21 May 2014
ပြီးခဲ့သည့် တနင်္ဂနွေနေ့က အသက်(၅၉)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ဆော်ဒီအနောက်ပိုင်းရှိ Tiaf မြို့တွင် သေဆုံးပြီးနောက် ဆော်ဒီနိုင်ငံတွင် မားစ် Mers (Middle East Respiratory Syndrome) ရောဂါကြောင့် သေဆုံးဦးဦးရေ (၁၆၉)ဦးရှိသွားပြီလို့ ဆော်ဒီကျန်းမာရေး အာဏာပိုင်များက ပြောဆိုခဲ့ကြောင်း သိရသည်။
ဒါ့အပြင် ဂျီဒတ်ခ်ျ မြို့တွင် တစ်ယောက် နှင့် ရီရာ့ဟ်မြို့ နှစ်မြို့တွင် တစ်ယောက် ထိုရောဂါကူးစက်ခံရသူ ရှိသည်ဟု သိခဲ့ရသည့်အတွက် မားစ်ရောဂါ ကူးစက်ခံရသူဦးရေဟာ ဆော်ဒီနိုင်ငံတဝန်းလုံး အတိုင်းအတာဖြင့် (၅၃၁)ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။
အီဂျစ် ၊ ဂျော်ဒန် ၊ လီဘနွန် ၊ နယ်သာလန် ၊ ယူအေအီး ၊ အမေရိကန်ပြည်ထောင်စု ကဲ့သို့သော နိုင်ငံများတွင်လည်း မားစ်ရောဂါ ကူးစက်ခံရသူများရှိကာ ထိုကူးစက်ခံရသူအားလုံးဟာ ကန္တာရဒေသဖြစ်သည့် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက် လည်ပတ်ခဲ့သူများ ဖြစ်သည်ဟုလည်း သိရသည်။
တမ္ဘာလုံး အတိုင်းအတာနှင့်ယှဉ်လျှင် ဆော်ဒီနိုင်ငံဟာ မားစ်ရောဂါ ကူးစက်ခံရမှု အဆိုးဆုံးဖြစ်ကြောင်း သိရသည်။
Source : Straitstimes
ပုံရိပ်(burmesehearts.com)
No comments:
Post a Comment