Thursday, June 26, 2014

MAF vs BAF

OppositEyE 




၁၉၇၁ခုနှစ်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်သူတို့ ၏လေတပ်ကိုထူထောင်ခဲ့ပြီးမဟာရာဂျာတစ်ဦးမှထူထောင်ကာ
စလေတပ်အတွက်ဒါကိုတာလေယာဉ်တစ်စီးအော်တာ လေယာဉ်လေးစီးနှင့်ရဟတ်ယာဉ်တစ်စီးတို့ ကိုကူညီ
ထောက်ပံ့ပေးခဲ့သည်။လေတပ်အင်ဂျင်နီယာများကဒါကိုတာလေယာဉ်တွင် ပေါင်ငါးရာအထိလက်နက်ချိတ်ဆွဲ
တိုက်ခိုက်နိုင်ရန်အတွက်ကြံဆောင်ခဲ့သော်လည်းမအောင်မြင်ပဲVIPသယ်ပို့ တာဝန်ကိုသာထမ်းဆောင်ခဲ့သည်။
တစ်စီးတည်းသောရဟတ်ယာဉ်ကိုရော့ကတ်ဒ်များပစ်လွတ်နိုင်အောင်ပြုလုပ်ခြင်းစက်သေနက်ကြီးများတပ်ဆင်
ခြင်းများပြုလုပ်ခဲ့ပြီးစစ်ဆင်ရေးအတွက်အသုံးပြုခဲ့ပါသည်။


အရှေ့ ပါကစ္စတန်မှခွဲထွက်ပြီးနောက်ပိုင်းတွင်ဆိုဗီယက်(ယခုရုရှား)မှMig21တစ်ယောက်မောင်းဆယ်စီးနှင့်
နှစ်ယောက်မောင်းနှစ်စီးအားလက်ခံရရှိခဲ့ပါသည်။လက်နက်များဆက်စပ်ပစ္စည်းများအားတရုတ်မှဝယ်ယူခဲ့ပါ
သည်။ထို့ နောက်အစိုးရမှလေတပ်ဖွံ့ ဖြိုးရေးအတွက်ကူညီပံ့ပိုးပေးပြီးအီရန်။ပါကစ္စတန်။ဂျော်ဒန်။တရုတ်စ
သည့်နိုင်ငံများသို့ သင်တန်းများစေလွတ်ခဲ့ပါသည်။၁၉၈၀ခုနှစ်နှောင်းပိုင်းတွင်တရုတ်မှF6အမျိုးအစားတိုက်
လေယာဉ်များလက်ခံရရှိခဲ့ပါသည်။၁၉၉၁ခုဆိုင်ကလုန်းမုန်တိုင်းတွင်ဘင်္ဂလားဒေ့ရှ်လေတပ်မှလေယာဉ်အ
တော်များများဆုံးရှုံးခဲ့ရာထိုထဲတွင်F6အရေအတွက်အတော်များများပါဝင်သွားခဲ့ပါသည်။ထို့ နောက်ပိုင်းတွင်
တရုတ်မှA5Cဗုံးကြဲလေယာဉ်များ၁၂စီးဝယ်ယူခဲ့ပါသည်။ထိုအထဲတွင်နှစ်စီးမှပျက်ကျသွားခဲ့ပြီး၁၀စီးသာ
ကျန်ရှိနေပါသည်။F6အမျိုးအစား၆စီးကျန်ရှိခဲ့ရာA5လေယာဉ်အတွက်လေ့ကျင့်ရေးပြုလုပ်ရန်သာအသုံးပြုလျက်
ရှိပါသည်။၂၀၀၆ခုနှစ်တွင်တရုတ်နိုင်ငံမှF7အမျိုးအစားကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်များအားဝယ်ယူခဲ့ပြီး
BGIအဖြစ်အဆင့်မြှင့်တင်ခဲ့ပါသည်။၂၀၁၃ခုနှစ်တွင်နောက်ထပ်F7BGI၁၆စီးထပ်ရောက်လာခဲ့ပြီးစုစုပေါင်း
F7BGI ၃၂စီးရှိပြီဖြစ်သည်။သူတို့ သတင်းများတွင်F7BGIများကို 4th generation ဟုဖော်ပြနေသော်လည်း
တကယ်တမ်းတွင်3rd generation fighterသာဖြစ်သည်။F7BGIများအနေဖြင့်ရေဒါပိုမိုကွာဝေးစွာထောက်
လှမ်းနိုင်ပြီးပိုမိုအဆင့်မြင့်သောလေယာဉ်ပစ်ဒုံးများပစ်ခတ်နိုင်သည်။C704သဘောင်္ဖျက်ဒုံးအားပစ်ခတ်နိုင်
သည်အထိစွမ်းဆောင်ရည်ရှိသော်လည်3းth generation fighterအဖြစ်သာသတ်မှတ်
နိုင်မည်ဖြစ်သည်။အချို့ ဘင်္ဂလားဒေ့ရှ်စစ်ဖက်ဆိုင်ရာသတင်းများတွင်F7BGIများကို4.5generation fighterအဖြစ်အဆင့်မြှင့်တင်မည်ဟုဖော်ပြကြခြင်းမှာရူးမိုက်ပြီးအခြေအမြစ်မရှိချေ။ဘင်္ဂလားဒေ့ရှ်လေတပ်
သည်A5Cများကိုအဆင့်မြှင့်တင်ရန်ကြိုးပမ်းခဲ့ဖူးပြီးပိုမိုတာဝေးပျံသန်းနိုင်ရန်ရေဒါပြောင်းလဲတပ်ဆင်ရန်။
လက်နက်ပိုချိတ်နိုင်ရန်စသည့်ရူးနှမ်းနှမ်းလုပ်ရပ်များအတွက်ကြိုးပမ်းခဲ့ဖူးသည်။သို့ သော်အလွန်အမင်းဟောင်း
နွမ်းနေပြီးခေတ်နောက်ကျနေခဲ့သောလေယာဉ်များကြောင့် လက်လျှော့လိုက်ရသည်။1999ခုနှစ်တွင် ရုရှားနိုင်ငံမှMig29UBအတန်းအစား၆စီးနှင့်Mig29Bအတန်းအစား၂စီးကိုလက်ခံရရှိခဲ့သည်။မူလက၁၆စီးဝယ်
ရန်စီစဉ်ထားသော်လည်းဘက်ဂျက်အခက်အခဲကြောင့်လျှော့ချခဲ့ရသည်။ယခုအခါထို လေယာဉ်များကို SMTသို့ အဆင့်မြှင့်တင်မည်ဟုဖော်ပြကြသော်လည်းဖြစ်မလာသည်မှာကြာပြီဖြစ်သည်။Trainerများအနေဖြင့်
L-39၇စီး။PT6 လေယာဉ်၂၄စီးရှိနေသည်။အမေရိကန်မှရရှိထားသောC130အမျိုးအစားသယ်ပို့ လေ
ယာဉ်ကြီးများရှိသော်လည်းUNနှင့်သာတွဲဖက်တာဝန်ထမ်းဆောင်နေသည်။Antonov AN32သယ်ပို့ လေယာဉ်သုံးစီးရှိပြီးVIPအတွက်သုံးသည်။MI17သယ်ပို့ ရဟတ်ယာဉ်များ၁၈စီးရှိနေပြီး
Bell212ရဟတ်ယာဉ်၁၃စီးလည်းတာဝန်ထမ်းဆောင်နေသည်။တိုက်ခိုက်ရေးရဟတ်ယာဉ်ဟူ၍သီးသန့် မရှိပဲ
Mi17များကသာအနီးကပ်ပစ်ကူပေးတာဝန်ယူထားသည်။Mi171Shအမျိုးအစားရဟတ်ယာဉ်ငါးစီးအား၂၀၁၄
ခုနှစ်အတွင်းမှာယူထားခဲ့သည်။အနာဂတ်အစီအစဉ်များအနေဖြင့်Yak130 လေယာဉ်၁၂စီးအားမှာကြားထားပြီး
၂၀၁၅တွင်ရောက်ရှိမည်ဟုခန့် မှန်းထားသည်။



မြန်မာ့တပ်တော်(လေ)
MAFဟုဆိုလိုက်သည်နှင့် မပါမဖြစ်ပြောရသည်မှာရုရှား၏Mig29Fulcrumများပင်ဖြစ်သည်။Myanmar Airforceဟုဆိုသည်နှင့်အရှေ့ တောင်အာရှ၏အကြီးဆုံးFulcrum Familyကြီးကိုပြေးမြင်မှာဖြစ်သည်။
ထိုသို့ ဆိုနိုင်လောက်အောင်လည်းMAFသည်အဆင့်မြင့်လှသောMig29မျိုး
ကွဲစီးရေများစွာပိုင်ဆိုင်ထားခြင်းဖြစ်သည်။၂၀၀၂ခုနှစ်ယိုးဒယားနှင့်နယ်စပ်ပြသနာဖြစ်ပွားပြီးချိန်တွင်လေတပ်ကို
အဆင့်မြှင့်တင်ရန်အတွက်ကြိုးပမ်းခဲ့ပြီးMig29Bအမျိုးအစားလေယာဉ်၁၂စီးကိုMig29UBနှစ်ယောက်မောင်း
အမောင်းသင်အမျိုးအစား၆စီးနှင့်အတူလက်ခံရရှိခဲ့သည်။ထို့ နောက်ချုပ်ဆိုထားသောစာချုပ်များအရMig29များ
ထပ်မံရောက်ရှိလာပြီးထိုအထဲတွင်SEအတန်းအစားများပါဝင်ခဲ့သည်။နောက်ဆုံးအသုတ်အနေဖြင့်ထပ်မံရောက်
ရှိခဲ့သောMig29များအပါအဝင်MAFတွင်Mig29၃၈စင်းအထိရှိနေခဲ့ပြီဖြစ်သည်။ထို့ အပြင်ပထမဦးစွာရောက်ရှိလာ
ခဲ့သောMig29Bများမှအချို့ အားSEအဆင့်သို့ တိုးမြှင့်ခဲ့သည်။ယခုအခါMig29များအားSMTအဆင့်တိုးမြှင့်ရန်စဉ်း
စားနေပြီဖြစ်သည်။MAFတွင်အဓိကတိုက်ခိုက်ရေးလေယာဉ်မှာMig29ဆိုလျှင်အဓိကကြားဖြတ်တိုက်လေယာဉ်
မှာF7IIKများဖြစ်သည်။သူ့ ခေတ်သူ့ အခါကအကောင်းဆုံးဟူသောထိုလေယာဉ်သည်ယခုလဲအမြန်နှုန်းတွင် သရဖူဆောင်းနေဆဲလေယာဉ်ဖြစ်သည်။BAF၏F7BGIများကဲ့သို့ အဆင့်မြှင့်ထားခြင်းမဟုတ်သော်လည်းကောင်း
စွာယှဉ်ပြိုင်နိုင်စွမ်းရှိသောကြားဖြတ်တိုက်လေယာဉ်ဖြစ်သည်။3th generation အမျိုးအစားများဖြစ်ပြီး
အရေအတွက်အားဖြင့်၆၀ခန့် အထိပိုင်ဆိုင်ထားသည်။အဆိုပါလေယာဉ်များသည်သက်တမ်းအိုမင်းနေပြီဖြစ်၍
နောက်ထပ်တစ်နှစ်လွန်ရောကျွံ့ ရောတစ်နှစ်ခွဲခန့် အထိသာတာဝန်ထမ်းဆောင်နိုင်တော့မည်ဖြစ်ပြီးMAFအ
တွက်နောက်ထပ်Fighterတစ်မျိုးမျိုးအားမျှော်လင့်နိုင်ပြီဖြစ်သည်။မြေပြင်တိုက်ခိုက်ရေးအတွက် တရုတ်နိုင်ငံမှA5Cများအစီး၂၀ဝယ်ယူခဲ့ပြီးထိုလေယာဉ်များသည်လည်းဟောင်းနွမ်းနေပြီဖြစ်၍မကြာမီသေချာ
ပေါက်အစားထိုးရတော့မည်ဖြစ်သည်။လေ့ကျင့်ရေးအတွက်PT6 Basic Trainerအစီး၃၀နှင့် K8Wအမောင်းသင်ဂျက်တိုက်လေယာဉ်များကိုMAFအနေဖြင့်ဝယ်ယူဖြည့်တင်းခဲ့ပြီးလေသူရဲများအတွက်အ
ထောက်အကူဖြစ်စေခဲ့သည်။KIAနှင့်ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင်K8များအနေဖြင့်တာဝန်ကျေပွန်ခဲ့ပြီးအကောင်း
ဆုံးပစ်ကူပစ်အားပေးနိုင်ခဲ့သည်ကိုတွေ့ ရသည်။တိုက်ခိုက်ရေးရဟတ်ယာဉ်အနေဖြင့်ရုရှား၏Flying Tank ခေါ်MI35Pအမျိုးအစားစီးရေ၂၀ရှိနေပြီးနောက်ထပ်ထပ်မံဝယ်ယူထားသေးသည်ဟုသတင်းများထွက်ပေါ်
လာသည်။ထို့ အပြင် Mi2အမျိုးအစားတိုက်ခိုက်ရေးရဟတ်ယာဉ်၂၂စီးနှင့် PZL Sokhol အမျိုးအစားများ
လည်းပိုင်ဆိုင်ထားသေးသည်။သယ်ယူပို့ ဆောင်ရေးအတွက်Mi17အမျိုအစားများအစီး၂၀ခန့် အထိပိုင်ဆိုင်
ထားပြီးဖြစ်ပြီးY-8အမျိုးအစားအလတ်စားသယ်ယူပို့ ဆောင်ရေးလေယာဉ်ကြီးလေးစီး။Fokker F27 ပို့ ဆောင်ရေးလေယာဉ်များATR72အထူးသယ်ယူပို့ ဆောင်ရေးလေယာဉ်များလည်းပို့ ဆောင်ရေးအုပ်တွင်ပိုင်
ဆိုင်ထားပါသည်။


နှိုင်းယှဉ်ချက်များအနေဖြင့် 
MAFသည်အရေအတွက်အားဖြင့်ပိုသာသည်။လေ့ကျင့်ရေးအပိုင်းတွင်လည်းဖိဖိစီးစီးရှိသည်။BAFသည်နိုင်ငံ
နယ်နမိတ်ကျဉ်းသောကြောင့်လေ့ကျင့်မှူ့ တွင်အနည်းနှင့်အများကန့် သက်မှူ့ ရှိသည်။BAF၏ပင်မကျောရိုးမှာ
F7BGIဖြစ်ပြီးMAF၏F7IIKများထက်သာသော်လည်းMAF၏ပင်မကျောရိုးMig29SEများကိုယှဉ်ပြိုင်ရန်မလွယ်
ကူလှ။ရေဒါကအစကွာခြားနေသည်။ဘင်္ဂလားဒေ့ရှ်တို့ မည်မျှအမွန်းတင်နေပါစေ3rd generation သည်3rd generationသာဖြစ်သည်။ထို့ အပြင်F7BGI ၏ရေဒါ ဖမ်းယူနိုင်စွမ်းမှာ၇၅ကီလိုမီတာသာဖြစ်ပြီးအဆင့်မြင့်သောဝေဟင်ပစ်ဒုံးများပစ်ခတ်နိုင်သော်လည်းရေဒါစွမ်း
ဆောင်ရည်နိမ့်သောကြောင့်အလဟသက်သာဖြစ်သည်။Trainerများသည်လည်းMAFက K8Wဂျက်များဖြင့်စနစ်တကျလေ့ကျင့်သည်မှာကြာပြီဖြစ်သည်။BAFအနေဖြင့်ယခုမှYAK130ဝယ်ဖို့ လုံးပမ်းနေ
ဆဲ။တိုက်ခိုက်ရေးရဟတ်ယာဉ်များတွင် MAF၌Mi35p။Mi-2ဟူ၍သီးသန့် ရှိနေသည်။BAFတွင် Mi17များကိုတိုက်ခိုက်ရေးတွင်တွဲသုံးနေရသည်။Unguidedweaponsများသာပစ်နိုင်သည်။တိုက်ခိုက်ရေးရဟတ်
ယာဉ်သီးသန့် မရှိ။Future Plan အနေဖြင့်BAFသည်ဟိုးးးယခင်ကတည်းကPlan ချထားသည်မှာရှိသည်။ForcesGold2030ဖြစ်သည်။၂၀၃၀ခုနှစ်တွင် ဒေသအတွင်းအင်အားကြီးလေတပ်
တစ်ခုဖြစ်ရမည်ဟူ၍planဆွဲထားခြင်းဖြစ်သည်။ယခု၂၀၁၅ရောက်ပြီ။Yakများမှာယူထားသည်မှလွဲ၍SMT
အစီအစဉ်ပါပျောက်ဆုံးနေသည်။SMTရသည်ထားဦးMig29SMTနှစ်စီးလောက်ဖြင့်ဘာမှလုပ်မရ။MAFက
တော့ဖြည်းဖြည်းနှင့်ပုံမှန်သွားနေသည်။အနားပေးသင့်သည်များကိုအနားပေးသည်။အနားပေးလိမ့်မယ်။လိုအပ်
သလောက်ပဲဝယ်သည်။အရမ်းအကောင်းမဟုတ်တောင်ဒေသတွင်းမှာထိပ်တန်းဖြစ်အောင်ဝယ်သည်။ဥပမာအ
ရှေ့ ဘက်ကယိုးဒယားလေတပ်F16များထက်သာအောင်Migများဝယ်သည်။Mi35Pအမျိုးအစားသည်စင်္ကာပူ၏
ApacheLongbowပြီးလျှင်အာစီယံမှာအကောင်းဆုံးဖြစ်သည်။ထို့ အပြင်Mig29များကိုSMTသို့ အဆင့်မြှင့်ရန်
အလားအလာရှိခြင်း။ထပ်မံဝယ်ယူမည့်လေယာဉ်မှာMig35ကဲ့သို့ စတုတ္ထမျိုးဆက်လွန်တိုက်လေယာဉ်ဖြစ်ရန် အလားအလာရှိနေခြင်း။ရှိနေသည့်လေယာဉ်များအားတိုက်ပွဲဝင်စွမ်းအားမြင့်မားစေရန်AWA&C လေယာဉ်များ
ဖြည့်တင်းရန်အလားအလာရှိခြင်း။စသည်စသည်တို့ ကြောင့် ဘင်္ဂလားဒေ့ရှ်လေတပ်အနေဖြင့်ရေရှည်တွင်ယှဉ်ပြိုင်ရန်မလွယ်ကူပါ။ကျနော် လေတပ်ဆိုင်ရာအခေါ်အဝေါ်များ
အသုံးအနှုန်းများကိုသာမာန်သာနားလည်ထားပါသည်။ယခုဖော်ပြသည်များမှာကျနော့်အမြင်သက်သက်
သာဖြစ်ပြီးအချက်အလက်များလွဲမှားပါကကျနော့်အမှားများသာဖြစ်ပါသည်။
ဆန္ဒနှင့်ဘဝတစ်ထပ်ထဲကျပါစေဗျာ။

ADMIN Arthrum
ပုံပိုင်ရှင်များအားလေးစားစွာမှတ်တမ်းတင်ပါသည်ခင်ဗျာ

Credit-Myanmar Armour Corps

OppositEye

No comments: