ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
Jul 18, 2014လွှတ်တော်ကိုယ် စားလှယ်များ မေးမြန်းသည့် မေး ခွန်းများကို ၀န်ကြီးဌာနမှ လာ ရောက်ဖြေဆိုရာတွင် တိကျရေရာပြီး ကတိဖြစ်စေသော အဖြေ များကိုပေးရန်လိုပြီး တိကျရေရာမှုမရှိသော ဖြေကြားချက်များ ရှောင်ရှားရန်လိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တိုက်တွန်း ပြောကြားလိုက်သည်။
ယခုလ ၁၇ ရက်တွင် ပြု လုပ်သော ပြည်သူ့လွှတ်တော်အ စည်းအဝေး၌ ဧရာဝတီတိုင်းဒေ သကြီး၊ မြန်အောင်မြို့နယ်အ တွင်း ရေနံချက်လုပ်ငန်းများ လုပ် ကိုင်နေသဖြင့် သဘာဝသစ်တော များ ပြုန်းတီးနေမှုကိစ္စနှင့်ပတ် သက်သော မေးခွန်းကို စွမ်းအင် ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက လာရောက်ဖြေကြားရာတွင် ဥက္ကဋ္ဌက အထက်ပါအတိုင်း တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်အောင်မြို့နယ်ငါးကတ် ကျ ကျေးရွာအုပ်စုရှိ ယာမြေများ ပေါ်တွင် ပုဂ္ဂလိကပိုင် ရေနံချက်ဖို၂၁ ခု လာရောက်နေသဖြင့် အနီးနားရှိ သစ်တောများမှ တစ်နေ့လျှင် ကုဗပေ ၇၅၆၀ ခန့် ပြုန်းတီးနေရသဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်သောကြောင့် ၎င်းရေနံချက်ဖိုများ ရပ်ဆိုင်းပေးရေးနှင့်ပတ်သက်၍ မြန်အောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကျော်မြင့်က မေးခွန်းမေးမြန်းခဲ့သည်။
အဆိုပါ မေးမြန်းမှုအပေါ် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န် ကြီး ဦးမြင့်ဇော်က အဆိုပါလုပ် ငန်းများသည် ဧရာဝတီတိုင်း ဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့်ဆောင်ရွက်ထားခြင်းဖြစ်ပြီး ထင်းအသုံးပြုမှုကို တားမြစ်ကာ ထင်းအစားထိုး စပါးခွံနှင့်ကျောက်မီးသွေးကို သုံးစွဲဆောင်ရွက်နေကြောင်း ဖြေကြားသွားပြီး ရေနံချက်ဖိုများ ပိတ်သိမ်းရန် ရှိ၊ မရှိ တိကျစွာဖြေကြားသွားမှု မရှိသည့်အပေါ် လွှတ်တော်ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘တရားဥပဒေစိုးမိုးရေးဆို တဲ့ နေရာမှာ ဒီဥပဒေကို ကိုင် တွယ်တဲ့ ဌာနအပြင် ပြည်သူအား လုံးက လိုက်နာရမှာ ဖြစ်တယ်။ ဒါကို သက်ဆိုင်ရာဌာနကိုယ်တိုင် က ထုတ်ပြန်တဲ့ တည်ဆဲဥပဒေ တွေကို မလိုက်နာရင် ဥပဒေစိုးမိုး မှုက ဘယ်လိုမှဖြစ်နိုင်မှာ မဟုတ် ဘူး။ တကယ်လို့ ပြည်သူတွေက ဥပဒေချိုးဖောက်နေတာကို သက် ဆိုင်ရာ အဖွဲ့အစည်းတွေက လျစ်လျူရှုထားရင် တာဝန်မကျေတဲ့အတွက် ဒီဌာနမှာလည်း တာဝန်ရှိမှာ ဖြစ်ပါတယ်’’ ဟု သူရဦးရွှေမန်းက ပြောကြားသည်။
ယင်းကိစ္စရပ်နှင့်ပတ်သက် ၍ လွှတ်တော်တွင် ဖြေကြားသော အဖြေသည် တိကျခြင်းမရှိသော ကြောင့် တိကျသောအဖြေကို ပြန်လည်ဖြေကြားပေးရန် တိုင်းဒေသကြီး အစိုးရနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနတို့ကို တိုက်တွန်းပါကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
ရေနံချက်လုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံအတွင်း တိတိ ကျကျ ပြဋ္ဌာန်းထားသော ဥပဒေ ဟူ၍ မရှိသော်လည်း ယခုကိစ္စရပ် မှာ တိုင်းဒေသကြီးအစိုးရက သက် ဆိုင်ရာဝန်ကြီးဌာနကို ကျော်လွန် လုပ်ဆောင်ထားသဖြင့် ဥပဒေနှင့် ညီ မညီ စဉ်းစားရမည့် ကိစ္စဖြစ် နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက သုံးသပ် ပြောကြားသည်။
No comments:
Post a Comment