ဘရပ်ဆဲလ်/မော်စကို
လျှော့ချ ပေးထားသော ဓာတ်ငွေ့ဈေးနှုန်း ကို ယူကရိန်းအစိုးရအနေဖြင့် မပယ်ချရန် ရုရှားသမ္မတပူတင်က သတိပေးခဲ့သော်လည်း ယူကရိန်းက ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။
ဥရောပက ကြားဝင်ညှိနှိုင်း ပေးခဲ့သော ဘရပ်ဆဲလ်မြို့ဆွေး နွေးပွဲတွင် ရုရှားနှင့် ယူကရိန်း တာဝန်ရှိသူများ ငါးနာရီကြာ ငြင်းခုံဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီမှုတစ်ရပ် ထွက်ပေါ်လာခြင်း မရှိပေ။
‘‘ကျွန်တော်တို့ရဲ့ ကမ်းလှမ်း မှုကို ပယ်ချလိုက်ရင် လုံးဝကွဲပြား တဲ့ နောက်တစ်ဆင့်ဆီ ကျွန်တော် တို့ ရွှေ့သွားမယ်’’ဟု မော်စကိုမြို့ ၌ ပြုလုပ်သော အစိုးရအဖွဲ့၏ အစည်းအဝေးတွင် ပူတင်က ပြောသည်။
‘‘ဒါဟာ ကျွန်တော်တို့ရဲ့ ရွေးချယ်မှု မဟုတ်သလို အဲဒီရွေးချယ် မှုကိုလည်း မလိုချင်ပါဘူး’’ဟု ပူတင်ကပြောသည်။
ဓာတ်ငွေ့ဈေးနှုန်းကို ကုဗ မီတာ တစ်ထောင်လျှင် ကန်ဒေါ် လာ ၁၀၀ ဈေးလျှော့၍ နောက်ဆုံး ဈေး ကန်ဒေါ်လာ ၃၈၅ ဖြင့် ရုရှားနိုင်ငံက ကမ်းလှမ်းခဲ့ကြောင်းပူတင်က ပြောကြားသည်။
ယင်းအပေါ် ထပ်မံ၍ဈေး လျှော့ရန် တောင်းဆိုခြင်းဖြင့် ဆွေးနွေးပွဲများ ရှေ့မဆက်နိုင်ရေး ယူကရိန်းအစိုးရက လုပ်ဆောင် နေသည်ဟု ပူတင်က စွပ်စွဲပြော ကြားသည်။
ရုရှားစွမ်းအင်ဝန်ကြီး အ လက်ဇန်းဒါးနိုဗက်နှင့် တွေ့ဆုံ စည်းဝေးခဲ့သော ယူကရိန်းစွမ်း အင်ဝန်ကြီး ယူရီပရိုဒန်ကမူ မော် စကိုဘက်က စိတ်ပြောင်းသွား လျှင် အလွယ်တကူ ပြန်လည်ရုပ် သိမ်းသွားနိုင်သည့် ကမ်းလှမ်းမှု မျိုးကို ယူကရိန်းက လက်မခံနိုင် ဟု ပြောကြားသည်။
ယူကရိန်းအနေဖြင့် ဈေးကွက်ပေါက်ဈေးအတိုင်း စီးပွားဖြစ် ကန်ထရိုက်ချုပ်ဆိုခြင်းကို အလိုရှိသည်ဟု ၎င်းက ဆက်လက် ပြောသည်။
မော်စကိုမြို့ပြင်ပ နိုင်ငံ့အိမ်တော်၌ ကျင်းပသော အစည်းအဝေးသို့တက်ရောက်လာသည့် သမ္မတပူတင်ကို ဇွန်လ ၁၁ ရက်က တွေ့ရစဉ် (RIA Novosti/REUTERS)
Ref: AFP
No comments:
Post a Comment