၂ဝ၁၅ နေ့စဉ်လူနေမှုဘဝတွင် အဆင့်အတန်းမြင့်မား သည့် နည်းပညာများ၏ အကူအညီကိုရယူကာ အလွယ် တကူ ဖြတ်သန်းနိုင်ရေးအတွက် ဆမ်ဆောင်းအီလက် ထရွန်နစ်မှ လေ့လာတွေ့ရှိချက်များအရ မြန်မာနိုင်ငံသည် နောက်ဆုံးပေါ် နည်းပညာပစ္စည်းများ သုံးစွဲရန်အဆင်သင့် ရှိနေသည်ကို မြင်တွေ့ရကြောင်း ကိုရီးယားနိုင်ငံအခြေ စိုက် ဆမ်ဆောင်းအီလက်ထရွန်နစ်မှ သိရသည်။
မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ပိုမို နားလည်ဆောင်ရွက်လာကြသည်နှင့်အပြိုင် သုံးစွဲသူ အများစုမှာလည်း နိုင်ငံတကာအဆင့်မီ ကုန်စည်များကို ပိုမိုသုံးစွဲလာကြသည်။
''မြန်မာစားသုံးသူတွေက နောက်ဆုံးပေါ် နည်းပညာ ထုတ်ကုန်တွေကိုသုံးစွဲမှုနှုန်း အလွန်မြင့်မားတာကို တွေ့ ရပါတယ်။ စမတ်ဖုန်းသုံးစွဲသူဦးရေ၊ အဆင့်မြင့်အိမ်တွင်း အီလက်ထရွန်နစ် သုံးစွဲသူဦးရေဟာ မျှော်မှန်းထားတာ ထက် ပိုမိုနေပါတယ်။
ဝယ်ယူသုံးစွဲမှုအပြင် အသုံးချနိုင်တဲ့ စွမ်းရည်တွေပါ တိုးတက်လာတာကြောင့် နည်းပညာ ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ ဈေးကွက်ဝေစုပိုမိုရရှိနိုင်ဖို့ မျှော်လင့်ကြပါတယ်။ ယခင်က သုံးစွဲသူတွေကို ထုတ် ကုန်ရောင်းချခဲ့တဲ့စနစ်ကျင့်သုံးပြီး မြန်မာဈေးကွက်ကို ဖြန့်ဖြူးပါတယ်။ ၂ဝ၁၅ခုနှစ်ကနေစပြီး B to B လို့ခေါ်တဲ့ စီးပွားရေးကနေ စီးပွားရေးအချင်းချင်း ဆောင်ရွက်ဖို့ကို ပိုမိုဆောင်ရွက်သွားမယ်။ ဥပမာအနေနဲ့ ရုံးခန်းတစ်ခုလုံး ကို လိုအပ်တဲ့နည်းပညာတွေ ထည့်သွင်းတည်ဆောက် တာမျိုးကိုဆိုလိုပါတယ်။ မြင့်မားတဲ့ အီလက်ထရွန်နစ် ရုံးခန်းတွေ၊ အလုပ်ရုံတွေက စီးပွားရေးကဏ္ဍ စတင်တည် ဆောက်နေဆဲအချိန်မှာ လိုအပ်တာကြောင့်ဖြစ်တယ်'' ဟု အရှေ့တောင်အာရှနှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်တို့၏ ဆမ်ဆောင်းအီလက်ထရွန်နစ် အမှုဆောင်အရာရှိချုပ် Yong Sung Jeon က ပြောကြားသည်။
တိုးတက်လာသည့် နည်းပညာများဖြင့် နေ့စဉ်လူနေမှု ဘဝများအတွင်းမှ မီးဖိုချောင်အကူပစ္စည်းများကို ဆမ် ဆောင်းမှ ၂ဝ၁၅ ခုနှစ်အတွင်း တိုးတက်ထုတ်လုပ်သွားရန် ကြေညာထားခဲ့ပြီး အာဆီယံနိုင်ငံများအတွင်း မြန်မာ နိုင်ငံသည် ဆမ်ဆောင်းအတွက် အိမ်အသုံးအဆောင် အီလက်ထရွန်နစ်နည်းပညာများနှင့် နည်းပညာမြင့် နောက်ဆုံးပေါ် အသုံးအဆောင်များကို သုံးစွဲနိုင်ရန် အတွက် အဆင်သင့်ဖြစ်နေသည်ကို လေ့လာတွေ့ရှိရ ကြောင်း သိရသည်။
နည်းပညာမြင့် စမတ်ဖုန်းသုံးစွဲသူ ဦးရေသည် ပုံမှန် သုံးစွဲသူဦးရေနှင့် နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံခန့်ရှိကြောင်း လေ့လာတွေ့ရှိခဲ့ကြပြီး ဆမ်ဆောင်းမှ မြန်မာနိုင်ငံအတွင်း ရှိ အီလက်ထရွန်နစ်ဈေးကွက်နေရာကို ပိုမိုရယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်။
''တီဗွီ၊ အဲယားကွန်း၊ ရေခဲသေတ္တာ၊ စမတ်ဖုန်း အစ ရှိတဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေဟာ တိုးတက်လာတဲ့ လူမှုဘဝတွေမှာ မရှိမဖြစ်အရာတွေ ဖြစ်လာတယ်။ နိုင်ငံ ရဲ့ တိုးတက်မှုတွေကို အဆင့်မြင့်နည်းပညာ သုံးစွဲမှုအပေါ် မူတည်ပြီး တိုင်းတာနိုင်တဲ့အတွက် နောက်ပိုင်းမှာ အီလက်ထရွန်နစ် ထုတ်ကုန်စက်ရုံတွေလည်း ပေါ်ပေါက် လာနိုင်ပါတယ်'' ဟု အီလက်ထရွန်နစ်အင်ဂျင်နီယာ ဒေါက်တာဖြိုးဝေပိုင်က ပြောသည်။
အရှေ့တောင်အာရှ စစ်တမ်းများအတွင်း မြန်မာနိုင်ငံ သည် နည်းပညာသုံးစွဲမှုများတွင် အဆင့်နိမ့်ကျမှုမှ စတင် ကင်းလွတ်ရန် အရှိန်ယူနေပြီး လာမည့်တစ်နှစ်အတွင်း နည်းပညာသုံးစွဲမှု သာမန်အဆင့်သို့ ရောက်ရှိနိုင်ကြောင်း စီးပွားရေးပညာရှင်ဒေါက်တာ Thomas Clam က ပြော သည်။
Myanmar Forward
No comments:
Post a Comment