ရန်ကုန် - ဇွန် (၁၀)
သတင်းထောက်- ၀က်
ကမ္ဘာပေါ်ရှိ Communication ပိုင်းများတွင် နာမည်ရပြီးနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့တွင် မိန်းမများမှ အိမ်ထောင်ရေး ထိန်းချုပ်မှုများဖြစ်ပေါ်လျှက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် အိမ်ရှင်မများသည် ၄င်းတို့ယောကျာ်းများ၏ တည်နေရာကို စမတ်ဖုန်းများမှတစ်ဆင့်ရှာ
ဖွေနိုင်သော ကြောင့်ဖြစ်လေသည်။
ထိုပြသနာကိုဖြေရှင်းနိုင်ရန်အတွက် အာရှအတွင်းရှိနိုင်ငံ များအတွင်း ၄င်းပြသနာဖြစ်ပွားမှုအနည်းဆုံး နိုင်ငံအား စစ်တမ်းကောက်ယူရာ မြန်မာနိုင်ငံအားထိပ်ဆုံးတွင်
ထိုပြသနာကိုဖြေရှင်းနိုင်ရန်အတွက် အာရှအတွင်းရှိနိုင်ငံ များအတွင်း ၄င်းပြသနာဖြစ်ပွားမှုအနည်းဆုံး နိုင်ငံအား စစ်တမ်းကောက်ယူရာ မြန်မာနိုင်ငံအားထိပ်ဆုံးတွင်
တွေ့ရှိရပြီး မြန်မာနိုင်ငံ၏ Communication ကိုချုပ်ကိုင် ထားသည်မှာ မြန်မာ့ဆက်သွယ်ရေး (MPT) ဟုသိရသဖြင့် ၄င်းတို့သည် MPT ထံ သို့ဆက်သွယ်မေးမြန်းရာ MPT မှ ထိုသို့သောပညာရပ်မှာ အလကားမရနိုင်ကြောင်း၊
တစ်နိုင်ငံလျှင်သင်တန်းသား ၅၀ စီခန့်စေလွှတ် သင်ကြားစေနိုင်ကြောင်း၊ ယခုဖွင့်မည့် သင်တန်းမှာ ပထမဆုံးဖြစ်သဖြင့်လည်း သင်တန်းကြေး ၁၀% ကိုလျှော့ပေးမည်ဖြစ်ကြောင်း၊ မိမိစားရိတ်ဖြင့်နေထိုင်စားသောက်ကာ နှစ်လခန့် သင်ကြားရမည်ဖြစ်ကြောင်းပြန်ကြားခဲ့သဖြင့်

မြန်မာ့ဆက်သွယ်ရေး (MPT) မှဖွင့်လှစ်သော Data Communication Out of Service ပြုလုပ်နည်း စာတွေ့လက်တွေ့သင်တန်းသို့တက်ရောက်ရန်၊ အတွက် တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်တို့မှ နာမည်ကြီး Communication ကုမ္ပဏီများမှ သင်တန်းသား အယောက် (၅၀) စီသည် မြန်မာနိုင်ငံသို့ယနေ့ မနက်လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာခြဲ့ခင်းဖြစ်သည်။
သတင်းထောက်- ၀က်

No comments:
Post a Comment