

23 May 2014
ရက္ခိုင်တပ်မတော် { AA } ဒုစစ်ဦးစီိးချုပ် ဒေါက်တာ ညိုထွန်းအောင်နှင့်အဖွဲ့သည် ယနေ့နံနက်တွင် မြောက်ဦးမြို့သို့ မင်းပြားမြို့မှတဆင့်ရောက်ရှိလာသောကြောင့် မြောက်ဦးမြို့သူမြို့သား ရာပေါင်းများစွာမှ မင်္ဂလာအောင်စည်များ တီးခတ်၍ မြောက်ဦးမြို့ဝင်လမ်းမှ စတင်ပြီး ဒုစစ်ဦးစီးချုပ်နှင့် ရက္ခိုင်တပ်မတော်သားများကို နွေးထွေးစွာကြိုဆိုခဲ့ကြသည်။

ထို့ပြင် ရက္ခိုင်တပ်မတော်အဖွဲ့သည် ယနေ့ နေ့လည်တွင် မြောက်ဦးမြို့ နန်းတော်ကုန်း တတိယထပ်တွင် မြို့နေပြည်သူလူထုတို့နှင့် တွေ့ဆုံဆွေးနွေးပွဲတခုပြုလုပ်သွားမည်ဖြစ်သည်။
Credit
Aung Soe Myint
No comments:
Post a Comment