Wednesday, February 18, 2015

ရုရှ စကားပြော ကျွမ်းကျင်သည့် စပိုင်များ ဗြိတိန်မွေးမြူ

ဗြိတိန်နိုင်ငံက ရုရှစကားပြော ကျွမ်းကျင်သည့် ထောက်လှမ်းရေး အေဂျင့်များကို စုဆောင်းမွေးမြူရေး လုပ်ဆောင်လျက်ရှိကြောင်း သတင်း တစ်ရပ်အရ သိရသည်။
Russian-speaking
အွန်လိုင်း ကြေညာတစ်ရပ်တွင် MI5 ၊ MI6 နှင့် GCHQ ဗြိတိန် ထောက်လှမ်းရေး အဖွဲ့တို့က နိုင်ငံတော် လုံခြုံရေးအတွက် ကြားဖြတ်ရရှိသည့် မှတ်တမ်းများကို ရုရှဘာသာမှ ဘာသာပြန်နိုင်ရန်အတွက် ရုရှဘာသာစကား ကျွမ်းကျင်သူများကို အလုပ်ခေါ်ယူထားခြင်း ဖြစ်သည်။
ဗြိတိန်နိုင်ငံ၏ လုံခြုံရေးကို အကြမ်းဖက်ဖျက်ဆီးမှု၊ သူလျှိုထောက်လှမ်းမှုနှင့် ဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုများအတွက် အဆိုပါ ရာထူးနေရာများကို ခေါ်ယူခြင်းဖြစ်ပြီး လစာနှုန်းအဖြစ် တစ်နှစ်လျှင် ပေါင် ၃၀၀၀၀ ပေးမည်ဖြစ်ကာ နိုင်ငံရပ်ခြားတွင် တာဝန် ထမ်းဆောင်ခိုင်းနိုင်ခြေလည်းရှိကြောင်း အာရ်တီသတင်းဌာနက ဖော်ပြသည်။
ယင်းခန့်အပ်မည့် ရာထူးနေရာများက လန်ဒန်ရှိ ထောက်လှမ်းရေးများနှင့် ချိတ်ဆက်ခြင်း၊ နိုင်ငံရပ်ခြားတွင် လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ရုရှ သမ္မတ ဗလာဒီမာပူတင်နှင့် ဆက်ဆံမှုများတွင် အစိုးရ၏ မူဝါဒဖော်ဆောင်ရာတွင် အထောက်အကူပြုရေးနှင့် ရုရှ၏ ရန်လိုမှုများကို သိရှိတန်ပြန် စွပ်စွဲနိုင်ရေးတို့ကို လုပ်ဆောင်သွားရမည် ဖြစ်သည်။
ဗြိတိန် သူလျှိုထောက်လှမ်းရေး အေဂျင်စီ GCHQ သည် ၎င်းနှင့် အဆင့်တူ အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီထံမှ သတင်းအချက်အလက်များ ရယူခြင်းဖြင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်နှင့် ကိုယ်ပိုင်အခွင့်အရေးများအပေါ် ချိုးဖောက်လျက်ရှိသည်ဟု ဗြိတိန်နိုင်ငံ၏ ထောက်လှမ်းရေး အခွင့်အာဏာတရားရုံး (IPT) က စီရင်သတ်မှတ်ခဲ့သည်။ အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီသည် အင်တာနက်တွင် အများပြည်သူတို့၏ အချက်အလက်များကို ထိုးဖောက်ဝင်ရောက်ကာ လွတ်လပ်ခွင့်များ ချိုးဖောက်နေသည်ဟု လုံခြုံရေး ကန်ထရိုက်တာဟောင်း စနိုးဒန်းက ဖော်ကောင်လုပ် ဖော်ထုတ်ခဲ့သည်။
GCHQ သည်၂၀၀၇ ခုနှစ်မှ စတင်ကာ ၂၀၁၄ နှစ်ကုန်အထိ ခုနှစ်တာမျှ အင်တာနက် ထောက်လှမ်းမှုများကို ဥပဒေမဲ့ အမြောက်အမြား လုပ်ဆောင်ခဲ့ကြောင်း IPT က ပြောဆိုသည်။
ထိုနည်းတူ ဗြိတိန်လျှို့ ဝှက် အေဂျင်စီ MI5သည်လည်း ၁၉၇၀ ခုနှစ်များအတွင်းက မြောက်အိုက်ယာလန်တွင် ကလေးသူငယ်လိင် အလွဲသုံးစားပြုမူမှုများကို ကျုးလွန်ခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်းက စွပ်စွဲထားသည်။
REF : PRESS TV
Mizzima 

No comments: