အောင်ရင်ငြိမ်း၏ စာအုပ်ကို ရုပ်ရှင် ထုတ်လုပ်ရေးတစ်ခုက ၀ယ်ယူလိုက်သည်ဟု သတင်းများထွက်ပေါ်လာသည်။
ထိုစာအုပ်ကို မကြာမီ ရုပ်ရှင်ရိုက်တော့မည်။ မင်းသားမင်းသမီးများ ရှာဖွေနေသည်ဟု ဆိုကြသည်။
ရုပ်ရှင် ဗီဒီယိုလောကကြီး တစ်ခုလုံး လှုပ်ရှားသွားတော့သည်။
မော်ဒယ်လောကကြီးလည်း လှုပ်ရှားသွားလေသည်။
ယခုရက်ပိုင်းအတွင်း တဟုန်ထိုး နာမည်ကြီးလာသူကတော့ အောင်ရင်ငြိမ်းပင်။
ခင်ဝင့်ဝါတို့၊ မိုးစက်ဝိုင် ထက်ပင် နာမည်ကြီးနေသည်။ ဖေ့ဘုတ်ပေါ်တွင်လည်း အောင်ရင်ငြိမ်း၊ အပြင်လောကတွင်လည်း အောင်ရင်ငြိမ်း။
မယ်လည်းမဟုတ်၊ မောင်လည်းမဟုတ်ဘဲ အောင်ရင်ငြိမ်း ဘာကြောင့် နာမည်ကြီးပါသနည်း။
သူရေးသော စာအုပ်ကြောင့်ဖြစ်လေသည်။
အောင်ရင်ငြိမ်းသည် ကဗျာဆရာဖြစ်သည်။ ယခုတော့ ၀တ္ထုဖြင့်နာမည်ကြီးလေပြီ။ အရပ်စကားဖြင့် ဆိုသော် ပေါက်သွားသည်။
ပေါက်လွန်းလို့လည်း သူ့စာအုပ်အကြောင်းစာတွေရေးပြီး ဂုဏ်ပြုနေကြရခြင်းဖြစ်သည်။ စာအုပ်နာမည်ကတော့ ခေါ်ရခက်သည်။
စိုပြေလည်း မခေါ်တတ်။ သို့သော် အောင်ရင်ငြိမ်းဆိုသည်နှင့် သူ့စာအုပ်ကို တန်းသိသည်။
ရတနာဝင်းထိန်၊ မန္တလာမောင်မောင်တုတ်တို့ ပြီးလျှင် အောင်ရင်ငြိမ်းပဲဟု ဆိုကြသည်။
သို့သော် ရတနာဝင်းထိန်ကို လူတိုင်းမသိ။ အောင်ရင်ငြိမ်းကိုတော့ လူတိုင်း သိသွားပြီ။
အောင်ရင်ငြိမ်း အရေးအသားတွေက ရဲရင့်လွန်းသည်။ ဖတ်သူတိုင်း ဟာကနဲ ဟင်ကနဲ ဖြစ်သွားကြသည်။
တကယ်တော့ စိုပြေလည်း မဖတ်ရသေး။ စာအုပ်က ရောင်းဈေး ၂၅၀၀ ဆိုသော်လည်း ပေါက်သွားသောကြောင့် ၈၀၀၀၊ ၁၀၀၀၀ ဖြစ်သွားသည်။
ဒါတောင် ၀ယ်လို့မရတော့။ ရတနာဝင်းထိန်တို့ကို အများကြီးကျော်တတ်သွားခြင်းဖြစ်သည်။
ရတနာဝင်းထိန်တို့က ပန်းဆိုးတန်းတွင် တစ်အုပ် ၅၀၀ ပဲ ပေးရသည်မဟုတ်ပါလား။
ရဲရင့်လွန်းသော အရေးအသားအောက်တွင် လူတွေ ပွဲဆူကုန်သည်။
အောင်ရင်ငြိမ်းကတော့ သူ့စာအုပ်နှင့်ပတ်သက်ပြီး အနုပညာ အသေခံဗုံးခွဲခြင်းဟု ဆိုသည်။
ဗုံးကတော့ ကွဲသွားသည်။ အောင်ရင်ငြိမ်းကတော့ မသေ။ ပိုလို့တောင် တောက်ပြောင်လာသည်။
ရဲရင့်သော အရေးအသားများကို ဆောင်းပါးရှင်တစ်ဦးက က ပြန်လည်ဖောက်သည်ချသည်။
အောက်ပါအတိုင်းဖြစ်သည်.....
“ သူ့ပေါင်နှစ်ဖက်ကြားထဲ ခေါင်းဝင်ပြီး ပစ္စည်းကို လျှာနဲ့ နမ်းဖို့
ဟန်ပြင်လိုက်တော့ ဘာမှမလုပ်ရသေးပဲ အရည်တွေ စိုရွှဲနေတာ တွေ့ရတယ်၊
သူ လိင်စိတ် နိုးကြားပြင်းထန်နေတဲ့ သဘောပါပဲ။ လျှာနဲ့ စ နမ်းလိုက်တဲ့ အချိန်မှာ သူ့ကိုယ်လုံးလေး တစ်ချက် တွန့်သွားပြီး အနမ်းခံရတဲ့ အရသာကို ခါးကော့ ခံစားနေပါတယ်။”
“ သူ့ရင်သားနှစ်ဖက်ကို လက်နဲ့ ဆုတ်ကိုင်ပြီး ကျွန်တော့်ပစ္စည်းကို သူ့ပစ္စည်းထဲ ထိုးသွင်းလိုက်တဲ့ အချိန်မှာ သူ့ပေါင်တံ နှစ်ဖက်ကားလို့ ကျွန်တော့လက်တွေကို ဆုပ်ကိုင်ထားပါတယ်။” (စာ- ၃၈)
“ အိပ်ယာပေါ်က ခေါင်းထောင်ထ၊ လက်ချောင်းတွေနဲ့ ကျွန်တော့်ပါးနှစ်ဖက်ကို ကိုင်ပြီး ကိုယ်ခန္ဓာကို သူ့ဆီ အတင်းဆွဲယူနေတယ်။ ကျွန်တော့်ပစ္စည်းကို ကြည့်လိုက်တော့ ငနဲက အကြောပြိုင်းပြိုင်းထ ထောင်မတ်လို့၊ ဒူးထောင်ကားထားတဲ့ သူ့ပေါင်တံ နှစ်ဖက်ကို အလိုက်သင့် တွန်းတင်ပြီး သူ့ပစ္စည်းထဲ ကျွန်တော့်ပစ္စည်း ထိုးသွင်းဖို့ ဟန်ပြင်လိုက်တယ်။” (စာ- ၆၃)
“ သူက လိင်မဆက်ဆံဖြစ်တာ ၄ နှစ်ကျော် ကြာမြင့်နေလို့ ထင်ပါရဲ့။ သူ့ပစ္စည်းက တကယ့် ဆယ်ကျော်သက် အပျိုစင်လို ပြန်ဖြစ်နေပြီး ကျွန်တော့်ပစ္စည်းက သူ့အထဲမှာ ပြည့်ကျပ် ညှပ်နေတယ်လို့ ထင်မိတယ်။ သူကလည်း ဘ၀မှာ မေ့လျော့ထားရတဲ့ လိင်အရသာကို အပြည့်အ၀ ခံစားလို့။” (စာ- ၁၃၇)
ထိုဆောင်းပါးရှင်၏ စာပုဒ်များကြောင့် အောင်ရင်ငြိမ်းလည်း ပိုလို့ပင် နာမည်ကြီးလေသည်။ ပျော်စရာကြီးဖြစ်သည်။ စာရေးဆရာအများအပြားကတော့ အောင်ရင်ငြိမ်းကို အားကျကြသည်။ နှစ်ပေါင်းများစွာ စာရေးလာသော်လည်း အောင်ရင်ငြိမ်းလောက် နာမည်ကြီးလာခဲ့။
ဒါကြောင့် အောင်ရင်ငြိမ်းကို အတုယူပြီး ရေးကြဖို့ ပြင်ဆင်လာကြသည်။ အချို့လည်း ရေးပင်ရေးနေပြီ။ နောက်လလောက်ဆိုလျှင် ထွက်လာဖို့ရှိသည်။ အောင်ရင်ငြိမ်းကို ပြန်ကြားရေးက တရားစွဲမည်ဟု သတင်းကြားသောကြောင့် နည်းနည်းငြိမ်နေကြခြင်းဖြစ်သည်။ တသက်လုံးပြန်ကြားရေးကို မကောင်းပြောလာခဲ့သူတို့ပင် ယခုတော့ ပြန်ကြားရေးကို ချီးကျူးကြသည်။ လုပ်ရပ်မှန်သည်ဟု ဆိုကြသည်။
သူတို့ကိုတော့ အောင်ရင်ငြိမ်းဘက်တော်သားတွေက ကွန်ဆာဗေးတစ်တွေဟု စွပ်စွဲကြပြန်သည်။
ပြန်ကြားရေးက တရားစွဲမည့် အခြေအနေကို ထုတ်ဝေသူအများအပြားနှင့် အွန်လိုင်းပေါ်တွင် အပြာစာပေရေးသားနေကြသူများကလည်း စောင့်ကြည့်နေကြပြန်သည်။
အခြေအနေကောင်းလျှင် စိုပြေပင်လျှင် ရတနာဝင်းထိန်၊ မန္တလာမောင်မောင်တုတ်၊ ဖိုက်တာကိုကို၊ တပ်ကြပ်ကြီး၊ စသည့် အပြာစာရေးဆရာများ၏ ၀တ္ထုများကို မူပိုင်ခွင့်ဝယ်ပြီး
စီးရီးလိုက် ထုတ်ရန် ကြံစည်နေကြသည်။
အချို့ကလည်း အွန်လိုင်းပေါ်ရှိ အပြာစာရေးဆရာတို့၏ စာပေများက ပိုလို့ပင် စကားလုံး အသုံးအနှုန်းရဲရင့်ကာ ဇာတ်လမ်းဇာတ်ကွက်ကောင်းသေးသည်ဟု ဆိုကြသည်။
ဒါကတော့ တရားဝင်ထွက်လာမှ ကြည့်ရမည်။ မကြာမီ တရားဝင် ထွက်လာဖို့လည်း အခြေအနေရှိသည်။
အောင်ရင်ငြိမ်း၏ အနုပညာဗုံးက လူတိုင်းကို ထိမှန်သည်။
များသောအားဖြင့် ဗုံးဒါဏ်မိသူတို့ ထုံးစံအတိုင်း အော်ကြ၊ ဟစ်ကြသည်။ ဆဲကြ ဆိုကြသည်။
အချို့လည်း ဂျူး၏ အမှတ်တရဆိုသည့် စာအုပ်ကို ပြန်လည် ထောက်ပြကြသည်။ ဂျူး တုန်းကလည်း ဝေဖန်ခံရသည်ပေါ့။
သို့သော် ဂျူးတုန်းတော့ လိင်ဆက်ဆံခန်းမပါ။
အောင်ရင်ငြိမ်းကို အပြာစာအုပ်ရေးသမား ဟု ဝေဖန်သူများကို စာသေချာ မဖတ်သူများဟု အောင်ရင်ငြိမ်းနှင့် ဒီမိုကရေစီဘက်တော်သားများက ပြန်လည်ဝေဖန်လိုက်ပြန်သည်။
စာအုပ်ထဲမှာပါသည့် အိုရှိုး၏ ဒဿနတွေ၊ ဘာထရန်ရပ်ဆဲ၏ ဒဿနတွေကိုတော့ မဖတ်ကြဟု ဆိုသည်။
တကယ်တော့လည်း အိုရှိုးတို့၊ ဘာထရန်ရပ်ဆဲတို့ ဒဿနတွေက ဘယ်စာအုပ်မှာပဲ ဖတ်ဖတ် ဖတ်လို့သည်။ ရိုးပင်ရိုးနေပြီ။
ဒါကြောင့် အောင်ရင်ငြိမ်းသည် ဒဿနပညာရှင်တွေကို ဗန်းပြပြီးလုပ်စားသူဟု ဆိုပြန်လေသည်။
ဘာပဲဖြစ်ဖြစ် စာအုပ်ကလည်း တရားဝင်ထွက်လာပြီ။ ဖတ်သူတွေလည်း ဖတ်ပြီးကြပြီ။
ကြိုက်သူတွေလည်း ကြိုက်ကြသည်။ ကြိုက်သော်လည်း ယဉ်ကျေးမှုနှင့် မကိုက်ဟု ဆိုကြသူလည်း ဆိုကြသည်။
မကြိုက်သော်လည်း တိုးတတ်လာသော စာပေမို့ ကြိုဆိုသူတို့ကလည်း ကြိုဆိုကြသည်။
မသေချာသေးသော အတွင်းစကားများအရ မကြာမီ ရုပ်ရှင်ရိုက်တော့မည်ဖြစ်သော ထိုစာအုပ်ကို မင်းသားမင်းသမီးများကလည်း အပြေးအလွှားဝယ်ဖတ်နေကြပြီ။
မင်းသားအဖြစ် သရုပ်ဆောင်ခြင်သူတို့ကလည်း တန်းစီနေကြပြီ။ ပရိတ်သတ်များကလည်း ဘယ်သူတွေမင်းသားဖြစ်ပြီး ဘယ်သူတွေ မင်းသမီးဖြစ်မည်ကို စောင့်နေကြပြီ။
ပရိတ်သတ်များကတော့ မင်းသားဖြစ်လာမည့်သူကို တခုပဲမှာသည်။
“မင်းသား လျှာဇောင်းထက်ဖို့လိုတယ်” ဟူ၍ဖြစ်သည်။
စိုပြေ
10:19 PM 6/24/2014

No comments:
Post a Comment