ရန်ကုန်၊ ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ
တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်များဖမ်းဆီးအရေးယူနိုင်ရေးအတွက် ၂၁.၆.၂၀၁၄ ရက်နေ့တွင် လသာမြို့နယ်၊ (ဂ) ရပ်ကွက်၊ သိမ်ကြီးဈေး(ဒီ)ရုံ
ရှေ့၌စောင့်ကြည့် သတင်းစုံစမ်းဆောင်ရွက်ခဲ့ပါသည်။
တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်များဖမ်းဆီးအရေးယူနိုင်ရေးအတွက် ၂၁.၆.၂၀၁၄ ရက်နေ့တွင် လသာမြို့နယ်၊ (ဂ) ရပ်ကွက်၊ သိမ်ကြီးဈေး(ဒီ)ရုံ
ရှေ့၌စောင့်ကြည့် သတင်းစုံစမ်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စောင့်ကြည့်နေစဉ် ၁၀၁၀ အချိန်ခန့်၌ သိမ်ကြီးဈေး(ဒီ)ရုံရှေ့
မုန့်ဆိုင်တန်းဝင်ပေါက်အနီးတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး
မြို့နယ်နေ မစန်းအေး၊ (၃၈)နှစ်၊ (ဘ)ဦးကျော်သောင်းမှ ဈေးဝယ်နေသူ အမျိုးသမီးတစ်ဦးလွယ်ထားသော စလင်းဘက်အိတ်အားဇစ်ဖွင့်၍ အတွင်းမှ
ငွေကျပ် (၂၂၀၀၀)ကို နှိုက်ယူနေစဉ် ဖမ်းဆီးရမိခဲ့ပါသည်။
ထိုသို့ဖမ်းဆီးရမိသဖြင့် ၎င်းအား လသာမြို့မရဲစခန်း(ပ)၁၉၁/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၇၉(နှိုက်)/၅၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Credit to > Yangon Police
No comments:
Post a Comment