Thursday, July 17, 2014

ကိုယ်ဟာကို လမ်းလျောက်ချင်တုန်းက လျောက်ပြီး ပြသနာဖြစ်လာမှ အစိုးရဆီမှာ တရားစွဲမယ်တဲ့(ဖြစ်ပုံ မြစ်ဆုံလမ်းလျောက်)


ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်ရေးစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးဖို့ ရန်ကုန်ကနေ မြစ်ဆုံကို လမ်းလျှောက်ခဲ့တဲ့အဖွဲ့ကို အလှူငွေထောက်ပံ့မှုနဲ့ပတ်သက်ပြီး လှူဒါန်းငွေတွေကို လိမ်လည်ခဲ့မှုနဲ့ လူ ၃ယောက်ကို တရားစွဲမယ်လို့ ဇူလိုင် ၁၆ရက်နေ့မှာ ပြောလိုက်ပါတယ်။

ရန်ကုန်ကနေ ကချင်ပြည်နယ် လိုင်ဇာအထိ လမ်းလျှောက်ရာမှာ ပါဝင်သူ အဖွဲ့ဝင် ၈ဝအတွက် စားစားရိတ်၊ ဆေးဝါးနဲ့ အဝတ်အထည်တွေကို အလှူရှင် ဦးမောင်မောင်သန်းက အပြည့်အဝ ထောက်ပံ့လှူဒါန်းခဲ့ပေမယ့် အဖွဲ့ခေါင်းဆောင် ဦးရဲထွဋ်ခေါင်နဲ့ ဇနီး၊ ဦးမြင့်ဝင်းမောင်တို့က စာရင်းတွေလိမ့်ခဲ့လို့ တရားစွဲဖို့ စီစဉ်နေပြီလို့ ပြောပါတယ်။

မြစ်ဆုံလမ်းလျှောက်အဖွဲ့အတွက် ဦးရဲထွဋ်ခေါင်က အလှူရှင် ဦးမောင်မောင်သန်းဆီ စာရင်းတင်တဲ့အခါမှာ စာရင်းတွေက လိမ်လည်ထားတာဖြစ်ပြီး စုစုပေါင်းငွေတန်ဖိုးက ကျပ် သိန်း၃ဝဝ ရှိတယ်လို့ ဆိုပါတယ်။ ဦးရဲထွဋ်ခေါင်က နိုင်ငံရေးပါတီထောင်ပြီး နိုင်ငံရေးလောကထဲ ဝင်ဖို့ပြင်နေလို့ ငွေပြန်လိုချင်လို့ မဟုတ်ဘဲ အမှန်တရားပေါ်စေဖို့ အခုလိုစီစဉ်တာလို့ ဆိုပါတယ်။

မြစ်ဆုံလမ်းလျှောက်အဖွဲ့ဟာ ရန်ကုန်မြို့ကနေ စတင်ခဲ့ပြီး မန္တလေးမြို့မှာ ဦးရဲထွဋ်ခေါင်ဦးဆောင်တဲ့အဖွဲ့က ခွဲထွက်ပြီး သီးခြားလမ်းလျှောက်ခဲ့ပြီး ကျန်အဖွဲ့က မန္တလေးကနေ မြစ်ဆုံကို သီးခြားလျှောက်ခဲ့ရာမှာ တချို့နေရာများမှာ ကားခိုးစီးကြသည့် ဓာတ်ပုံများ ပေါ်ထွက်လာ၍ ဝေဖန်မှုများရှိခဲ့ပါတယ်။

No comments: