မနီလာ ဇူလိုင် ၁၇
ဖိလစ်ပိုင်နိုင်ငံ တစ်ဝန်းတွင် ရမ်မာဆွန်အမည်ရှိ တိုင်ဖွန်းမုန်တိုင်း ပြင်းထန်စွာ တိုက်ခတ်ခဲ့ပြီးနောက်
ဇူလိုင် ၁၇ ရက်တွင် ဒေသတွင်း အာဏာပိုင်များက အပျက်အစီးများကို ရှင်းလင်း၍ ဓာတ်တိုင်များကို ပြန်လည် ပြုပြင်ခဲ့သည့် အပြင် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
အဆိုပါမုန်တိုင်းသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၌ အပြင်းထန်ဆုံး တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ တရုတ်နိုင်ငံသို့ ဦးတည်ရွေ့လျားလျက် ရှိကြောင်း သိရသည်။ဖိလစ်ပိုင်နိုင်ငံ တစ်ဝန်းတွင် ရမ်မာဆွန်အမည်ရှိ တိုင်ဖွန်းမုန်တိုင်း ပြင်းထန်စွာ တိုက်ခတ်ခဲ့ပြီးနောက်
ဇူလိုင် ၁၇ ရက်တွင် ဒေသတွင်း အာဏာပိုင်များက အပျက်အစီးများကို ရှင်းလင်း၍ ဓာတ်တိုင်များကို ပြန်လည် ပြုပြင်ခဲ့သည့် အပြင် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယင်းမုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် လူဦးရေ ၁၁ သန်းခန့် နေထိုင်သော လူဇွန်ကျွန်းစု ဒေသတစ် လျှောက်တွင် လမ်းကြောင်းများ ပြတ်တောက်၍ ပိတ်ဆို့ခဲ့သည့်အပြင် လျှပ်စစ် ဓာတ်အားလိုင်းများနှင့် သစ်ပင်များ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။ ယခုအခါ အဆိုပါ မုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ဦးရေမှာ ၂ဝ ဦးထက်မနည်း ရှိနေပြီဖြစ်ကြောင်းနှင့် မြို့တွင်းရှိ ကျောင်းများကိုလည်း ပိတ်ထားရဆဲ ဖြစ် ကြောင်း သိရသည်။
Written by စကားဝါ
မြဝတီ
Posted via Blogaway
No comments:
Post a Comment