ငွေထုတ်ချေးပေးမည်ဟု ဆိုကာ ပါတီဝင်များကို မဲဆွယ် စည်းရုံးသော မြောင်းမြ မြို့နယ် တောင်သူ လယ်သမားပါတီ ဥက္ကဋ္ဌအား အရေးယူမည် ဟု မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုး က The Messenger Media သို့ ပြောသည်။ သူကလည်း လောဘနဲ့ စည်းရုံးတယ်။ လယ်သမားကလည်း လောဘနဲ့ ၀င်လာတယ်။ ပြောရရင်တော့ လောဘ လောဘချင်းတွေ့တာပေါ့။ လယ်သမားကလည်း ငွေချေးမယ်ဆို လို့ ၀င်လာတာတော့ ကျွန်တော်လည်း စိတ်မကောင်းဘူး။ အခုကျွန်တော် သူ့ကို အရေးယူထား ပါပြီ။ ပါတီစည်းကမ်းအရ ဆိုရင်တော့ မြို့နယ်ပါတီဥက္ကဋ္ဌ ရာထူးက ဖြုတ်မယ်ပေါ့ ဟု ဦးကျော်စွာစိုး က ဆိုသည်။ လယ်မြေ သို့မဟုတ် ဥယျာဉ်ခြံမြေ လက်ဝယ်ရှိ ပါတီဝင်တောင်သူ တစ်ဦးလျှင် ကျပ်သုံးသိန်းနှုန်း၊ လယ်မြေနှင့် ဥယာဉ်ခြံမြေ လက်ဝယ်မရှိ သော်လည်း လယ်ယာလုပ်ငန်းတွင် စာရင်းငှား ကဲ့သို့သော လယ်ယာ လုပ်သားများကို တစ်သိန်းငါးသောင်းကျပ် ချေးမည် ဟု ပြောဆိုခဲ့ပြီး အတိုးနှုန်း မည်မျှ ပေးရမည်ကို မသိရှိ ရသေးကြောင်း၊ ၄င်းချေးငွေများကို သုံးနှစ် အတွင်း ပြန်လည် ပေးဆပ်ရမည် ပြောဆိုခြင်း ကြောင် ပါတီဝင်လာရောက် လျှောက်ထားခြင်း ဖြစ်ကြောင်း ဇူလိုင်လ (၁၃) ရက်နေ့က မြောင်းမြမြို့နယ် တောင်သူ လယ်သမား ဖွံ့ဖြိုးရေးပါတီ ရုံးတွင် ပါတီဝင်ကတ်များ လာရောက်ပြုလုပ် နေသူ ပါတီဝင်များက ပြောသည်။
ငွေထုတ်ချေးမည်ဟု ပြောဆိုစည်းရုံးခဲ့ခြင်း မရှိဘဲ ပါတီဝင်များကို ပါတီဝင်ကတ်များသာ ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း မြောင်းမြမြို့နယ် တောင်သူလယ်သမားပါတီ ဥက္ကဋ္ဌ ဦးသူရမြတ်စိုး က ဆိုသည်။ လယ်သမား မဟုတ်လည်း ပါတီဝင်ဖြစ်ရင် ငွေထုတ်ချေးမယ် ပြောတယ်။ ဘယ်နေ့လဲ တော့ အသေအချာ မသိဘူး။ ဒီနေ့တော့ လူတစ်ထောင်လောက် ရှိတယ်။ တချို့လည်း အချိန်မမီလို့ပြန်သွားကြတယ်။ ဒီနေ့ အချိန်မမီတဲ့သူတွေကိုတော့ ဇူလိုင်လ (၁၆) ရက် (၁၇) ရက်နေ့ပြန် လာရင် ပါတီဝင်ဖောင်ပြုလုပ်ပေးမယ် လို့တော့ ပြောတယ် ဟု မြောင်းမြမြို့ တောင်း ကမ်းပါးကျေးရွာ မှ ကိုငမော့ က The Messenger Media သို့ ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ မြို့တွင် တောင်သူလယ်သမား ဖွံ့ ဖြိုးတိုးတက် ရေးပါတီမှ တောင်သူများအား ချေးငွေများ ထုတ်ချေးပေး မည်ဆို၍ မြောင်းမြမြို့အနီး ၀န်းကျင် ကျေးရွာများမှ နေ့စဉ် တောင်သူ (၄၀၀) ခန့် ရောက်ရှိလာပြီး ပါတီဝင်ရန် လျှောက်ထားလျက် ရှိကြောင်းသိရသည်။
No comments:
Post a Comment