တိုကျို ဇူလိုင် ၁၃ မြောက်ကိုရီးယား နိုင်ငံသည် ဂျပန်နိုင်ငံအနီးရှိ နှစ်နိုင်ငံ ရေပိုင်နက်အနီးသို့ ဒုံးကျည် နှစ်စင်းပစ်ခတ်ခဲ့ ကြောင်း ဂျပန်အစိုးရက ပြောကြားခဲ့သည်။
မြောက်ကိုရီးယား အစိုးရသည် အဆိုပါ ဒုံးကျည်များကို ၎င်းနိုင်ငံ အနောက်တောင်ပိုင်း ကေဇုံ စက်မှုဇုန်အနီးရှိ အတိအကျ ဖော်ပြခြင်း မရှိသည့်နေရာမှ ဇူလိုင် ၁၃ ရက် ဒေသ စံတော်ချိန် နံနက် ၁ နာရီ မိနစ် ၂ဝ နှင့် ၁ နာရီခွဲကြားတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒုံးကျည် များသည် ဂျပန်နှင့် ကိုရီးယား ကျွန်းဆွယ်တို့ကို ခွဲခြားထားသော ရေပိုင်နက် အတွင်းသို့ ကျရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုံးကျည်ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုနှင့် သေကျေဒဏ်ရာ ရရှိမှုများ မရှိသော်လည်း ယင်းသို့ လုပ်ဆောင်ခြင်းသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဂျပန် အစိုးရက ပြောကြား ခဲ့သည်။
မြဝတီ

No comments:
Post a Comment