အီရတ်နို်င်ငံအတွင်း အိုင်အက်စ်အိုင်အယ်လ်သူပုန်တွေက မြို့တော်ဘဂ္ဂဒက်ကို ချီတက်ခဲ့အပြီး အရင်အပတ်က လူ ၅ သိန်းကျော် အိုးအိမ် စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ပြန်ပေးဆွဲမှု၊ လူမျိုးရေးလက်စားချေမှုတွေနဲ့ သတ်ဖြတ်မှုတွေကြောင့် ထိန်းမနိုင်သိမ်းမရ ကြောက်စိတ်မွှန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တာပါ။
အခြေခံ ခိုလှုံစရာဒုက္ခသည်စခန်းတွေကို စီစဉ်ပေးထားပေမယ့် အပူချိန်လွန်ကဲမှုတွေ ကြောင့် နေရခက်နေတယ်လို့ ဆိုပါတယ်။
ဒုက္ခသည် အာဘတ်စ်အလီကတော့ ချက်စရာ ဓာတ်ငွေ့မရှိ၊ လျှပ်စစ်မရှိနဲ့ မီးတွေ ဘေးကင်းရေးလဲ စိုးရိမ်တယ်လို့ ပြောပါတယ်။
ဆွန်နီစစ်သွေးကြွတွေရဲ့ အခက်အခဲတခုက အရင် အပတ်က ရေနံမြို့ ကာကွတ်ကို သိမ်းပိုက်အပြီး အင်အားကြီးလာတဲ့ ကာဒ့်သူပုန်တွေရဲ့စစ်တပ် ဖြစ်ပါတယ်။
ကာ့ဒ်သူပုန်တွေရဲ့ လွတ်လပ်တဲ့ ကာဒစ်စတန်နိုင်ငံ ထူထောင်ရေး ရည်မှန်းချက် ပိုခိုင်မာ လာနေပါတယ်။
ကာဒစ္စတန်ဒေသဟာ လုံခြုံရေးအခြေအနေ ပိုတည်ငြိမ်မှု ရှိလို့ အနည်းဆုံးဒုက္ခသည် ၂ သောင်းကို လက်ခံခဲ့တယ်လို့ အစီရင်ခံထားကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ဒေသတွင်းရုံးခွဲက ဆိုပါတယ်
DVB
No comments:
Post a Comment