Jun 12, 2014
#ရှမ်းနီအမျိုးသားရေး အစည်းအရုံး
မြန်မာပြည်မြောက်ပိုင်း ဖားကန့်မြို့နယ် ဆိပ်မှုကျေးရွာ မှော်ရှန်ရပ်ကွက်၊ ဦးစိုင်းပွဲ + ဒေါ်အဲဌေး (မြစန္ဒာ)၏ နေအိမ် (ဓာတ်ဆီရောင်း) သည် (20.5.2014) ၊ အချိန် နံနက် ၁၀း၀၀ နာရီဝန်းကျင်ခန့် တွင် ဓာတ်ဆီလာဝယ်သူရောက်ရှိ လာပါခဲ့ပါသည်။ ထိုနောက် ဓာတ်ဆီဝယ်ယူပြီး ပုံးထဲသို့ ဆီထည့်ပေးနေစဉ် ဆီပုံးထဲမှာ မီးတောက်များထွက်လာပြီး မီးလောင်းမှုဖြစ်ပွားခဲ့ပါသည်။
ဆီဆိုင်ဖြစ်သောကြောင့် မီးကူးစက်မှုမှာ အလျင်အမြန် ပင်ဘေးဖက်သို့ ကူးစက်သွားပါသည်။ (၁၅)မိနစ်ခန့်ကြာသောအခါ အနီးအနားမှ ဘက်ဖိုး(back hoe) ရောက်ရှိလာပြီး ဘေးအိမ်များသို့ ဆက်လက်မီးကူးနိုင်အောင် ရိုက်ဖျက်ပေးခဲ့သောကြောင့် မီးကူးစက်နိုင်မှု အရှိန် လျော့ကျသွားခဲ့ပါသည်။ ဆက်လက်ပြီး မီးသတ်ကားများဖြင့် ငြိမ်းသတ်မှုများကြောင့် (၃၀)မိနစ် အကြာခန့်တွင် မီးများအားလုံး ငြိမ်းသွားခဲ့ပါသည်။
စတင်မီးလောင်သောနေအိမ်မှာ ဦးစိုင်းပွဲ + ဒေါ်အဲဌေး နေအိမ်ဖြစ်သော် လည်း ဆွေးမျိုးတော်စပ်သူ မမိုလျန်တို့သားအမိကို အိမ်အငှားထားခဲ့ပါသည်။ မီးလောင်မှုတွင် ကူးစက်ခံရသော ဘေးအိမ်မှာ ဦးကျော်စိုး + ဒေါ်ထွယ်ရာ အိမ်ဖြစ်ပြီး၊ ထရံကာသွပ်မိုးတစ်ထပ်အိမ်ဖြစ်ပါသည်။ ပြန်ဆောက်လျှင် ကာလတန်းဘိုအရ သိန်းသုံးဆယ်ခန့်ရှိပါသည်။
မီးလောင်းမှုဖြစ်ပွားပြီး (၃) (၄)ရက်ခန့် (24.5.2014) နေ့တွင် မအဲဌေး၏အမ မအေးရွှေမှာ တာမခံနတ်ရေတောင်မှ ရောက်ရှိလာပြီး မီးလောင်ခံရသူ ဘေးအိမ် မှဒေါ်ထွယ်ရာအား လူမှုရေးအရ ငွေ (၁၅)သိန်းနှင့် ဆန်တစ်အိတ်ပေး အပ်ရာ ကျေနပ်ဟန်မရှိဘဲ ’’ ဒါ ကချင်ပြည်နယ် အားလုံးသတ်ပစ်မယ်။ ငါအဆိပ်ရှိတယ် ‘’ ဆိုပြီး ခြိမ်းခြောက်မှုများဖြင့် တန်ပြန်ပြောဆိုခဲ့ပါသည်။
25.5.2014နေ့တွင် ငွေ သိန်း ၂၀ ကိုင်၍ ဒေါ်ထွယ်ရာအိမ်သို့ သွားရာ ဒေါ်ထွယ်ရာမှာ အိမ်ထဲသို့မ၀င်မှီ ကော်ထိုင်ခုံများ ရိုက်ခွဲ၍ ကြမ်းတမ်းစွာဆက်ဆံခဲ့သောကြောင့် အိမ်ဝင်းအပြင်မှပင် ပြန်လှည့်ခဲ့ရကြောင်း သိရပါသည်။
28.5.2014 ၇က်နေ့တွင် ဒေါ်ထွယ်ရာမှာ KIA တပ်ရင်း (၆)သို့တိုင်းကြားထား ခဲ့ပြီး မိုလျန်တို့ သားအမိနှစ်ဦးအား ဆိုင်းတောင်ရွာဟောင်းသို့ ခေါ်၍ ကံကြမ္မာအရ ဖြစ်လာသော မီးလောင်မှုအား သိန်း (၅၀၀) အလျော်ပေးရန် တောင်းခဲ့ပါသည် ။ လျော်ကြေးတောင်းစဉ်ပြောဆိုလာသော စကားများသည် သားအမိနှစ်ဦးအား ကြောက်ဒူးများတုန်ကာ မည်သို့မှ မပြောဆိုတတ်ခဲ့ပါ။
အိမ်ပြန်ဆောက်ပေးလျှင် ကျေနပ်ပါမည်ဟု ပြောဆိုခဲ့သော်လည်း နောက်နေ့ရောက်သောအခါ အိမ်ပြန်ဆောက်ပေးတာမလိုချင်ကြောင်း ၊ ငွေကြေးသာပေး ရန် ဖြစ်သွားပါကြောင်း၊ မမိုးလျန်တို့သားအမိမှာ တောင်း ဆိုလာသော ငွေကြေး ကို ပေးလျော်နိုင်သည့်အထိ အခြေအနေမရှိပါ။ ဆွေမျိုးအသိုင်းအ၀ိုင်းကို အပူကပ်ပြီး အဆင်ပြေရေးကိုသာ ဇောစိတ်ဖြစ်ပေါ်
နေပါသည်။ ဘေးမှ ညှိနှိုင်းဆောင်ရွက်ချက်အရ ငွေသိန်း (၁၈၀)ကိုပေးလျော်ပေးရန် ယတိပြတ်ချမှတ်ပါတော့သည်။
(29.5.2014)နေ့တွင် ဆွေမျိုးအသိုင်းအ၀ိုင်းကို တစ်ဦးအနည်းငယ်စီ အကူအညီတောင်း၍ ငွေသိန်း(၁၈၀)ကို ပေးရမည်ဖြစ်ကြောင်း သိရပါသည်။ ဖြစ်စဉ်နှင့်လုပ်ရပ်များသည် ဘယ်လိုတရားမျှတမှုမရှိ။ အားကိုးရှိ၍ ပြည်သူအချင်းချင်း အကြောက်တရားဖြင့် ဖိအားပေး ခြင်း သာဖြစ်သည်။

No comments:
Post a Comment