Monday, June 23, 2014

ယူကရိန်းခွဲထွက်ရေးသမားများအား အမေရိကန်အရေးယူပိတ်ဆို့မှုများပြုလုပ်ြ


ဝါရှင်တန် ဇွန် ၂၁
ယူကရိန်းအကျပ်အတည်းသည် ပြေလျော့သွားမည့် လက္ခဏာမတွေ့ ရဘဲဖြစ်နေချိန် ယူကရိန်းအရှေ့ပိုင်းခွဲထွက်ရေးသမားများအား အမေရိကန်က အရေးယူပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အဆိုပါ အရေးယူပိတ်ဆို့မှုတွင် ရုရှားလိုလားသော ခေါင်းဆောင်ခုနစ်ဦး၏ ပိုင်ဆိုင်မှုများကိုပါ ထိန်းချုပ်သွားရန် ပါဝင်သည်။

အနောက်နိုင်ငံ ခေါင်းဆောင်များက ယူကရိန်းတင်းမာမှု ပြေလျော့ သွားအောင်မလုပ်နိုင်၍ ရုရှားကို ထပ်မံအရေးယူမှုများ ပြုလုပ်သွားမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် အထက်ပါကြေညာချက် ထွက်ပေါ် လာခြင်းဖြစ်သည်။
ယူကရိန်းခေါင်းဆောင် ပီထရိုပိုရိုချင်ကို တင်ပြသည့်ပထမအဆင့် ၄င်း၏ငြိမ်းချမ်းရေးအစီအစဉ်ကို ရုရှားနှင့် ခွဲထွက်ရေးသမားများက တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး အစီအစဉ်ဟုဆိုကာ ပယ်ချလိုက်သည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂ (အီးယူ) ခေါင်းဆောင်များက မတ်လတွင် ရုရှားက ယူကရိန်းပိုင် ခရိုင်းမီးယားကို လက်နက်နိုင်ငံပြုပြီးနောက် ယခင်ကတည်းက အရေးယူပိတ်ဆို့ မှုများ ပြုလုပ်ခဲ့သည်။
သောကြာနေ့တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ခွဲထွက်ရေး ခေါင်းဆောင်ခုနစ်ဦးကို နာမည်ပျက်စာရင်း (blacklisted) သွင်းခဲ့ သည်။၎င်းတို့တွင် ကိုယ့်ကိုယ်ကိုယ် မြို့တော်ဝန်အဖြစ် ကြေညာသူများ၊ အုပ်ချုပ်ရေးမှူးဟု ပြောဆိုသူများ၊ ယူကရိန်းတပ်များ အဝိုင်းခံထားရစဉ်တပ်မှူးဟု ပြောဆိုသူများပါဝင်သည်။
အမေရိကန်ရှိ ၎င်းတို့၏ပိုင်ဆိုင်မှုများကိုလည်း ထိန်းချုပ်ထားမည် ဖြစ်ပြီး အမေရိကန်လုပ်ငန်းများကိုလည်း ၎င်းတို့နှင့်အတူ လုပ်ကိုင်ခြင်းကို ပိတ်ပင်သွားမည်ဟု ဆိုသည်။
ရုရှားနိုင်ငံ၏ ကာကွယ်ရေး၊ ဘဏ္ဍာရေးနှင့် အဆင့်မြင့်နည်းပညာ လုပ်ငန်းများကိုလည်း အရေးယူ ပိတ်ဆို့မှုများပြုလုပ်သွားရန် စဉ်းစားနေပြီဖြစ်ကြောင်း အမေရိကန်တာဝန် ရှိသူများက ပြောကြားသည်။
အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်နှင့် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်တို့ နှင့်လည်း အိမ်ဖြူတော်၌ ယူကရိန်း အရေး သီးခြားစီဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
မော်စကိုအနေဖြင့် ယူကရိန်း အရှေ့ပိုင်း တင်းမာမှုအခြေအနေကို လျော့ပါးသွားအောင် ကြိုးစားခြင်း မရှိလျှင် အမေရိကန်နှင့် အီးယူ ခေါင်းဆောင်များက ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံပြုလုပ်သွားရန် သဘောတူထားသည်။
(ဘီဘီစီ

No comments: