Monday, June 23, 2014

စီမံခန့် ခွဲ မှု ညံ့ဖျင်း သည့် ဦးသိန်စိန် နေရာ တွင် အခြား တစ်ယောက် နှင့် အစား ထိုး ရန် ဗိုလ်ချုပ် မှုးကြီး စီစဉ်နေ


စီမံခန့် ခွဲ မှု ညံ့ဖျင်း သည့် ဦးသိန်စိန် နေရာ တွင် အခြား တစ်ယောက် နှင့် အစား ထိုး ရန် ဗိုလ်ချုပ် မှုးကြီး စီစဉ်နေ
နိုင်ငံရေး ၊ လူမှုရေး ၊ သာသနာရေး ကိစ္စများ တွင် သာမက အစိုးရ အဖွဲ့  အား စီမံ ခန့် ခွဲ မှု များ တွင် ကသောင်း ကနင်း ဖြစ် ကာ ဦးနင်း ပဲ့ ထောင် ၊ ပဲ့ နင်း ဦးထောင် ဖြစ်နေသည့် သမ္မတ ဦးသိန်းစိန် နေရာ တွင် အခြား သူ တစ်ဦး နှင့် အစား ထိုး ရန် အစီအစဉ် ရှိ နေသည် ဟု ဗိုလ်ချုပ် မှုးကြီး သန်းရွှေ နှင့် နီးစပ် သူ တစ်ဦး က FNG ကို ပြောသည်။

တနင်္ဂနွေ နေ့  က စစ်တပ် ဘက် က ဗိုလ်ချုပ် တွေ ရော ၊ ကြံ့ခိုင်ရေး ပါတီ ခေါင်း
ဆောင် တွေ ရော ဗိုလ်ချုပ် မှုးကြီး ဆီသွား ကြတယ်။ ဦးသိန်းစိန် ရဲ့  သန္တိ သုခ ကျောင်း အရေး ကိုင် တွယ် ပုံ က အတော်မှား ယွင်း တယ်။ အခန့် မသင့် ရင် ပါတီ ကို သံယာနဲ့ ပြည်သူ ထောက်ခံ မှု ဆုံးရှုံး သွား နိုင်တယ် " ဆို ပြီး ပြော ကြတာ ပေါ့ ၊ ဗိုလ်ချုပ် မှုးကြီး က တော့ အေး ငါ ကြည့် စီစဉ် မယ် လို့  ပြောတယ် ဟု ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင် ထိပ်တန်း အရာရှိ ကြီး တစ်ဦးက FNG ကို ပြောသည်။
သုံး နှစ် သက်တမ်း သမ္မတ ဦးသိန်းစိန် လက်ထက် တွင် သွေးချောင်းစီး လူမျိုးရေး ဘာသာရေး ၊ အဓိကရုဏ်း များ ၊ အစိုးရ အဖွဲ့  အတွင်း လာဘ်စား မှု နှင့် မသမာ မှု များ ၊ တိုင်းရင်းသား လူမျိုးစု များ နှင့် လက်နက် ကိုင် တိုက် ပွဲများ များ ပြား လာသလို ၊ လယ်ယာ မြေ ပြသနာ နှင့် ရင်းနှီးမြုပ် နှံ မှု ဉ် သဘာဝ ပတ်ဝန်းကျင် သံယံဇာတ ထိခိုက် မှုများ တိုး ပွားလာသည်။
ရန်ကုန် မြို့  ရှိ ထင် ရှား သည့် သတင်းစာ ဆရာ တစ်ဦး ကမူ ၊ ဦးသိန်းစိန် လည်း ဦးဆန်းဆင့် နောက် လိုက် ရတော့မည် ဟု သုံးသပ်သည်။
မြန်မာ ဒီမိုကရေစီ ဖော်ဆောင်ရေး တွင် တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ဆောင်ရွက် ပေးခဲ့သည့် ဗိုလ်ချုပ် မှုးကြီး ဟောင်း
သည် တိုင်း ပြည် အာဏာ ကို ၁၀၀ ရာခိုင်နှုန်း ချုပ် ကိုင် ထားသည် ဟု အချို့  က ယူဆကြသည်။
သန္တိ သုခ ကျောင်း အရေး တွင် လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် သည် ပင် လျှင် ဦးသိန်းစိန်ကို သဘောမကျ ဟု သိရသည်။
ဦးသိန်းစိန် ၏ ၀န်ကြီး တစ်ပါး ဖြစ်သူ ဦးအောင်မင်း သည် လည်း ရာထူးမှ ဖယ်ရှား ခံရ မည့် သူများ စာရင်း တွင် ပါဝင်သည်
FNG EXCLUSIVE ( FNG သီးသန့် ရရှိသည့် သတင်း)

No comments: