လူသားချင်း စာနာထောက်ထားသည့် လှူဒါန်းမှု အစုစုကို အလွဲသုံးစား လုပ်နေသည့် စလင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဆိုပါလုပ်ရပ်ကို မသိချင်ဟန်ဆောင်နေသည့် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးတို့ကို အရေးယူပေးပါရန်... တိုင်ကြားစာ..
သို့
ဒီမိုဝေယံ ဒယ်ဒီတာခင်ဗျား
လူသားချင်းစာနာ ထောက်ထားသည့် လှူဒါန်းငွေများကို အလွဲသုံးစားပြုနေခြင်းကို
အရေးယူပေးပါရန်..

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊စေတုတÅရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊
လယ်ပြင်စုရပ်တွင် ၂၀၁၃ ခုနှစ်၊မေလ ၁၄ရက်နေ့က
မီးသင့်လောင်ခဲ့သဖြင့်အိမ်ခြေ(၈၈)စုဆုံးရှူံးမှုဖြစ်ခဲ့ပါသည်။

မြို့နယ်ချင်းဆက်စပ်သည့် စလင်းမြို့နယ်အုပ်ချုပ်ရးမှူးမှ
ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား ရပ်ကွက်/ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် အလှူခံကောက်စေခဲ့ပါသည်။ လတ်တလော ကောက်ခံရရှိငွေသား
၉၇ သိန်းကျော်နှင့် ဆန်၊ ဆီ၊ အ၀တ်အစား၊ ပန်းကန်ခွက်ယောက်များစွာ ရရှိခဲ့သဖြင့် မြို့နယ်ထွေအုပ်ရုံး
သို့ အပ်နှံခဲ့ကြ ပါသည်။

လက်ခံပြီး လက်ခံရရှိပြေစာလည်း မပေးပါ။
စလင်းမြို့နယ် အုပ်ချုပ်ရေးမှူးမှ ကောက်ခံရရှိငွေ ၉၇ သိန်းအား
စေတုတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ လယ်ပြင်စုရပ်မီးသင့်ပြည်သူများသို့
ယနေ့ထိပေးလှူခြင်းမရှိဘဲ ၄င်း၏ရုံးတွင် ရန်ပုံငွေ အဖြစ်ထားရှိပြီး
ကျန်အလှူပစ္စည်းများကိုလည်း ယနေ့တိုင်
စေတုတ္တရာမြို့နယ်သို့အကုန်ပေးပို့ခြင်း မရှိသေးပါ။

အလှူကောက်ခံ
ပေးကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်
အထောက်အကူအဖွဲ့များ အနေဖြင့် အဆိုပါသတင်းကြားသိရသည့်အခါ
ရပ်ကွက်/ကျေးရွာများသို့ မျက်နှာမပြရဲလောက်အောင် ဖြစ်နေပါသည်
ပြည်သူတို့မှလည်း မိမိတို့၏ချွေးနည်းစာထဲမှတတ်နိုင်
သလောက်လှူဒါန်းမှုအား မီးသင့်လောင်ပြည်သူများဆီသို့ အမှန်တကယ် မရောက်ရှိခြင်းအတွက် မကျေမနပ် ပြောဆိုနေကြပါသည်။

လူသားချင်း စာနာထောက်ထားသည့် လှူဒါန်းမှုအစုစုကို အလွဲသုံးစား လုပ်နေသည့် စလင်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဆိုပါလုပ်ရပ်ကို မသိချင်ဟန်ဆောင်နေသည့် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးတို့ကို အရေးယူပေးပါရန် ဒယ်ဒီတာမှ တစ်ဆင့်တိုင်ကြားအပ်ပါသည်။
စလင်းရပ်ကွက်/ကျေးရွာသားများ
ဦးမျိုးမျိုး၊ကန်ချောက်ရွာ၊ဖုန်း၀၉၄၀၁၆၄၇၁၃၆
ဦးစံထိုက်၊ညောင်ရွာ၊ဖုန်း၀၉၄၀၁၆၄၇၁၁၇
ဦးလောစံ၊ရွာမှတ်ရွာ၊ဖုန်း၀၉၄၀၁၆၇၆၂၇၂
ဦးကျော်ကျော်ဦး၊မိုးဝင်းရွာ၊ဖုန်း၂၅၆၁၄၅၀၄၂
ဦးခင်မောင်ဝင်း၊၈/စလန(နိုင်)၀၅၅၄၀၆၊ဆင်ဖြူကျွန်း
ဦးကျော်သိန်းဝင်း၊၈/စလန(နိုင်)၁၁၁၅၇၁၊သရက်ချဉ်ရွာ
ဦးစိုးနိုင်၊၈/စလန(နိုင်)၁၁၁၁၃၅၊ငှက်ပျောအိုင်ရွာ
ဦးတင်ရွှေ၊၈/စလန(နိုင်)၀၈၇၂၁၁၊ကန်တော်ရွာ
ဦးဝင်းအောင်၊၈/စလန(နိုင်)၀၄၃၈၄၆၊တမာချောင်ရွာ
ဦးငြိမ်းအောင်၊၈/စလန(နိုင်)၀၄၉၁၆၆၊ပေါင်းနားရပ်ကွက်
ဦးသန်းလွင်၊၈/စလန(နိုင်)၀၁၄၃၁၄၊ဆင်ဖြူကျွန်း
မအေးအေးနိုင်၊၈/စတရ(နိုင်)၀၂၁၈၇၃၊စေတုတ္တရာ

No comments:
Post a Comment