မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၁ ဒသမ ၇ သန်းရှိသော်လည်း NLD ကို ကြိုက်သူ သောင်းဂဏာန်းသာရှိ ကြောင်း သတင်းရရှိသည်။
ဖေ့စ်ဘွတ်ခ်တွင်ဖော်ပြသောညွှန်းကိန်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူပေါင်း တစ်သန်းခုနစ်သိန်းနှစ်သောင်းရှိနေပြီး အသုံးပြုသူများတွင် အမျိုးသမီးဦးရေခြောက် သိန်းရှစ်သောင်းနှင့် အမျိုးသားဦး ရေ တစ်သန်းလေးသောင်းရှိနေ ကြောင်းသိရှိရသည်။ နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများ အားလုံးမှာ Facebook သုံးစွဲကြပြီး အချို့မှာ အကောင့် ၂ ခု ၃ ခုရှိကြောင်းသိရသည်။
ပြည်တွင်းနှင့် ပြည်ပ အားလုံးပေါင်းလျှင် ၂ သန်းခွဲကျော်ရှိသော်လည်း NLD Facebook ကို Like ပေးထားသူမှာ ၁ သိန်းခွဲ သာရှိသဖြင့် ၆% ခန့်သာ NLD ကို ကြိုက်ကြကြောင်း သိရသည်။ ထို ၁ သိန်းခွဲမှာလည်း ပြည်ပရောက် မြန်မာများသာဖြစ်ပြီး ပြည်တွင်းရှိ Facebook သုံးသူ ပညာတက် အသိုင်းအဝိုင်းကမူ NLD ကို မကြိုက်ကြကြောင်း တွေ့ရသည်။ ပြည်ပရောက် ဒီမိုကရေစီနာမည်ခံ အင်အားစု များမှာ ဒေါ်အောင်ဆန်းစုကြည် နာမည်ဖြင့် မျောက်ပြဆန်တောင်း နေကြသဖြင့် အကောင့် ၃ ၄ ခုဖြင့် Like ပေးထားကြောင်း သိရသည်။
လက်ရှိမြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက ရောင်းချပေးခဲ့ သည့် မိုဘိုင်းတယ်လီဖုန်းပေါင်း ရှစ်သန်းကျော်တွင် မေလအထိ စာရင်းများအရ အင်တာနက် လျှောက်ထားအသုံးပြုသူမှာ ၂ ဒသမ ၄ သန်းခန့်ရှိနေပြီဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှသိရသည်။ မြန်မာလူထု သန်း(၆၀) ထောက်ခံသည်ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ Facebook မှာ ကြိုက်သူ တစ်သိန်းခွဲသာရှိခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီဝင်များအတွက် သံဝေဂ ရစရာ (သို့မဟုတ်) ရှက်စရာတစ်ခု ဖြစ်နေကြောင်း ဝေဖန်မှုများ ရှိနေသည်
No comments:
Post a Comment