Saturday, February 21, 2015

ဖုန်​ကြားရှင် တရုတ်နိုင်ငံသို့ တိမ်းရှောင်လာပါက မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးသင့်ကြောင်း သမ္မတရုံးပြော



Byအေးသူစံ

ကိုးကန့်တိုက်ပွဲကို ဖန် တီးခဲ့ပြီး နယ်စပ်တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေခဲ့သော ဖုန်ကြားရှင်နှင့် အပေါင်းပါများ တရုတ်နိုင်ငံအတွင်း ရောက်ရှိလာ ပါက ဖမ်းဆီးထိန်းသိမ်း၍ မြန်မာ အစိုးရထံ အပ်နှံခြင်းက နယ်စပ် ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေး ကိုအမြန်ဆုံးဆောင်ရွက်ပေးခြင်း သာဖြစ်ကြောင်း သမ္မတရုံးအကြီး တန်းအရာရှိတစ်ဦးကပြောကြား သည်။

‘‘ဖုန်ကြားရှင် ဘယ်နေရာမှာ ရုံးထိုင်ပြီးတော့ တိုက်ပွဲတွေ ကွပ် ကဲနေလဲဆိုတော့ ကျွန်တော်တို့ကစဉ်းစားစရာတွေ ဖြစ်တယ်။ တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ ဗဟို အဆင့်မှာ ထားတဲ့မူဝါဒကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဘက်က ပြန်ရှင်းထားတယ်။ ဒါကိုလည်း ကျွန်တော်တို့ယုံကြည်တယ်။ ဒါ ပေမဲ့အောက်ခြေမှာ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေက လက်ခံထား တာ၊ ပံ့ပိုးကူညီထားတာဖြစ်နိုင် တယ်။ ရှိတယ်လို့တော့ တစ်ထစ် ချမပြောလိုဘူး။ နယ်စပ်ဆိုတာ ဟိုဘက်ဒီဘက် စည်းမပြတ်တာလေးတွေ ရှိတတ်တယ်။ နှစ်နိုင်ငံ မတည်ငြိမ်တာ၊ ဆက်ဆံရေးတွေ ပြောစရာဖြစ်လာတဲ့ တရားခံက ဖုန်ကြားရှင်ပဲ။ ဒါကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးအထိအခိုက်မခံဘဲနဲ့ ဆက်ဆံရေးပျက်ပြား
စေမယ့် ဖုန် ကြားရှင်ကို မြန်မာအစိုးရလက်ကို အပ်တာ ပိုကောင်းတယ်’’ဟု သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကပြောသည်။

ထိုသို့သာ တရုတ်နိုင်ငံက ဆောင်ရွက်ပေးပါက မြန်မာပြည် သူလူထု၏ တရုတ်နိုင်ငံအပေါ်ထားသည့် သံသယများ ပျောက်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံအ နေဖြင့် အလေးအနက်စဉ်းစား သင့်ကြောင်း ၎င်းက တိုက်တွန်း သည်။

ဖုန်ကြားရှင်သည် ၂၀၀၉ က တည်းက တရားမ၀င်လက်နက် ထုတ်လုပ်မှု၊ မူးယစ်ဆေးဝါးထုတ် လုပ်မှုတို့ဖြင့် မြန်မာအစိုးရက အမှုဖွင့်ထားပြီး ယင်းအမှုကိုယနေ့အထိပိတ်သိမ်းခြင်းမရှိ သေးကြောင်း
လည်းမြန်မာအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကပြော သည်။

ထို့အပြင် ဖုန်ကြားရှင်မှာ အမေရိကန်ပြည်ထောင်စုက ဘိန်းဘုရင်ဟု သတ်မှတ်ထုတ် ပြန်ထား
သူဖြစ်ရာ နှစ်နိုင်ငံညှိနှိုင်း ခြင်း(သို့မဟုတ်) နိုင်ငံတကာရဲ တပ်ဖွဲ့(Interpol) နှင့် ပူး ပေါင်း၍ ၀ရမ်းထုတ်ဖမ်းဆီးခြင်းများ ပြုလုပ်နိုင်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန အဆင့်မြင့်အရာရှိတစ် ဦးက ပြောကြားသည်။

‘‘တရားခံပြေးတစ်ယောက် ကိုဖမ်းချင်ရင် နှစ်နိုင်ငံသဘော တူညီချက်နဲ့ ဖမ်းနိုင်သလို နိုင်ငံတ ကာကိုရောက်နေတယ်ဆိုရင် အင်တာပိုလ်ကတစ်ဆင့် ဆက်သွယ်ရမှာပေါ့’’ဟု ၎င်းကပြော သည်။

စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံသား ယခင်ကိုးကန့် ပြည်သူ့စစ်အဖွဲ့မှ ဘိန်းဘုရင် ဦးလော်စစ်ဟန် ( ၂၀၁၄ တွင် ကွယ်လွန်ခဲ့သူ) ကို ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ ဖမ်းဝရမ်း ထုတ်ခဲ့သဖြင့် ထိုင်းအစိုးရက ဖမ်းဆီးကာ မြန်မာအစိုးရထံလွှဲ ပြောင်းပေးခဲ့သည်။

ဖုန်ကြားရှင်၏ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ကမူ ၎င်းတို့မှာ မိမိဇာတိမြေကို ပြန်လာခြင်းသာ ဖြစ်ပြီး တရုတ်နိုင်ငံက မည်သည့် အကူအညီမျှမယူကြောင်းနှင့် ၂၀၀၉ ကတည်းက တရုတ်နိုင်ငံ နှင့် လုံးဝအဆက်အသွယ်မရှိ တော့ကြောင်း ကိုးကန့်ပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းကပြော ကြားသည်။

ထို့အပြင် လောက်ကိုင်နှင့် ချင်းရွှေဟော်ကြားတွင် ဖြတ်သန်း သွားသော ကြက်ခြေနီယာဉ်တန်း ကို လုံးဝပစ်ခတ်မှုမရှိကြောင်းနှင့် ကိုးကန့်တပ်ဖွဲ့တွင် ပြည်သူကို ၀န်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် ညှဉ်းပန်းနှိပ်
စက်သတ်ဖြတ်မှုများ လုံးဝ မပြုလုပ်ရန် တင်းကျပ်သည့် အမိန့်ထုတ်ထားကြောင်း ၎င်းကပြော ကြားသည်။

‘‘အခုအစိုးရဘက်က ထုတ် ပြန်တဲ့ ပစ်ခတ်မှုဖြစ်တဲ့ လောက် ကိုင်၊ ချင်းရွှေဟော်တောက် လျှောက်က အစိုးရထိန်းချုပ်နယ် မြေပါ။ ကျွန်တော်တို့တပ်က တောင်ပေါ်တွေကနေ ဆင်းလို့ကို မရပါဘူး’’ဟု ၎င်းကပြောသည်။

ကိုးကန့်အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုင်းရင်းသားအဖွဲ့အ စည်းအချို့က တိုက်တွန်းထား သော်လည်း ဦးဇော်ဌေးက ကိုး ကန့်၏ ငြိမ်းချမ်းရေးကမ်းလှမ်း ချက်အိတ်ဖွင့်ပေးစာမှာ ရိုးသားမှု မရှိကြောင်း ပြောကြားသည်။

‘‘အိတ်ဖွင့်ပေးစာက အခြေ အမြစ်မရှိတဲ့ အမှားတွေ။ လူမျိုး ကြီးဝါဒနဲ့ တစ်ဖက်သတ်လုပ် တယ်ဆိုတာ မဟုတ်ဘူး။ ကိုးကန့် ဒေသကို သူတို့လူမျိုးကိုးကန့်ပဲ အုပ်ချုပ်တာ။ ကိုးကန့်ဒေသအ တွက် စာချုပ်စာတမ်းမရှိပေမယ့် နှစ်ဖက်သဘောတူညီချက်အရ မလုပ်ရတာတွေရှိတာကို သူတို့ကတပ်သားတွေ စုဆောင်းတယ်။ လက်နက်စက်ရုံလုပ်တယ်။ ကျွန် တော်တို့က အကြိမ်ကြိမ်သတိ ပေးတဲ့အတွက် ရဲတွေကို သတ်ပစ် လိုက်တယ်။ ဒီလိုလူသတ်ပြီး ထွက်ပြေးတဲ့ ရာဇ၀တ်ကောင်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ထည့် သွင်းစရာအကြောင်းမရှိဘူး’’ဟု ဦးဇော်ဌေးကပြောသည်။

7 Days

No comments: