ရန်ကုန်၊ ဇူလိုင် ၁၇
၁၅.၇.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ အလယ်ရွာကျေးရွာနေ ဒေါ်မြင့်စန်းမှ ၎င်းသည် သမီးဖြစ်သူနှင့်အတူ အနော်ရထာလမ်း အတိုင်း နေအိမ်မှထွက်လာစဉ် ၎င်းလမ်းပေါ်၌ လူများဝိုင်းအုံ ကြည့်နေသည်ကို တွေ့ရ၍ ၀င်ရောက်ကြည့်ရှုရာ ခင်ပွန်းဖြစ်သူ ဦးစိုးလွင်၊ (၅၄)နှစ်မှာ ၀ဲဘက် မျက်ကွင်းညိုမဲ ဒဏ်ရာဖြင့် သတိမေ့နေပြီး အနီးတွင် တူဖြစ်သူ မင်းအောင်၊ (၃၂)နှစ်မှာလည်း လဲကျ နေသည်ကိုတွေ့ရကြောင်း၊ ၎င်းမှ အရက်မူးနေသည်ထင်၍ အနီးရှိလူများအား အကူအညီ တောင်းခံပြီး လှိုင်သာယာဆေးရုံသို့ တင်ပို့ကုသခဲ့ရာ တူဖြစ်သူတွင်လည်း နှာခေါင်းနှင့် ၀ဲနားတို့၌ ဖူးရောင်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရကြောင်း၊
ထိုသို့ဆေးကုသနေရာမှ ခင်ပွန်းနှင့်တူဖြစ်သူတို့မှာ ဒဏ်ရာများ မသက်သာသဖြင့် ၁၆.၇.၂၀၁၄ ရက်နေ့တွင် လှိုင်သာယာဆေးရုံမှတစ်ဆင့် အင်းစိန်ဆေးရုံသို့ လွှဲပြောင်းကုသခဲ့ရာ ၂၀၄၅ အချိန်၌ ခင်ပွန်း ဦးစိုးလွင်မှာ ရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူသေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ စုံစမ်းခဲ့ရာ တစ်ရွာတည်းနေ ကရင်(ခ) ဇာနည်ထွန်းဆိုသူမှ လက်သီးဖြင့်ထိုးခဲ့၍ ခင်ပွန်းဖြစ်သူမှာ လဲကျသွားခဲ့ပြီး ကွန်ကရစ်လမ်းနှင့် ဦးခေါင်းတို့ဆောင့်မိခဲ့ကြောင်း၊ တူဖြစ်သူကိုလည်း လက်သီးဖြင့်ထိုးခဲ့၍ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်ကို သိရှိရကြောင်းနှင့် ထိုသို့ကျူးလွန်သူ ကရင်(ခ)ဇာနည်ထွန်းကို အရေးယူပေးရန် တိုင်တန်းလာခဲ့ပါသည်။
တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၁၀၀၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/၃၂၅ ဖြင့် အမှုဖွင့်အရေးယူကာ ကရင်(ခ)ဇာနည်ထွန်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

No comments:
Post a Comment