး ၊ မာန်မာနမရှိ ပကတိဖြူစင်ပုံကြီးကို ကြည့်ကာ သည်လူ အိုင်းစတိုင်းကို
လူငယ်တွေ အားကျနေမိရင်ရော မကောင်း ဖူးလား။
၂၀၀၂ ခုနှစ် အိန္ဒိယ၏ ၁၁ ဆက်မြောက် သမ္မတအဖြစ် အရွေးချယ် ခံခဲ့ရ ကာ ၂၀၀၇ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် သမ္မတ တာဝန် ဝ
တ္တရားများ သက်တမ်း ကုန်သဖြင့် နောက်တစ်နေ့ ၂၅ ရက်မှာပင် သူ သမ္မတအိမ်ဆော်ပေါ်သို့ တက်စဉ် က ပါလာသည့်
သေတ္တာနှစ်လုံးဆွဲကိုင်ကာ ပြန်ဆင်းသွားသူ ၊ ဘာလက်ဆောင် ကိုမှ လက်မခံခဲ့ပါဟု ဆိုလေသူ ၊ အိန္ဒိယသမ္မတကြီး အဗဒူကလာမ်
( Abdul Kalam) ကို လူငယ်တွေ အားကျနေတာရော မကောင်းဖူးလား။
ထို့အတူ စပရင်းဖီးလ်မြို့က “ ငါရှေ့နေဆိုင်းဘုတ်ကလေးကို မဖြုတ်နဲ့ ၊ အဲသည့် ရှေ့နေအလုပ်က မြဲတယ်။ အခု သမ္မတအလုပ်က
မြဲတာ မဟုတ်ဘူး “ ဟု ဆိုလေသူ အမေရိကန် သမ္မတကြီး အေဗရာဟင်လင်ကွန်း (Abaraham Lincoln) ၊ ကမ္ဘာပေါ်မှာ ဘုမသိ ၊ ဘမသိ
မျက်ရည်ကျနေသူတွေ အများကြီး ရှိတယ်ဟုဆိုကာ ပရဟိတ အလုပ်များထဲမှာ နောက်ဆုံးထွက်သက်ကို ရှူထုတ် သွားသူ
ကရုဏာရှင်မကြီး မာသာ ထရီဆာ ၊ လူတစ်ယောက် တစ်လ တစ်ယွမ် ထည့်ရုံနဲ့ ကမ္ဘာကို ကယ်လို့ ရပါတယ်ဟုဆိုကာ The one
foundation ထောင် လေသူ ကမ္ဘာကျော် ကွန်ဖူးစတား ဂျက်လီ စသည်စသည်ဖြင့် လူငယ်တို့ အားကျ စရာ ပုဂ္ဂိုလ်တွေ
နယ်ပယ်အသီးသီးမှာ ရှိပါသည်။ ဘောလုံးသမားတွေ တေးဂီတ ပညာရှင်တွေ စာရေးဆရာတွေ ၊ ပန်းချီဆရာတွေ ပညာရှင်တွေ
ဘယ်သူဘယ်ဝါ ဘယ်နယ်ပယ်ကမှ ရယ်လို့မဟုတ် ။ တစ်ဦးဦးကို အားကျတာ ကိုယ့်လမ်းကို ကိုယ်ရှာဖြစ်နေတာ အဓိပါယ် ကလေးများ
ရှိလေမလားဟု စဉ်းစား မိပါသည် ။ ဘယ်သူ့ကိုမှ အားမကျ ဘယ်သူ့လိုမှလည်း မဖြစ်ချင်ဘူးဆိုတာ ကလော့ သိပ်မကောင်းလှဟု
ထင်ပါသည်။
Hero ပဲခေါ်ခေါ် ၊Ideal character ပဲခေါ်ခေါ် ၊ Role Model ပဲခေါ်ခေါ် ၊ Ggo Ideal ၊ Self Image ကြိုက်ရာခေါ် အိုင်းစတိုင်းကို
Great personality ဟု ခေါ်သလို ခေါ်ချင်လည်းခေါ် လူကောင်းသူကောင်း တစ်ယောက်ကို အားကျမိတာကတော့ ကောင်းသော
စိတ်အခြေအနေ ဟု ယူဆပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကရော တကယ်ပဲနိုင်ငံအတွက် လာခြင်း ကောင်း တဲ့ ပုဂ္ဂိုလ် ဖြစ်လာမှာလား ..ကျွန်တော် တို့ နှိုင်းယှဉ်
ကြည့်ကြတာပေါ့… သမိုင်းမှာ စောင့်ကြည့်ကြတာပေါ့..
ကဲ ……….. ခင်ဗျားတို့ ဘယ်သူ့ကိုများ အားကျနေမိကြပါလိမ့်……။
ကျွန်တော်ကတော့ တွေးလို့ကောင်းတုန်းပဲ ဖြစ်၏..
ရေးသားသူ= K Nyi
Posted via Blogaway

No comments:
Post a Comment