ပြုံယမ်း၊ မေ ၁၇
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်း မြို့တော်ရှိ လူနေအဆောက်အအုံတစ်ခု ပြိုကျခဲ့သဖြင့် အစိုးရအရာရှိများက မိသားစုဝင်များကို တောင်းပန်လျက်ရှိပြီး ယင်းဖြစ်ရပ်မှာ ရှားရှားပါးပါးဖြစ်ရပ် တစ်ခုဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်း မြို့တော်ရှိ လူနေအဆောက်အအုံတစ်ခု ပြိုကျခဲ့သဖြင့် အစိုးရအရာရှိများက မိသားစုဝင်များကို တောင်းပန်လျက်ရှိပြီး ယင်းဖြစ်ရပ်မှာ ရှားရှားပါးပါးဖြစ်ရပ် တစ်ခုဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အင်္ဂါနေ့တွင် ဖြစ်ပွားခဲ့သော အဆောက်အအုံ ပြိုကျမှုသတင်းကို ကိုရီးယားဗဟို သတင်းအေဂျင်စီက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါသတင်းတွင် လူမည်မျှ သေဆုံးကြောင်း ရှင်းလင်းစွာ ဖော်ပြမထားသော်လည်း အချို့သော သတင်းများတွင် သေဆုံးသူဦးရေ ၁၀၀ ကျော်နိုင်ကြောင်း ခန့်မှန်းဖော်ပြထားသည်။
ပြိုကျသွားသော အဆောက်အအုံ မှာ ၂၃ ထပ် အမြင့်ရှိသည်ဟု တောင်ကိုရီးယား အရာရှိများက AP သတင်းကို ပြောကြားသည်။
ယင်းကဲ့သို့သော အနုတ်လက္ခဏာဆောင်သည့် သတင်းများကို မြောက်ကိုရီးယားနိုင်ငံက ဝန်ခံပြောကြားလေ့ မရှိဘဲ ထိပ်တန်း အစိုးရအရာရှိကြီးများ တောင်းပန် ပြောကြားမှုမှာလည်း လွန်စွာရှားပါးကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အဆောက်အအုံတွင်း ပိတ်မိနေသူများနှင့် ဒဏ်ရာရရှိသူများကို ပြန်လည် ကယ်တင်နိုင်ရေး ကယ်ဆယ်ရေး အစီအစဉ်များကို လုပ်ဆောင်လျက် ရှိကြောင်း မြောက်ကိုရီးယားနိုင်ငံက ထုတ်ပြန်ထားသည်။
အဆိုပါသတင်း ကြားသိရပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်မှာ လွန်စွာဝမ်းနည်းခဲ့ရပြီး တစ်ညလုံး အိပ်ထမတင် လေ့ကျင့်ခန်း လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယား အရာရှိကြီးတစ်ဦးက KCNA သတင်းကို ပြောကြားသည်။
ကျောင်းသားငယ် ရာပေါင်းများစွာ သေဆုံးခဲ့ရသည့် တောင်ကိုရီးယားကူးတို့ သင်္ဘောမြုပ်သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ တောင်ကိုရီးယား အစိုးရအပေါ် ပြည်သူများ၏ ပြင်းပြင်းထန်ထန် ဝေဖန်မှု ပေါ်ပေါက်နေချိန်တွင် မြောက်ကိုရီးယား အရာရှိများ၏ ရှားရှားပါးပါး တောင်းပန်သည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားမြို့တော် ပြုံယမ်းတွင် လူပေါင်း ၂ ဒသမ ၅ သန်းကျော် နေထိုင်လျက်ရှိပြီး မြို့တော်တွင် နေထိုင်ကြသူ အများစုမှာ ကွန်မြူနစ်ပါတီဝင်များနှင့် အခွင့်ထူးခံ လူတန်းစားများ ဖြစ်သည်။
No comments:
Post a Comment