![]() |
| အင်္ဂလိပ်ဘာသာဖြင့်ရေးသားသော Myanmar Times တွင် ရိုဟင်ဂျာ စကားလုံးအား ပေါ်ပေါ်တင်တင်အသုံြး့ပုနေခြင်း |
23 May 2014
မျက်မှောက်ခတ်အခြေနေကို မြင်ရ ၊ ကြားရတော့နယ်ဆင်မဲ့ဒယ်လား ထောင်ကလွှတ်ခါနီး သူ နဲအတူ လူတန်းစားခွဲခြားမူပပျောက်ရေး တိုက်ပွဲဝင်ခဲ့တဲ့ ဇနီးဖြစ်သူ ၀င့်နီတို့ သဘာထားကွဲလွဲကြတာလေးကို အမှတ်ရမိတယ်။ အဲဒီအချိန်က အာဖရိကမှာအုပ်ချူပ်နေတဲ့ လူဖြူတွေက လူဖြူ ၊ လူမည်း တစ်ဝက်စီပါတဲ့ အုပ်ချူပ်ရေးကြေငြာလိုက်တယ်။လူမည်းအများစုက ဒါကို လက်မခံဘူး။ သူတို့ခံထားရတာ များတော့ ပြန်လက်စားချေချင်တဲ့စိတ်တွေ ၊ မပြေနိုင်သေးတဲ့ မုန်းတီးမူတွေနဲပေါ့။
ဝင့်နီက လက်မခံချင်တဲ့ လူမည်းလူထုတွေဘက်က ။ မဲဒယ်လားက အတူယှဉ်တွဲစွာ နေထိုင်ရေးဘက်က ။ ထောက်ခံတဲ့သူနဲ မထောက်ခံတဲ့သူ အဲလိုကြေငြာတဲ့အချိန်မှာ အချင်းချင်း ပဋိပက္ခဖြစ်ကြတယ်။ ထောက်ခံတဲ့သူတွေကို သစ္စာဖောက်လို့ မြင်ကြတယ်။ ရိုက်သတ်ကြတယ်။
အဲဒီအချိန်မှာ နယ်ဆင်က
သူမိန်းမနဲ တကွ ပြည်သူကို မိန့်ခွန်းပြောတယ်။သူပြောသွားတာ အကုန်လုံး မမှတ်မိပေမယ်။ နားလည်လိုက်တာလေးရှိပါတယ်။
ပြည်သူတွေမှားရင် မှားတယ်လို့ထောက်ပြရမယ်။ လမ်းပြရမယ်။ သင်ကြားရမယ် ။ ပြသရမယ် ။ အပ်ကျူကိတ် ဖြစ်အောင် လုပ်ရမယ်။ ပြည်သူတွေထောက်ခံမူကို သာယာစီးမမျှောသင့်ဘူးလို့ပြော သွားတာပါ။
နားလည်အောင် ပြောရရင် သားသမီးတွေ အလိုမလိုက်ရဘူးပုံစံပါဘဲ။ လူထုကို အပ်ကျူကိတ်ဖြစ်အောင် လုပ်ရမယ့်သူတွေက ။ လူထုပြစ်ပယ်သွားမှာ ကြောက်ပြီး အပ်ကျူကိတ်ဖြစ် အောင်မလုပ်ဘဲ သာယာစီးမျောနေတဲ့ အရာတွေ အများကြီးတွေ့တွေ့နေရတယ်။
ဒီဆောင်ပုဒ်က နိုင်ငံခေါင်းဆောင်တင်မကပါဘူး။ လူထုကို ချပြနေတဲ့ သတင်းမီဒီယာများကပါ အတုယူသင့်ပါတယ်။
အရေးအသားတွေက လူတွေရဲ့ စိတ်ကို ထိုးဆွနေသလို့ ။ အပ်ကျူကိတ်မဖြစ်ဘဲ ဒေါသတွေဖြစ်စရာတာတိုးလာသင့်တဲ့ကိစ္စတွေ မလုပ်သင့် ဘူး။ တစ်ချို့က တော့ သိသိကြီးနဲ ချနေကြတယ်။ အချို့ကတော့ မသိဘဲနဲ လုပ်နေကြတယ်။
စာဖတ်ပရိတ်တွေမှာ လူတန်းစားပေါင်းစုံရှိပါတယ်။ အဆိပ်ပါမှန်းမသိတဲ့သူနဲ အဆိပ်ပါမှန်းသိတဲ့သူ ။ သိတဲ့သူက ဖယ်စားနိုင်ပေမယ့် မသိဘဲ ၀ါးမြိုချမိတဲ့သူတွေကတော့ အဆိပ်သင့်နေတယ်။ အဆိပ်ဖြေပေးကြပါ ။
အိဖြူမွန်

No comments:
Post a Comment