စစ်တွေမှာ သတင်းထောက်တွေလွတ်မြောက်ရေးအတွက် ဆုတောင်းပွဲပြုလုပ်ကြတယ်ဆိုတဲ့သင်တင်းကိုတွေ့ လိုက်မိပါတယ် အတွေးတခုလည်းချက်ချင်းဆိုသလိုဝင်လာတယ် သတင်းစာဆရာ စာနယ်ဇင်းဆရာတွေလို့ ပြောလိုက်တာနဲ့ ဦးနူပြော သော စကားတခွန်းကိုကျနော်အမှတ်ရလေ့ရှိသည် "ခင်ဗျားတို့ သတင်းစာကျွန်ပ် ဘယ်တော့မှမဖတ်ဘူး" ဟု သတင်း သမားများနှင့် မတည့်သည့်အကြောင်းကိုသူ့ ရဲ့ တာတေစနေသားစာအုပ်တွင်ဖတ်ဖူးသည်။
ကျနော့်အမြင်ကိုရိုးရိုးပြောရလျှင်သတင်းစာဆရာ စာနယ်ဇင်းဆရာများကိုအထင်ကြီး သည်ကားအမှန်ပင် သို့ သော် မကြိုက် မနှစ်သက်ပေ အများစုသတင်းစာဆရာများသည်ဘက်လိုက်သည် ဘက်မလိုက်သောသတင်းစာဆရာမရှိသလောက်ပင်
အခြား တဖက် မှာလည်း သတင်းစာကောင်းမှုကြောင့် ဖိနှိပ်သူအစိုးရများ၏ဖုံးကွယ်ထားသော စစ်ရာဇ၀တ်မှုများ ညှင်းပန်းမှုလူမဆန်စွာသတ်ဖြတ်မှုများကိုအများပြည်သူများသိလာခဲ့ကြသည့်သာဓကတွေလည်းရှိသည်
အခြား တဖက် မှာလည်း သတင်းစာကောင်းမှုကြောင့် ဖိနှိပ်သူအစိုးရများ၏ဖုံးကွယ်ထားသော စစ်ရာဇ၀တ်မှုများ ညှင်းပန်းမှုလူမဆန်စွာသတ်ဖြတ်မှုများကိုအများပြည်သူများသိလာခဲ့ကြသည့်သာဓကတွေလည်းရှိသည်
ဥပမာ အမေရိကန်သတင်းစာဆရာအဂ္ဂစနိုးသည် တရုတ်ပြည်သို့ သွားရောက်ပြီးကွန်မြူနစ်များ၏လှုပ်ရှားမှုများ ချိန်ကေချိတ် အစိုးရ၏ဖိနှိပ်သတ်ဖြတ်မှုများကိုကိုယ်တိုင်ကိုယ်ကျသွားရောက်သတင်းယူခဲ့သည့်အတွက် တရုတ်ပြည်သူတို့ ညှင်းပန်းနှိပ်စက်
ခံရပုံ အမေရိကန်အစိုးရရဲ့ ကမ္ဘာ့ပုလိပ်ကြီးလုပ်နေပုံများကိုအမေရိကန်ပြည်သူတွေသိအောင် "တရုတ်ပြည်ပေါ်မှကြယ်နီ" စာအုပ်ကိုရေးခဲ့သောကြောင့်ကမ္ဘာ့ပြည်သူအများစုကဖြစ်ရပ်အားလုံးလိုလိုကိုသိခွင့်ရခဲ့သည်
ခံရပုံ အမေရိကန်အစိုးရရဲ့ ကမ္ဘာ့ပုလိပ်ကြီးလုပ်နေပုံများကိုအမေရိကန်ပြည်သူတွေသိအောင် "တရုတ်ပြည်ပေါ်မှကြယ်နီ" စာအုပ်ကိုရေးခဲ့သောကြောင့်ကမ္ဘာ့ပြည်သူအများစုကဖြစ်ရပ်အားလုံးလိုလိုကိုသိခွင့်ရခဲ့သည်
ဆရာမကြီးလူထုဒေါ်အမာသည် ထိုစာအုပ်ကို"ဘ၀ချင်းမတူသည့်တရုတ်ပြည်" ဟုအမည်တပ်၍ဘာသာပြန်ခဲ့သည် အဂ္ဂစနိုး ထိုစာအုပ်မထုတ်ခင်သူ့ ကိုခွေးပင်သိပုံမရပါချေ သူလည်းတမဟုတ်ချင်းနာမည်ကြီးသွားသည် ဥက္ကဌမော်စီတုန်းလည်းဓါးပြနီ
အဖြစ်မှ ပြည်သူ့ တော်လှန်ရေးခေါင်းဆောင်အဖြစ်လူသိများလာခဲ့သည် ဒါကတော့ သတင်းစာဆရာများ ၏ကောင်းကွက် များထဲကတချက်ကိုဆွဲနူတ်ခြင်းပင်
အဖြစ်မှ ပြည်သူ့ တော်လှန်ရေးခေါင်းဆောင်အဖြစ်လူသိများလာခဲ့သည် ဒါကတော့ သတင်းစာဆရာများ ၏ကောင်းကွက် များထဲကတချက်ကိုဆွဲနူတ်ခြင်းပင်
ကလောင်သည်ကားစွမ်းပကားကြီးမားသည် မြန်မာနိုင်ငံတွင်သံလျင်တံတားကိုတရုတ်အကူအညီဖြင့်ဆောက်ပြီးသိပ်မကြာခင် တံတားပေါ်မှချစ်သူစုံတွဲများမကြာခဏခုန်ချသည့်ဖြစ်ရပ်များရှိခဲ့သည်အမှန်တော့သာမန်လူမှုရေးဖြစ်စဉ်မှစခြင်းမျှသာဖြစ်ပုံမှာ
ဂျာနယ်တခုမှမိဘများသဘောမတူသောချစ်သူစုံတွဲနှစ်ယောက်တံတားပေါ်ကခုန်းချပြီးဆုံးပါးသည့်သတင်းကိုရေးသည် သတင်းစာဆရာတဦးကရိုမီယို ဂျူးလီးယက် အဖြစ်ပျက်များကိုအချစ်သူရဲကောင်းများအဖြစ်တင်စားပြီး နှိုင်းယှဉ်ပြလိုက် အချစ် သူရဲကောင်းများအဖြစ်ဖန်တီးပြလိုက်လုပ်သောကြောင့်မိဘသဘောမတူသည်ကိုကြိုတင်သိ သည့်စုံတွဲချစ်သူများသည် မကြာခဏခုန်ချလာသောကြောင့် တံတားကို လုံခြုံရေးချပြီး အချိန်ကန့်သတ်ချက်များပြုလုပ်လိုက်ရသည်

ပြီးလျှင် ၂ ဦးတည်းဘယ်ချိန်မလာရစသည်ဖြင့်တားမြစ်ထားရသည်ဟုလည်းဆိုကြသည် ဆိုးရွားသည်မှာ သတင်း ခေါင်းကြီးပိုင်းတွင် သူရဲကောင်းဖြစ်အောင် ဖန်တီးထားသောကြောင့်ဖြစ်သည် သတင်းစာကားအလွန်အရောင်းသွက်လေပြီ
ကလောင်သွားကိုလိုသလိုရေးတတ်ပြီး သတင်းစာရောင်းသွက်အောင်လုပ်နိုင်သည့်သတင်းစာဆရာများပင် မည်သို့ ပင်ဖြစ်စေ လူထုအကျိုးပြုသတင်းစာဆရာနှင့်အခြားဆန့် ကျင်ဘက်သတင်းစာဆရာများကိုခွဲခြားသိနားလည်အောင်ကြိုးစားမိသည် ဥပမာ
သံမဏိလင်းယုန်အဖြစ်နာမည်ရခဲ့သည့် လင်းယုန်ဂျာနယ်ထုတ်ဝေသူသတင်းစာဆရာဗန်းမော်တင်အောင်သည် မသေခင်အထိ လူထုအကျိုးကိုပြုသွားခဲ့သည် ဆရာဗန်းမော်တင်အောင်၏ဇနီးဆိုလျှင် ဆရာဗန်းမော်တင်အောင်ကိုအလွန်အထင်သေးသည်
အမှန်တော့ လူထုအကျိုးကိုသာပြုနေပြီးမိသားစုကိုမငှဲ့ကွက်ဆိုသည့်အမြင်ကြောင့်ပင်

သို့ သော် ဆရာဗန်းမော်တင်အောင်၏အသုဘသည် ကြက်ပျံမကျစည်ကားသောအသုဘဖြစ်ခဲ့သည် သူ၏ဇနီးဆိုလျှင်" ကျမရှင့်ကိုနားလည်ပါပြီ" ဟုဈာပနတွင်ကြေကွဲဆို့ နင့်စွာဖြင့်ငိုခဲ့သည် အသုဘကိုလာသော အလွှာအတန်းစားများကို ကြည့်၍ကြက်သီးထမိသည်ဟု နောက်မှပြောကြောင်းသိရသည် ဒါကတော့လူထုအကျိုးကိုပြုသည့်သတင်းစာဆရာ အကြောင်းပင် တာရာဂျာနယ်ကိုထုတ်ဝေခဲ့သည့်ဆရာဒဂုန်တာရာကဲ့သို့ သူများလည်းပြည်သူ့ အတွက် အကျိုးပြုသည့် သတင်းစာဆရာများလည်းရှိပါသည်သို့ သော်နည်းသည်
မြန်မာနိုင်ငံတွင် ပဋိက္ခကြီး ၂ ကြိမ်ရခိုင်တွင်ဖြစ်ပွားခဲ့သည် အခြားမန်းတလေးအပါအ၀င်မြို့ ကြီးမြို့ လတ်များတွင်လည်း ရခိုင်မှာကဲ့သို့ ပင်ဖြစ်ပွားခဲ့သည် သို့ သောအများစုသတင်းစာများ ဂျာနယ်များသည်ဘက်လိုက်ခဲ့ကြသည် ပြသနာ ကိုကြီးထွားအောင်လုပ်ခဲ့ကြသည် အနည်းစုသတင်းစာသည်သာလျှင်ပြည်သူ့ နှင့်ရပ်တည်ခဲ့သည် ယခုစစ်တွေ
မှာ သတင်းသမားများအတွက်ဆုတောင်းပွဲလုပ်နေသည့်သတင်းကိုဖတ်ရ၍ ရခိုင်သားများကိုလည်း အလွန်အံသြမိသည် မိမိသည်လည်းရခိုင်ပင်တည်း
မှာ သတင်းသမားများအတွက်ဆုတောင်းပွဲလုပ်နေသည့်သတင်းကိုဖတ်ရ၍ ရခိုင်သားများကိုလည်း အလွန်အံသြမိသည် မိမိသည်လည်းရခိုင်ပင်တည်း
သို့ သော် လှေနံနှစ်ဖက်နင်း၍တော့မရပ်တည်ချင်ပေ သူတို့ သည်ကျနော်တို့ ကိုအကြိမ်ကြိမ်ထိုးနှက်ခဲ့သည် အကြိမ် ပေါင်းများစွာ နာကျင်ခဲ့ရသည့်ရခိုင့်လူမှုဘ၀ကိုအများစုသတင်းသမားများကမစာနှာခဲ့ကြပါ ရခိုင်ဘ၀၏ခါးသီးမှုကိုရခိုင်တဦးတည်း ၂ ကြိမ်တိုင်တိုင်ခါးစည်းခံခဲ့ရသည်ပီးဆပ်လိုက်ရသည့်သွေးတွေ ကြေကွဲခံရသည့်နှလုံးသားတွေ နှိမ့်ချစော်ကားခံရသည့် ဖြစ်စဉ်တွေကျနော်တို့ အသက်ရှင်သမျှမေ့နိုင်မည်မဟုတ်ပေ
လက်ဆင့်ကမ်းအဖြစ်လည်းမျိုးဆက်များကို မှာဖြစ်အောင်မှာရန်အတွက် လူ့ အသက်ပေါင်းများစွာစတည်းခဲ့ရသည် အားလုံးကရခိုင်များပင် အဆိုးဝါးဆုံးတချက်မှာအစိုးရအဖြစ်သရုပ်ဆောင်နေသေည့်ယနေ့ ဥမမယ် စာမခြောက် အစိုးရသည်ရခိုင်ဘက်ကိုတချက်မှငှဲ့မကွက်ခဲ့ပါ အတိုက်အခံခေါင်းဆောင်ဆိုသည့်အကြောင့်ကိုဒီနေရာတွင်
ထည့်မရေးချင်ပါ သူသည်ကားသစ္စမဖေါက်သည့် သစ္စာဖျက်တဦးပင်ကျွန်ပ်တို့ သည် လှေနံနှစ်ဖက်မနင်းသင့်တော့ပေ ဖြစ်ကိုဖြစ်ရမည့်လမ်းကြောင်းပေါ်
ထည့်မရေးချင်ပါ သူသည်ကားသစ္စမဖေါက်သည့် သစ္စာဖျက်တဦးပင်ကျွန်ပ်တို့ သည် လှေနံနှစ်ဖက်မနင်းသင့်တော့ပေ ဖြစ်ကိုဖြစ်ရမည့်လမ်းကြောင်းပေါ်
တွင်သာ မည်သည့်ဒုက္ခရသကိုခံစားရလင့်ကစားကျွန်ူပ်တို့ ရခိုင်များရပ်တည်သင့်ပေသည် ဟု သာပြော ချင်စိတ်ဆန္ဒဖြစ်ပေါ်နေမိတော့သည်။
ရသေ့တောင်သား
No comments:
Post a Comment