Saturday, February 21, 2015

အလုပ်အကိုင် အေဂျင်စီက လိမ်လည်ပို့ဆောင်ခဲ့သည့် မြန်မာတိုင်းရင်းသူ ကိုးဦးကို မလေးရှားလေဆိပ်တွင် စစ်ဆေးတွေ့ရှိသဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈-အသက် ၁၉ နှစ်မှ ၂၉ နှစ်အတွင်းရှိ တိုင်းရင်းသူ မြန်မာအမျိုးသမီး ကိုးဦးကို ဗီဇာအတု၊ အလုပ်ခန့်စာအတုများဖြင့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တစ်ခုမှ လစာကောင်းကောင်းရမည် ဟုဆိုကာ မလေးရှားနိုင်ငံသို့ပို့ဆောင် မှု မလေးရှားလေဆိပ်တွင် စစ်ဆေး တွေ့ရှိသဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် ရန်ကုန်မြို့ ရှိ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ တစ်ခုမှ လစာကောင်းကောင်းရမည် ဟုဆိုကာ ရှမ်းပြည်နယ်ရှိ အသက် ၁၉ နှစ်အရွယ် အပါအဝင်အမျိုးသမီး ငါးဦးနှင့် ရန်ကုန်တိုင်းမှ အမျိုးသမီးငယ် လေးဦးတို့ကို ဖေဖော်ဝါရီ ရ ရက် တွင် (MAI) လေကြောင်းလိုင်းဖြင့် မလေးရှားနိုင်ငံသို ပို့ဆောင်ခံခဲ့ရပြီး မလေးရှား လဝကမှ စစ်ဆေးရာ ဗီဇာ အတု၊ အလုပ်ခန့်စာနှင့် အခြားစာရွက်စာတမ်းအတုများ စစ်ဆေးတွေ့ ရှိရသဖြင့် အဆိုပါ အမျိုး သမီးငယ် ကိုးဦးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ မြန်မာသံရုံးသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ကြောင်း မလေးရှားနိုင် ငံအခြေစိုက် ကပုန်းလူမှုကူညီရေးအ သင်းနှင့် မြန်မာသံရုံးတို့မှသိရသည်။

၎င်းကိုးဦးကို ဖေဖော်ဝါရီ ၁၈ ရက် မလေးရှားစံတော်ချိန် ညနေ ၅ နာရီတွင် အဲအေးရှားလေကြောင်းလိုင်း ဖြင့် မြန်မာနိုင်ငံသို့ သံရုံးအစီအစဉ် ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အဆင့် မြင့်အရာရှိတစ်ဦးမှ ပြောသည်။

''ပွဲစားကနေတစ်ဆင့် လာကြ တာလို့ပြောတယ်။ ဒါပေမဲ့ မလေး ရှားဘက်ရောက်တော့ ပွဲစားမပါဘူး။ သူတို့ ကိုးဦးပဲပါတယ်။ မလေးရှား လဝက စစ်တော့ဗီဇာနဲ့ကျန်စာရွက် စာတမ်းတွေလဲ အတုတွေပဲလို့၊ အတု မိတာလို့သိရတယ်။ သံရုံးကသွား ရောက်ညှိနှိုင်းနိုင်ခဲ့လို့ သံရုံးကိုပြန် လွှဲပေးခဲ့တယ်''ဟု မြန်မာသံရုံးမှအ ဆင့်မြင့်အရာရှိတစ်ဦးကဆိုသည်
အဆိုပါ ကိုးဦးကိုပို့ဆောင်သည့် ပွဲစားမပါလာသည့်အတွက် သံရုံးအ နေဖြင့် မြန်မာနိုင်ငံတွင် ပြန်လည် အရေးယူစစ်ဆေးမှု ပြုလုပ်နိုင်ရန် အတွက် အမြန်ဆုံးပြန်ပို့ခြင်းဖြစ် ကြောင်း၊ မြန်မာနိုင်ငံဘက်မှ သက် ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဥပဒေအရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း သံရုံးအ ဆင့်မြင့်အရာရှိတစ်ဦးက အရေးယူမှု အပိုင်းကို ပြောသည်။

ကပုန်းလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက''အဲဒီမိန်းကလေး ကိုးဦးကို KL လေယာဉ်ကွင်းအပြင် ရောက်တော့ မြန်မာသံရုံးကတာဝန် ရှိသူတွေရော၊ အလုပ်သမားရေးရာ အရာရှိတွေနဲ့ လူမှုကူညီရေးအသင်း တွေ ပူးပေါင်းပြီး လက်မလွန်ခင် တားဆီးနိုင်ခဲ့တာပါ။ အဲဒီထဲမှာပါတဲ့ အသက်အငယ်ဆုံး ကလေးရဲ့ပြော ပြချက်အရပို့တဲ့ ကုမ္ပဏီက နည်းမျိုးစုံနဲ့ လစာကောင်းတဲ့ အလုပ်မှာထား မယ်လို့ဆိုပြီး ပို့ဆောင်ခဲ့တာပါတဲ့။ သူ့တို့လိုပဲရောင်းစား ခံရတဲ့သူတွေ လဲရှိဦးမယ်လို့လဲပြောခဲ့တယ်။ မြန် မာနိုင်ငံ အစိုးရအနေနဲ့ ကိုယ့်နိုင်ငံ သားတွေကို အကျင့်ပျက်စီးအောင် လုပ်နေတဲ့ ကုမ္ပဏီတွေကို မျက်ကွယ် မပြုသင့်တော့ဘူး''ဟုပြောသည်။

ယခင်မလေးရှားသို့ ခရီးသွား လုပ်ငန်းအေဂျင်စီမှ ဗီဇာအတုဖြင့် မြန်မာနိုင်ငံသား ၅၂ ဦးကို ပို့ဆောင် ခဲ့သည့် အမှုအရေးယူဆောင်ရွက် နိုင်ခြင်းမရှိသေးမီ ထပ်မံကာ မြန်မာ အမျိုးသမီးငယ် ကိုးဦးကို ဗီဇာအတု ဖြင့် ပို့ဆောင်ခြင်းခံရမှုထပ်မံမိခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံ အခြေ စိုက် ကပုန်းလူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးဆန်းဝင်းကဆိုသည်။

''အရင် ၅၂ ဦးမိတဲ့အမှုကို မလေးရှားတရားရုံးက အခုထိအမိန့် မချနိုင်သေး ဘူး။ ဘာလို့လဲဆိုရင် တရားခံအစစ်က မြန်မာနိုင်ငံထဲမှာ ဖြစ်နေပြီး တကယ်မိထားတဲ့သူတွေက ကိုယ်စားလှယ်တွေပဲ ဖြစ်နေတယ်။ အဲဒီအမှု အရေးမယူရသေးဘူး။အခုထပ်ပြီး အမျိုးသမီးကိုးဦးအလားတူ အဖြစ်မျိုးထပ်ဖြစ်တယ်။ သူတို့အ ပြစ်ပေးမခံရတာ ကံကောင်းတယ်။ အဲဒီလိုမျိုး ပွဲစားတွေရဲ့ လုပ်ရပ်ကို တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး စစ်ဆေးအရေးယူဖို့လိုနေပြီ''ဟု ဦး ဆန်းဝင်းက ထောက်ပြပြောဆိုသည်။

ယခင်ခရီးသွားလုပ်ငန်း အေ ဂျင်စီမှ ဗီဇာအတုဖြင့် ပို့ဆောင်မှုကြောင့် မြန်မာနိုင်ငံသား ၅၂ ဦး မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံခဲ့ရကာ ထောင် ဒဏ်တစ်နှစ်စီကျခံခဲ့ရသည်။

ZCH
‪#‎Democracytoday‬

No comments: