Monday, June 23, 2014

ရခိုင်လွှတ်တော် အရေးပေါ် ခေါ်ယူမည်

ရခိုင်ပြည်နယ် လွှတ်တော်အား  အရေးပေါ် ခေါ်ယူ၍ အစည်းအဝေး ကျင်းပရန် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် များထံ အကြောင်းကြားထားပြီး၊ ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပမည်ဟု သိရသည်။ ထိုအစည်းအဝေး၌  ပြီးခဲ့သည့် ရက် ပိုင်းက နှုတ်ထွက်သွားသော ပြည်နယ် ၀န်ကြီးချုပ် နေရာတွင် ၀န်ကြီးချုပ်သစ် တဦး ခန့်အပ်သွားနိုင်ဖွယ်ရှိသည်။
နှုတ်ထွက်သွားသည့် ရခိုင် ၀န်ကြီးချုပ် ဦးလှမောင်တင် နေရာတွင် နယ်စပ်ရေးရာ ဒု ၀န်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းအား ခန့်အပ်မည်ဟု သတင်းများထွက်ပေါ်နေသည်။ ဗိုလ်ချုပ် မောင်မောင်အုန်းအား ရခိုင်ပြည်နယ် လွှတ်တော်၏ တပ်မတော် သား ကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်ကြောင်း ဇွန်လ ၂၁ ရက်နေ့ ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြခဲ့ကြသည်
Irrawaddy

No comments: