Friday, June 13, 2014

ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံပြီး လကမ္ဘာ ပေါ် ကို ဟန်းနီးမွန်း ထွက်မယ့် သန်းကြွယ်...

ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံပြီး လကမ္ဘာ ပေါ် ကို ဟန်းနီးမွန်း ထွက်မယ့် သန်းကြွယ်သဋ္ဌေးကြီး တွေ ရှိပါတယ်။
ဒေါ်လာ ၁ သောင်း တန် ၀ိုင်အရက် (red wine) နေ့စဉ်သောက်သုံး နိုင်တဲ့ သဋ္ဌေးကြီး တွေ ရှိပါတယ်။
ဒေါ်လာ ၅ သန်း ၁ ရက် အတွင်း အရှုံးခံ ပြီး စင်္ကာပူက ကာစီနို မှာ ကစားခဲ့တဲ့ သန်းကြွယ်သဋ္ဌေးကြီး လဲရှိတယ်။
စင်္ကာပူနိုင်ငံသား အများစု အနားမကပ်နိုင်တဲ့ မောင့်အဲလီးဇဘက် ဆေးရုံကြီး မှာ နှာစေးချောင်းဆိုးက အစ လာပြတဲ့ ဗိုလ်ချုပ်ကြီးတွေ နဲ့ သူတို့ရဲ့ မိသားစုဝင်တွေရှိပါတယ်။

ဒေါ်လာ သောင်း ကျော်တန်တဲ့ ဒီဇိုင်နာ လက်ကိုင်အိတ်တွေ ကို အမေရိကား က လစဉ် လှမ်းမှာပြီး သုံးတဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ ဇနီးတွေ သမီးတွေ လဲ ရှိပါတယ်။
၁ လ သိန်း ၅၀၀ မုန့်ဖိုးနဲ့ မလောက်င ရှာတဲ့ ဒု/ဗိုလ်မှူးကြီး တစ်ယောက်ရဲ့ သား တော်မောင်မျိုးလဲ ရှိပါသေးတယ်။
ဒါကြောင့် မြန်မာပြည်မှာ ဒီမိုကရေစီစနစ် လွယ်လွယ်ရလိမ့်မယ်လို့ မထင်ပါနဲ့ ခင်ဗျာ။ အာဏာရ အသိုင်းအ၀ိုင်း က လဲ သူတို့ ကြွယ်ဝချမ်းသာမှု အတွက် အာဏာ ကို လက်မလွှတ်ဘဲ ဖက်တွယ်ထားမှာပါ။
အချောင်သမားတွေ ကလဲ နိုင်ငံရေးသမားယောင်ယောင် အမျိုးသားရေးသမားယောင်ယောင် နဲ့ အာဏာရှင်အလိုကျ ပြည်သူတွေအပေါ် သစ္စာဖောက်နေအုံးမှာပါဘဲ။
ကျွန်တော်တို့ တိုင်းပြည်အနာဂါတ်အတွက်၊ ကျွန်တော်တို့ မျိုးဆက်သစ်တွေ အတွက် အခုအချိန်ဟာ နောက်ဆုံးတိုက်ပွဲဖြစ်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် လဲ အသက်အရွယ်ကြီိးလာပါပြီ။
ကျွန်တော်တို့ အတွက် အချိန်မရှိတော့ပါဘူးခင်ဗျာ။

Credit to Melvin Moe
News of Myanmar

No comments: