Monday, February 16, 2015

လောက်ကိုင်ကိစ္စတွင် တရုတ်ပါဝင်ပတ်သက်မှုမရှိဟု တရုတ်သံရုံးငြင်းဆို



ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၁၅

လောက် ကိုင်ဒေသတွင် မြန်မာ့တပ်မတော် နှင့်တိုက်ပွဲများဖြစ်ပွားနေသည့် ဖုန် ကြားရှင်၏ ကိုးကန့်တိမ်းရှောင်အဖွဲ့ ၏နောက်တွင် တရုတ်နိုင်ငံမှ ပါဝင် ပတ်သက်မှု မရှိကြောင်း တရုတ်နိုင်ငံ သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ PAN Xuesong က ပြောကြားသည်။

''ဖုန်ကြားရှင်ရဲ့ နောက်ကွယ်မှာ တရုတ်ပါဝင်ပတ်သက်မှုရှိနေတယ် ဆိုတာ မဟုတ်မှန်ပါဘူး။ အဲဒီလို နောက်ကွယ်မှာ တရုတ်ရှိနေတယ်ဆို ရင် တိကျ ခိုင်မာသည့် သက်သေအ ထောက်အထား လာပြပါ'' ဟု မစ္စတာ PAN Xuesong က ဒီမိုကရေစီတူ ဒေးသတင်းစာ၏ မေးမြန်းမှုအား ပြန် လည်ဖြေကြားခဲ့သည်။

လက်ရှိဖြစ်ပွားနေသည့် လောက် ကိုင်ဒေသတိုက်ပွဲများတွင် ဖုန်ကြား ရှင်၏ ကိုးကန့်တိမ်းရှောင်
အဖွဲ့အား နောက်ကွယ်မှ တရုတ်နိုင်ငံက ထောက် ပံ့ပေးထားသည် ဆိုသည့် သတင်းများ ထွက်ပေါ်နေသဖြင့် ယင်းနှင့်ပတ် သက်၍ မစ္စတာ PAN Xuesong က ငြင်းဆိုပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ တရုတ်နိုင် ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်ချက်တစ်စောင်ကို ဖေဖော်ဝါရီ ၁၁ ရက် ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ပြီး ယင်း ထုတ်ပြန်ချက်တွင် နယ်စပ်ဒေသ တွင် မြန်မာ့တပ်မတော်နှင့် သူပုန်တပ်ဖွဲ့ တို့ တိုက်ခိုက်မှု များ ပြန် လည်ဖြစ်ပေါ် လာနေသဖြင့် တရုတ်နယ်မြေအတွင်း သို့ ဒေသခံအချို့ သည်ထွက်ပြေးလာ နေကြကြောင်း၊ မြန်မာ့အခြေအနေ နှင့်ပတ်သက်၍ တရုတ်ကစိုးရိမ်
ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆို ခွင့်ရှိသူ မစ္စတာံကေ ဃ့ကညပငညါ က ပြောကြားခဲ့သည်။

လုံခြုံရေးအတွက် စိုးရိမ်ရသော ကြောင့် တရုတ်နိုင်ငံအတွင်းသို့ ဒေသ ခံအချို့သည် လွန်ခဲ့သည့်နှစ်ရက် အတွင်းထွက်ပြေးကြကြောင်း၊ ထိုသူ တို့အား တရုတ်တို့က ကြည့်ရှုစောင့် ရှောက်ထားရကြောင်း၊ တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်အေးချမ်းရေးထိန်း ထားမှု အခြေအနေကိုလည်း စောင့် ကြည့်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်း ရန် မြန်မာဘက်က ထိန်းသိမ်းသင့် ကြောင်း မစ္စတာ Hua Chunying က အဆိုပါ ထုတ်ပြန်ချက်တွင် ဆက် လက်ပြောကြားထားသည်။

လတ်တလောတွင် ဖေဖော်ဝါ ရီ ၉ရက်မှစတင် ၍ လောက်ကိုင် နယ် မြေအတွင်း ဖုန်းကြားရှင်ဦးဆောင် သော ကိုးကန့်တိမ်းရှောင်အင်အား စုများနှင့် တပ်မတော်တို့တွေ့ဆုံပြီး တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိ ရာ ဖေဖော်ဝါရီ ၁၂ရက်အထိ တပ်မ တော်မှ အရာရှိငါးဦး၊ စစ်သည် ၄၂ဦး အသက်ပေးလှူခဲ့ပြီး အရာရှိ ၁၁ဦး၊ စစ်သည် ၆၂ဦး ဒဏ်ရာရရှိ ကာ မော် တော်ယာဉ်ငါးစီး ပျက်စီးဆုံးရှုံးခဲ့ပြီး ကိုးကန့်တိမ်းရှောင်အဖွဲ့ထံမှ လက် နက်အချို့ သိမ်းဆည်းရမိခဲ့ပြီး ကျဆုံး၊ ထိခိုက်ဒဏ်ရာရမှု အချို့ရှိခဲ့ကြောင်း တပ်မတော်က ဖေဖော်ဝါရီ ၁၂ရက် က သတင်းထုတ်ပြန် ခဲ့သည်။

မြန်မာ-တရုတ်နယ်စပ်ဒေသ တွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူးထံသို့လည်း သက်ဆိုင် ရာမှ ရှင်းလင်းပြောကြားအသိပေး ထားကြောင်း၊ တပ်မတော် အနေဖြင့် လောက် ကိုင်ဒေသ မူလအခြေအ နေသို့ ပြန်လည်ရောက်ရှိကာ ဒေသ ခံပြည်သူများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် သောင်းကျန်း သူများ အခြေချလှုပ်ရှားနိုင်မှုမရှိစေ ရေးနှင့် နယ်စပ်ဒေသတစ်လျှောက် စိမ့်ဝင်ထိုးဖောက်ခြင်းမပြုနိုင်ရေး ထပ်မံ၍ အင်အားများ ဖြည့်တင်းပြီး အစွမ်းကုန်ကြိုးပမ်းရှင်းလင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည် နယ်အစိုးရအဖွဲ့မှ လောက်ကိုင်ဒေ သအား ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိ ပြီး တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့တို့ပူးပေါင်း၍ လောက်ကိုင်မြို့ လုံခြုံရေးအားဆောင်ရွက်ပေးလျက် ရှိရာ လက်ရှိအခြေအနေမှာ လောက် ကိုင်မြို့အတွင်း တည်ငြိမ်အေးချမ်း သည့်အခြေအနေ ပြန်လည်ရောက် ရှိနေပြီဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယင်းနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေ က ''ဖုန်ကြားရှင်က ပိုက်ဆံရှိတယ်။ ဖုန်ကြားရှင်က သူ့ပိုက်ဆံတွေကို တရုတ်ဘဏ်မှာ အပ်ထားတယ်လို့ သိရတယ်။ လက်နက်တွေကတော့ ထိုင်းမှောင်ခိုဈေးကွက်ကနေ ဝယ် တယ်လို့ထင်တယ်။ ဒီကိစ္စမှာနောက် ကွယ်ကတရုတ်နိုင်ငံဘက်က
ကျော ထောက်နောက်ခံပေးထားတယ်လို့ ပြောနေကြတယ်။ ကျွန်တော်ကတော့ ဖုန်ကြားရှင်နောက်မှာ တရုတ်နိုင်ငံ ရှိတယ်လို့ မယူဆဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တရုတ်နိုင်ငံအနေနဲ့ အစိုးရ နဲ့ပေါင်းတာနဲ့ သူပုန်နဲ့ပေါင်းတာ ဘယ်ဟာကသူတို့အတွက် အကျိုးအမြတ် ရှိတယ်ဆိုတာအသိဆုံးပဲ'' ဟု ယင်းက ဆိုသည်။

ဒီမိုကရေစီတူဒေး

No comments: