Friday, July 18, 2014

ပြောင်းအိတ်များအောက်မှ တရားမ၀င် တမလန်းသစ်များ ဖမ်းဆီးရမိ


နောင်ချို ဇူလိုင် ၁၇

နောင်ချိုမြို့နယ် အေးရှားဝေါလ် တိုးဂိတ်အနီး၌ မန္တလေး-လားရှိုး ကားလမ်းတစ်လျှောက် စားသုံးသူ အကာအကွယ်ပေးရေးနှင့် တရား မဝင် ကုန်သွယ်မှု တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သတင်းမီဒီယာများ ပါဝင် သည့်(Mobile Team)အဖွဲ့တို့သည် ဇူလိုင် ၁၁ ရက် နံနက် ၁၁ နာရီက လုပ်ငန်းများ ဆောင်ရွက်ကြစဉ် နောင်ချိုမြို့မှ မူဆယ်သို့ ယာဉ်မောင်း ဦးဇော်ညွန့်မောင်းနှင်လာသော ယာဉ် အမှတ် 7G/-- ၁၂ ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် ပြောင်းဖူးအိတ်များဖြင့် ဖုံးအုပ်ကာ တရားမဝင် သယ်ဆောင်လာသည့် တမလန်း ဓားရွေတုံး ၁၉ တုံး ၁ ဒသမ ၁၃၂၂ တန်၊ တမလန်းသစ် တစ်တုံး ဝဒသမ ဝ၉၈ တန်၊ တမလန်းတိုင် ၁၃ တိုင် ဝ ဒသမ ၅၃၈ တန် စုစုပေါင်း ၃၃ တုံး ၁ ဒသမ ၇၆၈၂ တန်ကို သိမ်းဆည်း ရမိသည်။

ဆက်လက်၍ နောင်ချိုမြို့နယ်မှ မူဆယ်မြို့သို့ ယာဉ်မောင်း လင်းလင်း မောင်းနှင်လာသောအမှတ် 2G/--- ခြောက်ဘီးယာဉ်ကို ပူးပေါင်းအဖွဲ့စုံ ဖြင့် ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ် တွင် ပြောင်းဖူးအိတ်များ ဖုံးအုပ်လျက် တရားမဝင် သယ်ဆောင်လာသည့် တမလန်း ဓားရွေတုံး ၁၁ တုံး ဝ ဒသမ ၆၅၈၂ တန်၊ တမလန်းတိုင် တစ်တိုင် ဝ ဒသမ ဝ၈ဝ တန်ကို သိမ်းဆည်းရမိသည်။ 

အဆိုပါသစ်များ သိမ်းဆည်းရမိ ဖြစ်စဉ်နှင့် ပတ်သက်၍ Mobile Team အစည်းအဝေးအဆုံးအဖြတ် အရ သစ်များသယ်ဆောင်လာသော ယာဉ်နှစ်စီးနှင့် ယာဉ်မောင်းနှစ်ဦးကို အကောက်ခွန် အမှုတွဲများ ဖွင့်လှစ် အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ 

စိုးဝင်း(နောင်ချို)

No comments: