Monday, June 9, 2014

ငါးဖမ်းစက်လှေမှ ကျနေသည့်ကြိုးနှင့် ခရီးသည်တင်သမ္ဗာန်၏ ပန်ကာတို့ငြိပြီး သမ္ဗာန်တိမ်းမှောက်

ရန်ကုန်၊ ဇွန် ၉ ၈.၆.၂၀၁၄ ရက်နေ့ ၁၂၀၀ အချိန်ခန့်တွင် ရန်ကုန်မြစ်အတွင်း ဦးအောင်ဇော် မောင်းနှင်သည့် ခရီးသည်(၉)ဦးတင်ဆောင်လာ သော စက်တပ်သမ္ဗာန်သည် ရန်ကုန်ဘက်မှ ဒလဘက်သို့ မောင်းနှင်လာစဉ် ဗိုလ်တထောင်အမှတ်(၃)ဗောတံတားရှေ့ ရေပြင်အရောက် ပင်လယ်ဝသို့ ပဲ့နင်းငယ် ကိုမျိုးမင်းဇော် မောင်းနှင်လာသည့် ရွှေမြင်း (၈၀၇)ငါးဖမ်းစက်လှေပေါ်မှ ကျနေသော ငါးဖမ်းပိုက်တွင် အသုံးပြုသည့်ကြိုးနှင့် သမ္ဗာန်၏ ပန်ကာတို့ ငြိကာ သမ္ဗာန်မှာတိမ်းစောင်းနစ်မြုပ်သွားခဲ့ပါသည်။
ထိုသို့ သမ္ဗာန်နစ်မြုပ်ခဲ့ရာ ခရီးသည်(၉)ဦးအနက် ဒလမြို့နယ် နေသူများဖြစ်သည့် မဇင်မာနွယ်(၁၉)နှစ် နှင့် ဒေါ်လှကြည် (၆၅)နှစ်တို့(၂)ဦးမှာ ရေမွန်းသွားသဖြင့် ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးသို့ ပို့အပ်ကု သခဲ့ရာ မဇင်မာနွယ်မှာ အတွင်းလူနာ (စိုးရိမ်ရ)အဖြစ်လည်းကောင်း၊ ဒေါ်လှကြည်မှာ အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ်လည်းကောင်း ကုသမှုခံယူခဲ့ရပါသည်။ ယင်းသို့ ရေယာဉ်များအားပေါ့ဆစွာမောင်းနှင်သူ ဧရာဝတီတိုင်း ဒေသကြီး၊ဒေးဒရဲမြို့နယ်နေ ငါးဖမ်း စက်လှေမောင်း ကိုမျိုးမင်းဇော်၊ (၂၉)နှစ်နှင့် ဒလမြို့နယ်နေ သမ္ဗာန်မောင်း ဦးအောင်ဇော် (၄၄)နှစ် တို့(၂)ဦးအား ဆိပ်ကမ်းမြို့မရဲစခန်း (ပ)၁၆၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၀/၃၃၈ ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်

No comments: