Thursday, June 12, 2014

သန္တိသုခကျောင်းရဲ့ယခင်သတင်းစာ ရှင်းလင်းပွဲ ဘာတွေ ထူးခြားလဲ ?


Jun 12, 2014
သန္တိသုခကျောင်းတော်ကြီးကိစ္စက သာမန်လူပုဂ္ဂိုလ်တွေနားမလည်နိုင်တဲ့ကိစ္စအများကြီးရှိပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှာ မဟုတ်ပေမယ့် သတင်းစာရှင်းလင်းပွဲလုပ်တဲ့နေ့က တက်ရောက်ခဲ့သူဖြစ်တဲ့အတွက် ကိုရင့်ဘက်က အမြင်လေးကို ပြောပြချင်ပါတယ်။ ပီနန်ဆရာတော်ကြီးအပြင် လက်ရှိကျောင်းတော်ကြီးကိုထိမ်းသိမ်းနေတဲ့ ဆရာတော်တွေ က ကျောင်းရဲ့ပိုင်ဆိုင်မှုအထောက်အထား  အစဉ်အဆက် ကျောင်းကဖယ်ပေးခဲ့ရပုံ ဦးခင်ညွန့် (ဝန်ကြီးချုပ်ဟောင်း) လက်ထက်သဘောတူညီထားချက်တွေကို ရှင်းလင်းပြောဆိုတာကို နားထောင်ခဲ့ပါတယ်။


သံဃာတော်အခြင်းခြင်းဖြစ်တဲ့ကိစ္စအတွက် လက်ဝင်မလျှိုမိအောင်ပဲ စိတ်ထားလိုက်ပါတယ်။ ဒါပေမယ့် အမျိုးဘာသာ သာသနာကိုထိရင်အသည်းဆတ်ဆတ်ခါနာတတ်သူအဖို့ ထူးခြားမှုတွေကို မျက်ဝါးထင်ထင် တွေ့လာရ တာလေးတွေတော့ရှိတယ်။အဲဒါကတော့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ NLD 88 ကလူတွေအများစုတက်ကြတယ် မင်းကိုနိုင် ကိုကိုကြီး မိုးဟိန်း မိုးသီးဇွန် သရုပ်ဆောင်ဇင်ဝိုင်း ဒိုင်းမွန်းရွှေကြည်မလေးရှားတွင်နေထိုင်သည်ဟုပြောသော ပြည်တွင်းပေါက်မွတ်ကုလားမတို့တက်ရောက်ကြတာတွေ့ရတယ်။ အ ခုပြောတဲ့လူတွေဟာ သာသနာတော်အတွက် ကောင်းကျိုးဖြစ်စေလိုတဲ့စေတနာရှိသူတွေလားဆိုတာစဉ်းစားကြည့်ပါ။ မလေးမှာနေတဲ့ပြည်တွင်းပေါက်မွတ်ကုလားမ ဆိုရင် ဒီကျောင်းအတွက် သူဘယ်လိုလှူခဲ့တယ်ဆိုတာကို အာဘောင်အာရင်း သန်သန်နဲ့မိုက်ကိုင်ပြော သွားတာကိုတွေ့ရတယ်။


ဖြစ်စဉ်ကိုအကြမ်းဖျဉ်းသုံးသပ်ကြည့်ရင် ကိုရင့်အတွေ့အကြုံအရ စင်းလုံးချောဖြစ်မနေဘူး။ နိုင်ငံရေးမြုပ်ကွက်တွေရှိနေတယ်။ သံဃာတော်တွေကို ပုတ်ခတ်စော်ကားခဲ့တဲ့ မိုးသီးဇွန်လိုကောင်က ကယ်တင်ရှင်ယောင်ယောင်သဘောတွေဝင်ဖျာခင်းသွားတာတွေ့ရတယ်။ အဲဒီပွဲကိုတက်သူတိုင်း သတိထားမိမှာပါ။


မဟနနဲ့ ပီနန်ဆရာတော်ကြီးနဲ့သံဃာအတော်များများဖြစ်နေတဲ့ကိစ္စပြဿနာကို ဘာမသိညာမသိ ဝင်ပြောပြီးအကုသိုလ်ယူမိမှာစိုးလို့စေတနာနဲ့ပြောတာပါခင်ဗျား။



ကိုရင်လူထွက် ငပိချက်

No comments: