သရုပ်ဖော် ပန်းချီ ဆရာကြီး ဦးသောင်းဟန်၏ ဒုတိယအကြိမ်မြောက် တစ်ကိုယ်တော်ပန်းချီပြပွဲကို မြန်မာနိုင်ငံ ပန်းချီ ၊ပန်းပုအစည်းအရုံး(ဗဟို)တွင် ဇွန် ၁၂ ရက်မှ ၁၇ ရက်အထိ ပြသလျှက် ရှိသည်ဟု ဆရာကြီး၏ တပည့်ဖြစ်သူ ပန်းချီဆရာ ဦးဝင်းသော်က မဇ္စျိမကိုပြောသည်။
“ ဆရာက အသက်လည်းကြီးပြီ ။ကျန်းမာရေးကလည်း နည်းနည်းညံ့နေတယ်။ လက်ထဲမှာလည်း ပန်းချီကားကလည်း သိပ်မကျန်တော့ဘူး။ဒါကြောင့် ရှိတဲ့ ပန်းချီကားလေးနဲ့ပြသလိုက်တာပါ။ ပန်းချီ ၊ ပန်းပုအစည်းအရုံးကလည်း ပြခန်းစပွန်ဆာပေးပါတယ်။ဆရာကတော့ ကျန်းမာရေး မကောင်းလို့ ပွဲကိုမလာနိုင်ပါဘူး” ဟု၎င်းကပြောသည်။
အဆိုပါ ပြပွဲတွင် ပန်းချီဆရာကြီး ဦးသောင်းဟန်၏ သက်တမ်းတစ်လျှောက် ရေးသားခဲ့သည့် ပန်းချီကားများမှ ကျန်ရှိနေသည့် ပန်းချီကားများကို ပြည်သူလူထုများ သိရှိစေရန် ဆရာကြီး၏ မိသားစုဝင် နှင့် တပည့်များက ဦးဆောင်ပြသလျှက်ရှိသည်။ ယခုအခါတွင် ဆရာကြီးဦးသောင်းဟန်သည် အသက် ၈၄ နှစ်ရှိပြီဖြစ်သည်။
အဆိုပါပြပွဲတွင် ဆရာကြီး ဦးသောင်းဟန်၏ ကိုယ်ပိုင် ပန်းချီကားများနှင့် ဆရာကြီး၏ ပန်းချီကား စုဆောင်းထားသည့် သူများကလည်း ယင်းပန်းချီကားများကို ပြသကြမည်ဖြစ်သည်။
ယင်းပြပွဲတွင် ပန်းချီကား ၅ဝ ကိုပြသလျှက်ရှိပြီး ဖွင့်ပွဲနေ့၌ပင် ဆရာကြီး၏ ပန်းချီကား ၇ ကားကို ရောင်းချရပြီး ယင်းပန်းချီကားများသည် မြန်မာငွေကျပ် ၅သိန်းမှ သိန်း ၂ဝ အထိ သတ်မှတ်ထားခြင်းဖြစ်သည်။
သရုပ်ဖော်ပန်းချီဆရာကြီး ဦးသောင်းဟန်သည် ၁၉၅၂ ခုနှစ် ရန်ကုန် ပန်းချီ ၊ ပန်းပုကျောင်း၏ ပထမဦးဆုံး ကျောင်းသားတစ်ယောက်ဖြစ်ပြီး ၁၉၅၃ ခုနှစ်တွင်
အထက်တန်း ပန်းချီအနုပညာ နည်းပြဆရာ အဖြစ်လုပ် ဆောင်ခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် သရုပ်ဖော် ပန်းချီဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ကမ္ဘာ့ကုလသမ္မဂ အရှေ့တောင်အာရှ ကျန်းမာရေး အဆောက်အဦးကို နံရံပန်းချီရေးဆွဲခဲ့သူ တစ်ဦးဖြစ်သည်။
အထက်တန်း ပန်းချီအနုပညာ နည်းပြဆရာ အဖြစ်လုပ် ဆောင်ခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် သရုပ်ဖော် ပန်းချီဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ကမ္ဘာ့ကုလသမ္မဂ အရှေ့တောင်အာရှ ကျန်းမာရေး အဆောက်အဦးကို နံရံပန်းချီရေးဆွဲခဲ့သူ တစ်ဦးဖြစ်သည်။
Written by မိုးသူ
Mizzima
No comments:
Post a Comment