Saturday, June 28, 2014

ဓာတုစွမ်းအင်လောင်စာသုံး မော်တော်ကားတွေကို ရောင်းချမယ့် တိုယိုတာကုမ္ပဏီ

ဇွန်၊၂၇ရက်။
တိုယိုတာကုမ္ပဏီဟာ ဓာတုဗေဒဓါတ်ပြုခြင်းကနေ လောင်စာထုတ်ပေးမယ့် ဘက်ထရီတွေတပ်ဆင်ထားတဲ့ လူသုံးကားတွေကို စတင်ရောင်းချတော့ မှာဖြစ်ပါတယ်။ တိုယိုတာကုမ္ပဏီဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်စေတဲ့ မော်တော်ယာဉ်ဈေးကွက်ကို ဦးဆောင်ဖို့အတွက် ဓာတုစွမ်းအင်လောင်စာသုံး
မော်တော်ကားတွေကို နောင်နှစ်မတ်လမှာ ဒေါ်လာ(၇)သောင်းနဲ့ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။
Fuelcell မော်တော်ကားတွေဟာ ဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင် ဓာတ်ပြုပြီး ထွက်လာတဲ့ လျှပ်စစ်စွမ်းအင်နဲ့မောင်းနှင်တဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုက် မထုတ်လုပ်တဲ့ ကားအမျိုးအစားလည်းဖြစ်ပါတယ်။
တိုယိုတာဟာ လွန်ခဲ့တဲ့ (၁၂)နှစ်ကစပြီး အလားတူ မော်တော်ကားတွေကို တစ်လဒေါ်လာ (တစ်သောင်းနှစ်ထောင်) နဲ့လည်း ငှားရမ်းခဲ့ဖူးပါတယ်။
ဒါပေမယ့် ဈေးနှုန်းကြောင့်အစိုးရဌာနတွေကလွဲပြီးသုံးစွဲသူသိပ်မရှိခဲ့တာကြောင့် အခုအခါ တိုယိုတာကုမ္ပဏီဟာ ကားအရည်အသွေးမကျစေဘဲနဲ့ ဈေးကြီးတဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားခဲ့ပြီး အနည်းငယ်ဈေးသက်သာအောင်ပြုလုပ်ကာ ဈေးကွက်ထဲကို နောက်တစ်ခါတင်ပို့ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ သူ့ရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ ဟွန်ဒါနဲ့နစ်ဆန်းကုမ္ပဏီတွေကလည်း လာမယ့် နှစ်အနည်းငယ် အတွင်း ဓါတုစွမ်းအင်လောင်စာသုံးကားတွေကို
ထုတ်လုပ်သွားဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။
Source;Toyota.com

Posted via Blogaway

No comments: