ဂျပန်နိုင်ငံမှ ပေးအပ်မည့် သင်္ဘောသစ်သုံးစင်း ရပ်နားရန် ဒလဆိပ်ခံတံတားအား စက်တင်ဘာလတွင် အပြီးသတ် တည်ဆောက်မည် ဖြစ် သည်။ သင်္ဘောသစ်များ ရပ်နားမည့် ဆိပ်ခံတံတားသစ် နှစ်စင်းတွင် ရေစင်တံတား၊ ရေတံခါးနှင့် ခရီးသွားများ အတွက် နားနေဆောင် စသည့်တို့ ထည့်သွင်း တည်ဆောက်နေလျက် ရှိကြောင်း မြန်မာဆိပ်ကမ်း အာဏာပိုင် မှ သိရသည်။
ဆိပ်ခံတံတားများတွင် ရပ်နားမည့် င်္ဘောများအား ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ ရှိ သင်္ဘောကျင်းတွင် တည်ဆောက်နေပြီး သင်္ဘောတစ်စင်းလျှင် ခရီးသည် တစ်ထောင်ဆံ့ အဆင့်မြင့် နှစ်ထပ် သင်္ဘောများ ဖြစ်ကြောင်း သိရသည်။ ဆိပ်ကမ်း တံတားတွေ တည်ဆောက်ရင် နောက်ပိုင်း ခရီးစဉ်တွေကို ဒီဆိပ်ကမ်းက ပြေးဆွဲသွားမှာပါ။ ခရီးသည်တွေ အန္တရာယ် မဖြစ်ဖို့အတွက် စနစ်တကျ တည်ဆောက်သွားမယ် ဟု မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ MD ဦးကျော်မြင့် ကပြောသည်။ လက်ရှိ ပန်းဆိုးတန်း ဒလပြေးဆွဲနေသည့် သင်္ဘောများနှင့် ဆိပ်ခံတံတားတို့မှာ သက်တမ်းကြာမြင့်နေပြီ ဖြစ်၍ အဆင့်မြင့် သင်္ဘောသစ်များ ဆိပ်ခံတံတားသစ် များနှင့် အစားထိုး ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
နေရာရွှေ့တာ ပြဿနာ မရှိဘူး။ သင်္ဘောသစ်တွေ ပြေးဆွဲရင် ကုန်ပစ္စည်းတင်ခွင့် မပေးသင့်ဘူး။ အခုရုံးချိန်ကြီးမှာ အဲဒီပစ္စည်းတွေ နဲ့တင် သင်္ဘောက ပြည့်နေပြီ၊ ဒါကြောင့် ခရီးသည်တွေ စိတ်အနှောင့်အယှက် ဖြစ်ရတယ် ဟု ဒလ-ရန်ကုန် နေ့စဉ် သွားလာနေသော မသော်တာလက် ကဆို သည်။ ယခုပြေးဆွဲနေသော ကူးတို့ သင်္ဘောနှစ်စင်းသည် တစ်နေ့လျှင် အခေါက်ရေ (၉၀) ခန့် ပြေဆွဲ နေပြီး၊ နေ့စဉ်လူဦးရေ တစ်သောင်းကျော်အား ပို့ဆောင်လျက် ရှိကြောင်း ပြည်တွင်းရေကြောင်း၏ စာရင်းများ အရ သိရသည်။
Credit To: Messenger News Journal
No comments:
Post a Comment