Wednesday, February 18, 2015

Sony ရဲ့ စမတ်မျက်မှန်ကို ရောင်းပြီ

Sony-Glass-618x395

Sony ရဲ့ စမတ်မျက်မှန်ကို ရောင်းပြီby: Thu Ya

Sony က SmartEyeglass လို့ အမည်ပေးထားတဲ့ စမတ်မျက်မှန်ရဲ့ Developer Edition ကို ရောင်းချပေးလိုက်ပါပြီ။
စမတ်မျက်မှန်မှာ ဖောက်ထွင်းမြင်ရတဲ့ မှန်ကို တပ်ဆင်ထားတဲ့အတွက် သာမာန်အတိုင်းပဲ မြင်ကွင်းများကို ကြည့်ရှုနိုင်မှာ ဖြစ်သလို အီးမေး၊ Message လို အရာများကို မျက်မှန်ကနေ မြင်တွေ့ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ စမတ်မျက်မှန်ကို စမတ်ဖုန်းနဲ့ ချိတ်ဆက်နိုင်ပြီး Smartphone Apps များမှ သတင်းအချက်အလက်များ၊ အချက်ပေးမှုများကို သိနိုင်ပါတယ်။ စမတ်မျက်မှန်ကို တစ်ခါအားသွင်းထားရင် ၂ နာရီခွဲ အသုံးခံပါတယ်။
Sony ရဲ့ စမတ်မျက်မှန်ဟာ စမတ်မျက်မှန် နယ်ပယ်မှာ အစောဆုံး ခြေချခဲ့တဲ့ Google Glass လို ဖြစ်ပါတယ်။ ဒါပေမယ့် Google Glass ရောင်းချမှုကို ဒီနှစ်အစောပိုင်းမှာပဲ Google က ရပ်နားထားပါတယ်။ Google Glass ကို ဒေါ်လာ ၁၅၀၀ နဲ့ Glass Explorer အစီအစဉ်ကနေ အကန့်အသတ်နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
Google Glass ကို အသံနဲ့ အမိန့်ပေးခိုင်းစေလို့ ရပေမယ့် Sony ရဲ့ စမတ်မျက်မှန်ကို ထိန်းချုပ်ဖို့အတွက် ဘက်ထရီ၊ စပီကာ၊ မိုက်ကရိုဖုန်းနဲ့ ထိတွေ့ထိန်းချုပ်ခလုတ်တွေ ပါတဲ့ Control Unit ကို ကြိုးနဲ့ ချိတ်ဆက်ထားရမှာ ဖြစ်ပါတယ်။
ဒီဇိုင်းအပိုင်းမှာတော့ Google Glass က Sony ထက် သာလွန်လှပပါတယ်။ ဈေးနှုန်းအပိုင်းမှာတော့ Sony ရဲ့ စမတ်မျက်မှန်က ဒေါ်လာ ၈၄၀ သာရှိပြီး မတ်လမှာ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနဲ့ ဂျပန်တို့မှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ဗြိတိန်နဲ့ ဂျာမနီမှာတော့ ကြိုတင်မှာယူမှုများကို ပြုလုပ်နိုင်ပါပြီ

No comments: