လာမည့်-၂၀၁၅-ခုနှစ်မှာ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပမည်ဆိုသည် ။ မည်သည့်နေ့ တွင် ကျင်းပမည်ဟု မသိ ။ ပါတီများက ခုအချိန်ကပင် စည်းရုံးရေးလုပ်နေကြပြီ ။ ကြီးကြီးသေးသေး အားလုံးသောပါတီများက စည်းရုံးရေးဆင်းနေကြပြီ ။ တချို့ က ပါတီနှစ်ခု ဖြစ်နေကြရာမှ တပါတီဖြစ်အောင် ပေါင်းစည်းပြီး လှုပ်ရှားရန် တာစူကြသည် ။ အချို့ မှာ ပါတီပေါင်းစုံ ဆုံစည်းကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ပြီး ဖက်ဒရယ်ပြည်ထောင်စုပါတီအဖြစ် စုစည်းကြသည် ။
နိုင်ငံရေးပါတီများသည် စင်စစ်အားဖြင့် -၂၀၁၅-ခုနှစ် ရွေးကောက်ပွဲတွင်
ဝင်ရောက်ယှဉ်ပြိုင်ကြမည်မှာ သေချာသည် ။ ရွေးကောက်ပွဲတွင် အနိုင်ရသော
လွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့ ပါတီမှ လွှတ်တော်သို့ 
ပါဝင်တက်ရောက်လာတော့မည်ဖြစ်သည် ။ သည်အခါ -၂၀၁၅-ခုနှစ်သည် မြန်မာနိုင်ငံ၏
နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြီးစီးသွားပြီမို့  ၄င်းဖွဲ
့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီနိုင်ငံသစ်ဆီသို
ချီတက်သွားမည်ဟု ယေဘူယျ ပြောကြလိမ့်မည်ဖြစ်သည် ။
အင်မတန်ရိုးစင်းသော ဤနိုင်ငံရေး ကွင်းဆက်များကို ကျွန်တော်ဖြင့် လုံးဝဥသုံ မယုံကြည်ဖြစ်ချေ ။ အကြောင်းမှာ -၂၀၀၈-ခုနှစ် နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် တိုက်တွန်းကြသည် ။ ပြင်ဆင်ကြသည် ။ မပြင်ဆင်လိုသော ဥပဒေအချက်အလက်များကို လွှတ်တော်ပြင်ပတွင် ကြိုးစားရုန်းကန်နေကြသည် ။ ရှက်စရာ ကောင်းသော ပြသနာအကြီးမားဆုံး တခုမှာ လွှတ်တော်တွင် တက်ရောက်နေသော လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် မတင်ပြဘဲ ဘောလုံးကွင်းများမှာ ဥပဒေများကို ပြင်ရန်လိုသည်ဆိုပြီး ပြည်သူများရှေ့မှောက် အာဘောင်အာရင်းသန်ကာ လှုပ်ရှားနေကြခြင်းဖြစ်သည် ။ ဤလည်းအံ့ သြကုန်နိုင်ဘွယ်တပါး ဖြစ်ချေသည် ။
ညောင်နှစ်ပင် အမျိုးသားညီလာခံမှ ထွက်ပေါ်လာသော နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် အချိန်ကာလအားဖြင့် -၁၅-နှစ်မျှ ကြာမြင့်ခဲ့ သည် ။ ၄င်း-၁၅-နှစ်မျှ ကြာမြင့်ခဲ့ သော ဥပဒေကို ယခု-၂၀၁၀- ရွေးကောက်ပွဲအပြီး လွှတ်တော်ကိုယ်စားလှယ်များသည် လက်မခံ ပယ်ချကာ ပြင်ဆင်ရန် လိုလားကြတော့သည် ။ စင်စစ်မှာ ၄င်းဖွဲ့ စည်းပုံမှာ စစ်အစိုးရ၏ တဖက်သတ်ရေးဆွဲကြ၍ ဖြစ်သည်ဟု အမြင်သဘောထားကြောင့်ဖြစ်သည် ။
ဤသို့ ဆိုလျှင် ယခုကော မည်မျှအထိ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လွပ်လွပ်လပ်လပ် ရေးဆွဲတင်ပြလို့ ကော ရရှိနေသနည်း ။ အစိုးရက ပိတ်ဆို့ တားဆီးမှူတွေ ရှိနေသလား သို့ မဟုတ် အာဏာရပါတီက လွှမ်းမိုးမှူ ရှိနေသလား ဆိုသည်ကို ဆန်းစစ်ကြည့်ရန်လိုသည် ။ ဤသည်မှာ နိုင်ငံရေးကွင်းဆက်များကို အဓိက ကျားကန်ပေးခြင်းဖြစ်သည် ။
ညောင်နှစ်ပင်ညီလာခံက ဖြစ်ပေါ်လာသော -၂၀၀၈- ဖွဲ့ စည်းအုပ်ချုပ်ပုံသည် စစ်ရိပ်စစ်ငွေ့  မကင်းသလို ယခုရေးးဆွဲကြရသော ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံသည်လည်း စစ်ရိပ်စစ်ငွေ့  ကင်းသည် မဟုတ်ချေ ။ ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်ကို ဖက်ဒရယ်ပြည်နယ်များလွှတ်တော်က ဥပဒေမရေးဆွဲဘဲ စစ်ရိပ်စစ်ငွေ့  သန်းနေသော လွှတ်တော်က ရေးဆွဲနေ၍ ဤဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် စစ်မှန်သော နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတခုဖြစ်လာမည်ဟု ကျွန်တော်မယုံကြည် ။
စင်စစ်မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဆိုလျင် ပြည်နယ်ပေါင်းစု ညီလာခံ တခုကို မဖြစ်မနေ ပြုလုပ်ကျင်းပရမည် ဖြစ်သည် ။ ပြည်နယ်ပေါင်းစု ညီလာခံသည် ပြည်နယ်များ၏ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကို စုပေါင်းအဖြေရှာ ညှိယူရမည့် ညီလာခံဖြစ်ရန်လိုသည် ။ ထို့ ကြောင့် လာမည့်-၂၀၁၅-ခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် တိုင်းရင်းသားလူမျိုးများပါတီသည် ၄င်းပြသနာကို လေးလေးနက်နက် စဉ်းစားရမည်ဖြစ်သည် ။
ယနေ့ အထိ တိုင်းရင်းသားပါတီများသည် သူတို့ ၏ ပါတီဖွဲ့ စည်းပုံလောက်ကိုသာ ပြောဆိုနေသေးသည် ။ သူတို့ ၏ ပြည်နယ်တွင် လိုအပ်နေသော ဖွံ့ဖြိုးရေး- လုံခြုံရေး- စသည့် ပြသနာများကိုသာ အစည်းအဝေး ကျင်းပခြင်း-ညီလာခံပြုလုပ်ခြင်းများသာ ပြုလုပ်နေကြသည် ။ သူတို့ ပါတီ၏ မူဝါဒများ ပေါ်လီစီများကိုသာ ရေးဆွဲနေကြဆဲဖြစ်သည် ။
ပြည်နယ်ကို အုပ်ချုပ်လိုသော သူတို့ သည် မည်သည့်ပြည်နယ်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် အုပ်ချုပ်ရမည်ကို ခုအချိန်ထိ မစဉ်းစားကြသေးချေ ။ ပြည်နယ်အစိုးရဖွဲ့ စည်းခွင့်ရလာလျှင် အပေါ်ကကျလာသည့် မည်သည့်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် အုပ်ချုပ်ရမည်ကို နားမလည်သေးသည်မှာ နိုင်ငံရေးပညာပါး မ၀ခြင်းဖြစ်သည် ။
တိုင်းရင်းသားလူမျိုးများပါတီများသည် ယခုအချိန်ကပင်စပြီး ပြည်နယ်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲသင့်နေပြီဖြစ်
ကြောင်း ပြောချင်သည် ။ ပြည်နယ်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမရှိဘဲ မည်သည့်နည်းနှင့်မျှ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုသည်မှာ လုံးဝဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိချေ ။
ပြည်နယ်ပေါင်းစု ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံတွင် အဓိကျသည် ။ ထို့ ကြောင့် တိုင်းရင်းသားလူမျိုးများသည် မိမိတို့  ပါတီ၏ စည်းမျှဉ်းစည်းကမ်းများ-ပေါ်လီစီများ- သဘောတရားများ-မူဘောင်များ- တောင်းဆိုချက်များ-စီမံကိန်းများ- ဖွံ့ ဖြိုးရေးများကို ပြုလုပ်ရန် အစည်းအဝေးများ-ညီလာခံများထဲက ရုန်းထွက်ရတော့မည်ဖြစ်သည် ။ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပြည်နယ်များ၏ ရပိုင်ခွင့်များကို ထည့်သွင်းပါဝင်ရေးဆွဲရေးအတွက် တဆင့်ကျော်လွှားကာ နိုင်ငံရေးလုပ်တတ်ကြရန် အထူးလိုအပ်နေပြီ ဖြစ်ကြောင်း ပြောပြချင်တော့သည် ။ ဤသည်ကို နိုင်ငံရေးဟု ခေါ်ပါသည်။
ခိုင်အောင်ကျော် ( နယူးယောက် )

No comments:
Post a Comment