Written by Mizzima News
(စင်ကာပူ)။ ။ အရှေ့ တောင်အာရှတွင် အမေရိကန်စစ်အင်အားကို ပိုမိုတိုးချဲ့ နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်အကုန်ခင် စင်ကာပူနိုင်ငံ ကမ်းခြေဒေသများတွင် တိုက်ခိုက်ရေး စစ်သင်္ဘော လေးစင်းကို ဖြန့် ကြက်သွားမည်ဖြစ်ကြောင်း အမေရိကန်က ပြောကြားသည်။
အမေရိကန် အမှတ် ၇ စစ်သင်္ဘောစု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် စင်ကာပူတွင် ကမ်းခြေတိုက်ခိုက်ရေး စစ်သင်္ဘော (LCS) လေးစီးကို ဖြန့်ကြက် ချထားမည်ဖြစ်ကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး ချားလ်စ်ဝီလီယံက အတည်ပြုပြောသည်။
“ကျွန်တော်တို့ ရဲ့ စစ်သင်္ဘောလေးစင်းကို ၂၀၁၇မေလကနေပြီး ၂၀၁၈ ခုနှစ်အတွင်း ဖြန့်ကြက်ချထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစစ်သင်္ဘော လေးစင်းလုံးဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ အပြီးသတ် စင်ကာပူမှာ ဖြန့်ကြက်ထားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဝီလီယံက ပြောသည်။
ယင်းစစ်သင်္ဘောအုပ်စုသည် ၂၀၁၃ ခုနှစ်အတွင်းက စင်ကာပူသို့ အမေရိကန်ပေးပို့ ထားသည့် ကမ်းခြေစစ်သင်္ဘော USS Freedom နေရာတွင် အစားထိုးသွားမည် ဖြစ်သည်။
ယင်းသို့ စစ်သင်္ဘောများ ဖြန့်ကြက်ချထားခြင်းသည် တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံများ အပါအဝင် အရှေ့တောင်အာရှ ဒေသရေးရာတွင် အမေရိကန်က ဝင်ရောက် ပတ်သက်လာခြင်းလည်း ဖြစ်သည်။
အရှေ့ တောင်အာရှဒေသတွင်း မဟာမိတ်များနှင့် အမေရိကန်တို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုများလည်း ပြုလျက်နေခဲ့ရာ တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့က ဝေဖန်ကြသည်။
ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ ရှိနေသည့်ကြားက အမေရိကန်သည် ဖေဖော်ဝါရီ ၄ ရက် တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို သုံးရက်တာ ပြုလုပ်ခဲ့သည်။
ထိုပြင် ပြီးခဲ့သည့် နှစ်မေလအတွင်းကလည်း တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်- အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်။ အရှေ့ တောင်အာရှနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံက အမေရိကန်ကို စစ်ရေးအခြေစိုက်ခွင့်များ ပေးလိမ့်မည်လည်း ဖြစ်သည်။
ဂျပန်၊ဘင်္ဂလားဒေ့ရှ်၊ ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများ အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် အခြားသောစစ်ရေးလေ့ကျင့်မှုများတွင်လည်း အမေရိကန်က ပါဝင်ခဲ့သည်။
ဂျပန်၊ဘင်္ဂလားဒေ့ရှ်၊ ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများ အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် အခြားသောစစ်ရေးလေ့ကျင့်မှုများတွင်လည်း အမေရိကန်က ပါဝင်ခဲ့သည်။
တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့ ရှိနေသည့် ယင်းဒေသတွင် အမေရိကန်၏ ရပ်တည်နိုင်မှုကို ပိုမိုအားထုတ်လာခြင်းဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ထားသည်။
No comments:
Post a Comment