MOI Webportal Myanmar
စက္ကူထက်သုံးဆခန့်  ပိုမိုပေါ့ပါးသော ကာဗွန် အမျှင်ပြားများနှင့် လူ့ဆံချည်မျှင်မျှရှိသော ဆိုလာဆဲလ်မျှင်များဖြင့် တီထွင်ထားသည့် ဆွစ်ဇာလန် နိုင်ငံမှ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် Solar Impulse- 2 သည် မန္တလေးမြို့သို့ မတ် ၈ ရက်တွင် ရောက်ရှိလာမည်ဖြ စ်သည်။
ယင်းလေယာဉ်ခရီးစ ဉ်ကို ပင်လယ်ကွေ့ဒေသမှ စတင်မည်ဖြစ်ပြီး အာရေဗျပင်လယ်၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၊ ပစိဖိတ်သမုဒ္ဒရာ၊ အမေရိကန်ပြည်ထော င်စု၊ အတ္တလန္တိတ်သမုဒ္ဒရာနှင့် ဥရောပတောင်ပိုင်း(သို့မဟုတ်) မြောက်အာဖရိက ဒေသတို့သို့ ဖြတ်သန်းမည်ဖြစ် ကြောင်းသိရသည်။ ခရီးစဉ်အရ အာဆီယံနိုင်ငံများ အနက် မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင်သာ ယင်းသို့ ရပ်နားမည်ဖြစ်သည်။
နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် Solar Impulse-1 ကို လေယာဉ်မှူးAndre ' Borschberg ၏ ဦးဆောင်မှုဖြင့် အင်ဂျင်နီယာနှင့် နည်းပညာရှင် ၈ဝ တို့က တီထွင်ခဲ့ကြခြင်းဖြစ်သည်။ ယခုခရီးစဉ်တွင်လ ည်း အဆိုပါလေယာဉ် မှူးAndre' Borschberg ဦးစီးသောအဖွဲ့က ပင် ပျံသန်းမောင်းနှ င်မည်ဖြစ်သည်။
နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် Solar Impulse-1ကို ၂ဝ၁ဝ ခုနှစ် ဇွန်လတွင် စတင်ပျံသန်းခြဲ့ ပီး လေယာဉ်အဖြစ် လောင်စာဆီမသုံးဘဲ ၂၆ နာရီ ဆက်တိုက်ပျံသန်း နိုင်သည့် လေယာဉ်အဖြစ် မှတ်တမ်းတင်ခံရသ ည်။ ၂ဝ၁၃ ခုနှစ်တွင် အမေရိကန်ပြည်ထော င်စုကို ဖြတ်ကျော်ပျံသန်းခဲ့ပြီး ယခု ကမ္ဘာတစ်ပတ် ပျံသန်းမည့်ခရီး စဉ်တွင် နေ့ရောညပါ ငါးရက်ဆက်တိုက် ပျံသန်းမည်ဖြစ်ေ ကြာင်း၊ ယခုလေယာဉ်သည်ဒုတိယ မျိုးဆက်လေယာဉ်ြ ဖစ်ကြောင်းသိရသည်။
နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် Solar Impulse-2 သည် မတ်လ ၈ ရက် ညနေပိုင်းတွင် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်ဖြစ် ပြီး မတ် ၉ ရက်နှင့် ၁ဝ ရက်တို့တွင် ရပ်နားစဉ်သရုပ်ြ ပမှုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိဘဲ နေရောင်ခြည်စွမ်းအင်သုံးစွဲထားမှု၊ နေရောင်ခြည်စွမ်းအင်သုံး နည်းပညာ များနှင့်ပတ်သက် ၍ ပြည်သူများအကြား သိမြင်တွေ့နိုင် ရန် စီစဉ်ထားသည်။ ယခုကဲ့သို့ လေယာဉ်ခရီးစဉ်ရပ်နားမည့် အရပ်ဒေသများ၌ လေယာဉ်မှူးများ ပြောင်းလဲမောင်း နှင်ပြီး ဒေသခံပြည်သူများ ၊ ကျောင်းသား ကျောင်းသူများနှ င့် အများပြည်သူတို့ ကို အတွေ့အကြုံနည်းပ ညာများ မျှဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမြို့ပေါ်တွင် လေယာဉ်ပျံသန်းမှု ပြုလုပ်ပြသမည်ဖြ စ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလအတွင်း သွားရောက်ခဲ့သည့်  ဥရောပသုံးနိုင်ငံ ချစ်ကြည်ရေးခရီး စဉ်တွင် စက်တင်ဘာလ ၇ ရက်က ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့ရှိ ပိုင်ယန်းလေတပ်စ ခန်း၌ နေရောင်ခြည် စွမ်းအင်သုံးလေယာဉ်ကို သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ ယင်းခရီးစဉ် အတွင်း နိုင်ငံတော်သမ္မတ နှင့် ဆွစ်ဇာလန်နိုင်ငံသမ္မတတို့တွေ့ဆုံ စဉ် နေရောင် ခြည်စွမ်းအင်သုံးလေယာဉှ်Solar Impulse-2 ကမ္ဘာတစ်ပတ် ပျံသန်းမည့် ခရီးစဉ်တွင် မြန်မာနိုင်ငံ၌ ခရီးတစ်ထောက်ရပ် နားလိုကြောင်း ကမ်းလှမ်းခဲ့မှုအ ပေါ် မြန်မာနိုင်ငံအေ နဖြင့် ခရီးစဉ်အောင်မြင်ရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုးပေးမ ည်ဖြစ်ကြောင်းဖြ င့် နိုင်ငံတော်သမ္မတ က သဘောတူညီခဲ့သည်။
နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် Solar Impulse- 2 လေယာဉ်ပျံသန်းမှု ခရီးစဉ်နှင့်စပ် လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး မန္တလေးမြို့၌လည်း လေယာဉ်ရောက်ရြှိ ပီးချိန် တွင် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်၌ သတင်းစာရှင်းလင်းပွဲတစ်ကြိမ် ပြုလုပ်သွားမည်ြ ဖစ်ကြောင်း သိရသည်။
စက္ကူထက်သုံးဆခန်
ယင်းလေယာဉ်ခရီးစ
နေရောင်ခြည်စွမ်
နေရောင်ခြည်စွမ်
နေရောင်ခြည်စွမ
မြန်မာနိုင်ငံခရ
နိုင်ငံတော်သမ္မတ
နေရောင်ခြည်စွမ်
No comments:
Post a Comment