----- ----- ----- -----
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့တွင် ဖမ်းဆီးရမိထားသော
တရားမ၀င် တင်သွင်းလာသည့် အရက်၊ ဘီယာများကို လမ်းကြိတ်စက်ဖြင့် ကြိတ်၍ ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
လမ်းကြိတ်စက်ဖြင့် ကြိတ်၍ ဖျက်ဆီးခဲ့သော တရားမ၀င် တင်သွင်းလာသည့် အရက်၊ ဘီယာများ၏ တန်ဖိုးမှာ ကျပ်သိန်း ၂၇၀ကျော်တန်ဖိုးရှိပြီး၊ စစ်တွေမြို့
ဝေသာလီ အားကစားကွင်းအနီးတွင် ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖျက်ဆီးခဲ့သည့် တရားမ၀င် တင်သွင်းလာသည့် အရက်၊ ဘီယာ စာရင်းမှာ မြန်မာစည်ဘီယာ ၁၄၇ စည်၊ မြန်မာဘီယာ ၅၉၆၄ ပုလင်း၊ ANDAMAN ဘီယာဗူး ၃၁၁၂၈တို့ဖြစ်ပြီးစုစုပေါင်းတန်ဘိုး ၂၇၈၄၉၀၀၀ ကျပ်ရှိကြောင်း စစ်တွေတရားရုံး၏ စာရင်းအရ သိရသည်။
လမ်းကြိတ်စက်ဖြင့် ကြိတ်၍ ဖျက်ဆီးခဲ့သော ဘီယာဗူးခွံ နှင့် ဘီယာစည်
တို့ကို အရည်ကျို၍ လေလံတင် ရောင်းချသွားမည်ဖြစ်ပြီး ရောင်းချ၍ ရရှိလာသောငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် စစ်တွေမြို့တွင် သာမက အခြား မြို့များတွင်ပါ
အရက်သောက်သုံးမှု နှုန်းမြင့်တက်လျက်ရှိသည်။ လူငယ်များအကြား အရက်စွဲသူ အရေအတွက် များပြားလာသောကြောင့် အရက်ဆန့်ကျင် တိုက်ဖျက်ရေး တစ်ကိုယ်တော် လှုပ်ရှားမှုများလည်း ရှိခဲ့ပြီး၊ အစိုးရအနေဖြင့်လည်း ဖမ်းဆီးရမိသောအရက်များကို ဖျက်ဆီးမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။
Rakhine News Agency

No comments:
Post a Comment