May 23, 2014
သို့
We Love Nay Toe အဖွဲ့သားများခင်ဗျာ...
ကျွန်တော် ဇော်ဇော်အောင် ပါ။ စေတန်ရဲ့ကချေသည် ဇာတ်ကားကြီးကို စင်္ကာပူမှာရှိတဲ့ မြန်မာပရိသက်များ ကြည့်ရှုနိုင်စေဖို့ ၊ ညီလေး နေတိုး ရဲ့ ဇာတ်ကားကြီးကို ဂုဏ်ယူစွာနဲ့ တင်ဆက်ခဲ့ပါတယ်။
အခု ကျွန်တော် အဖြစ်မှန်ကို မှ မရှင်းပြရင် We Love Nay Toe အဖွဲ့သားများ အဖြစ်မှန်ကို မသိရှိဘဲဖြစ်နေမှာ စိုးလို့ တင်ပြလိုက်ရတာပါ။ တစုံတယောက်ကိုမှ ထိခိုက်စေချင်တဲ့ ဆန္ဒလုံးဝ မပါပါ။ ကျေးဇူးပြုပြီး ဆုံးအောင် ဖတ်ပီးမှ ကြိုက်သလိုဝေဖန်ပါ။ အခုပြောမယ့် စကားလုံးတိုင်းအတွက် ကျွန်တော်တာဝန်ယူရဲတယ်။ အားလုံးအမှန်ပါဘဲ။
ကျွန်တော် စေတန်ကို စင်္ကာပူ ပြသဖို့ ကြိုးစားခဲ့တာ ၁ နှစ်ခွဲကျော်ကြာခဲ့ပါတယ်။ လွယ်လွယ်နဲ့ ပြသခွင့်ရခဲ့တဲ့ ဇာတ်ကားမဟုတ်ပါဘူး။
ကားထုတ်ပိုင်ရှင် ဦးစိုးသန်းနဲ့ အတော်လေးညှိနှိုင်းခဲ့ရပါတယ်။ စင်္ကာပူမှာ ဒီလိုပွဲ တပွဲ လုပ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ အဲဒါတွေကို ကျွန်တော် တယောက်ထဲ ကြိုးစားခဲ့ရတာပါ။
စေတန်ကို ထုတ်လုပ်သူဆီမှာ ပြသခွင့်ရခဲ့တဲ့အတွက် အရမ်းဝမ်းသာခဲ့ပါတယ်။ စတင်ပြသဖို့ကြိုးစားတဲ့ အချိန်မှာဘဲ ကျွန်တော် We Love Nay Toe ရဲ့ အဖွဲ့ဝင် တယောက်ဖြစ်တဲ့ ကိုအောင်ပြည့်သျှံ ကို စတင် ဆက်သွယ်ခဲ့ပါတယ်။ ဒီ ပြသနာအားလုံးရဲ့ နောက်ကွယ်ကနေ ကြိုးဆွဲခဲ့တာ အောင်ပြည့်သျှံ ဘဲ ဖြစ်ပါတယ်။ သူ့ကို ကျွန်တော် ဖုန်းဆက်ခဲ့ပါတယ်။
ကျွန်တော် က သူ့ကို စေတန်ပွဲကို စင်္ကာပူပြမယ်။ အကိုက We love nay toe က ဆိုတော့ ကျွန်တော့်ကို လက်မှတ် ၀ိုင်းကူရောင်းပေးပါ။ ၀ိုင်းကူ ကြော်ငြာပေးပါ။ အဲဒီ အချိန်မှာ နေတိုး ဟာ ကျွန်တော့်ညီမှန်း မသိသေးပါဘူး။
သူ ဘာပြန်ပြောလဲ သိရဲ့လား We Love Nay Toe ပရိသက်ကြီးရယ်....
အဲဒီ စေတန် ရုပ်ရှင် လက်မှတ်ကို ရောင်းရမှာ မျက်နှာငယ်တယ်တဲ့၊ သိက္ခါကျတယ်တဲ့၊ မြန်မာ့ရုပ်ရှင်က အဆင့်အတန်းမမှီဘူးတဲ့။
ကျွန်တော်က ပြန်ပြောလိုက်တယ်။ အဲဒါ အကိုတို့ ချစ်တဲ့ မင်းသားနေတိုးရဲ့ကားပါလို့။
သူက - နေတိုးကားလည်း မြန်မာကားဘဲတဲ့။ မရောင်းပေးနိုင်ဘူးတဲ့လေ။
ကျွန်တော် တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ ကျွန်တော်လည်း နေတိုး ပရိသက်တယောက်ပါ။
အဲလိုအပြောခံရတော့ အရမ်းစိတ်ဆိုးမိတယ်။
ကျွန်တော် သူ့ကို တခွန်းဘဲ ပြန်ပြောခဲ့ပါတယ်။ ကျွန်တော် စေတန်ကို မပေါက် ပေါက်အောင် ဖေါက်ပြမယ်လို့။ ပီးမှ နေတိုး ကို အစအဆုံးပြောပြလိုက်မယ်လို့ (အခု အားလုံးကို အရီးရော ၊ နေတိုးရော ၊ ကိုနောင် ပြောပြလိုက်ပီ)
အဲဒါနဲ့ စေတန်ကို ဒီနေ့ အချိန်ထိ အခုလို အောင်မြင်အောင် ကျွန်တော် နေ့မနား ညမအိပ် ကြော်ငြာခဲ့တာ ကျွန်တော့် ပိုစ့်တွေ ကြည့်ရင် သိနိုင်ပါတယ်။
ထင်ထားတဲ့ အတိုင်းပါဘဲ။ ပွဲလည်းအောင်မြင်သွားရော အောင်ပြည့် တယောက်ပေါ်လာပါတယ်။
ဟီးဟီးပေါ့... သူ့အကျင့်အတိုင်း အရှက်မရှိ မျက်နှာပြောင်လာတိုက်ပါတယ်။ ဓါတ်ပုံ ရိုက်ချင်တယ်ပေါ့။
ပွဲကို ကူဖို့ ကျောင်းသား ဓါတ်ပုံ ရိုက်တဲ့သူတွေ ခေါ်ထားပါတယ်။ သူတို့ ရဲ့ တောင်းဆိုချက်က အောင်ပြည့်ကို ဓါတ်ပုံ မရိုက်ခိုင်းဖို့ပါဘဲ။ အောင်ပြည့်လာရင် သူတို့ မကူဘူးတဲ့။
ဘာလို့လဲ မေးတော့ အောင်ပြည့်က သူတို့ချစ်သူဖြစ်တဲ့ ကျောင်းသူ တွေကို ခေါ်ပီး အင်္ကျီ မပါတဲ့ ပုံရိုက်ဖို့ ဖုန်းဆက်ဆက်နေလို့ အားလုံးက သူ့ကို -ာေ-ာင်း ဓါတ်ပုံဆရာ ဆိုပီးပြောပါတယ်။ တချို့ကပြောတော့ ချက်ကြီး အတွက် ကုန်ကြမ်းရှာနေတယ်တဲ့။ အဲဒါတွေတော့ ကျွန်တော်မသိပါဘူး။
သူတို့ က အောင်ပြည့်ပါရင် ဓါတ်ပုံဆရာတွေ သိက္ခါကျတယ်လို့ပြောပါတယ်။
ကျွန်တော်လဲ သူတို့တွေရဲ့ တောင်းဆိုချက်ကို လိုက်လျှောခဲ့ပါတယ်။ အဲဒါကြောင့် အောင်ပြည့်ကို ဓါတ်ပုံရိုက်ဖို့ မခေါ်ခဲ့ပါဘူး။ အဲဒီ မကျေနပ်ချက်တွေနဲ့ အောင်ပြည့်က ဒီပွဲကို ဖျတ်ဖို့ ကြံစည်တော့တာပါဘဲ။
ကျွန်တော် we love nay toe ရဲ့ အဖွဲ့ ထဲ ကို မမ မမ ရဲ့ ကမ်းလှမ်းချက်နဲ့ ၀င်ခဲ့ပါတယ်။
မမ မမ မမ နဲ့ ခင်မင်ခွင့် ရခဲ့ပါတယ်။ ကျွန်တော့် ပိုစ့်တွေကို တင်ပေးရင်း မမ မမ မမ နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်ကဘဲ မမ မမ မမ ကို ကမ်းလှမ်းခဲ့ပါတယ်။
ကျွန်တော် We love nay toe အဖွဲ့အတွက် တခုခု စီစဉ်ပေးချင်ပါတယ်လို့။ We Love Nay Toe အဖွဲ့က ချစ်ဖို့ကောင်းတယ်၊ စည်းလုံးတယ်၊ နွေးထွေးတယ်လို့၊ အဲဒါနဲ့ မမ မမ မမ က စီစဉ်မယ်ဆိုပီး ကျွန်တော်နဲ့ ညှိထားပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် ကိုသူရ ရဲ့ ပိုစ့် တခုကို ကူးမိပါတယ်။ မမ မမ မမ စည်းကမ်း အရ ဖျက်ပေးဖို့ တောင်းဆိုလို့ ကျွန်တော် မမ မမ မမ ကို တောင်းပန်ပီး ချက်ချင်းဖြတ်ပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မမ မမ မမ နဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။
ကျွန်တော်လည်း ဆက်လက်ကြော်ငြာရင်း လက်မှတ်ကို ရောင်းနေပါတယ်။ ပွဲကအောင်မြင်ပီး တပွဲပြည့်သွားလို့ နောက်တပွဲဖွင့်ခဲ့ရပါတယ်။ နောက်ပွဲ ဖွင့်လိုက်မှ ရောင်းအားချက်ချင်းရပ်သွားပါတယ်။ တချို့လက်မှတ်တွေ ပြင်သွင်းလာပါတယ်။ Booking တော်တော်များများ Cancel လုပ်လာပါတယ်။ စုံစမ်းကြည့်တော့ We Love Nay Toe အဖွဲ့က နေတိုး နဲ့ အပြင်မှာ တွေ့လို့ရတယ်တဲ့၊ ပွဲကြည့်တဲ့ ပရိသက်က ဘာလို့တွေ့လို့ မရတာလဲတဲ့။ ပွဲလာကြည့်မယ့် ပရိသက်က ခွင့်တွေယူပီး လာကြည့်ဖို့ ကြိုးစားနေကြတဲ့အချိန်မှာ We Love Nay Toe အဖွဲ့ကတောင် နေတိုးကိုချစ်တယ်ဆိုပီး ပွဲလာမကြည့်ဘဲ အပြင်မှာတွေ့ဖို့ဘဲ ကြိုးစားနေတော့ ပရိသက်တွေ စိတ်ဝမ်းကွဲလာပါတယ်။ ကျွန်တော် ဘာမှမသိရဘူး လို့ဘဲပြန်ပြောနိုင်ပါတယ်။ ကျွန်တော်ကို We Love Nay Toe က ဘာမှလဲ အသိမပေး၊ ခွင့်မတောင်းခဲ့ပါဘူး။ We Love Nay Toe က ဘာဘဲဖြစ်ဖြစ် အသိလေးပေးပီး ခွင့်တောင်းသင့်ပါတယ်။ ဒါက လောကရဲ့ လူ့ကျင့်ဝတ်ပါ။ မိတ်ဆွေတို့ တကူးတက ဖိတ်ထားတဲ့ ဧည့်သည်ကို ကျွန်တော် ထမင်းဖိတ်ကျွေးချင်ရင် အနည်းဆုံးတော့ ခွင့်တောင်းဖို့ မလိုရင်တောင် အသိတော့ပေးသင့်ပါတယ်။ အဲဒီ ဂယက်က ကျွန်တော့်ပွဲကို လာထိခိုက်ပါတယ်။ ပရိသက်တွေ စိတ်ဝမ်းကွဲပါတယ်။
ကျွန်တော် စုံစမ်းတော့ အောင်ပြည့် စီစဉ်တာဖြစ်နေပါတယ်။ ကျွန်တော့်ကိုလည်း မမ မမ မမ က အကြောင်းမရှိ We love nay toe အဖွဲ့ ကနေ ထုတ်လိုက်ပါတယ်။ အောင်ပြည့် လက်ချက်ဘဲဆိုတာ သိလိုက်ပါတယ်။
ဒါနဲ့ ညီလေးဆီဖုန်းခေါ်ပါတယ်။ ကိုဝိုင်းနဲ့ ထုတ်လုပ်သူတွေနဲ့ အကောင်းဆုံးဖြစ်အောင် စီစဉ်ပါတယ်။ ဒါနဲ့ ဘဲ နေတိုးကို အားပေးတဲ့ ချစ်တဲ့ ပရိသက်အားလုံး တွေ့နိုင်အောင် ညစာစားပွဲလေးကို စီစဉ်ခဲ့ပါတယ်။
We Love Nay Toe အဖွဲ့နဲ့လည်း ပူးပေါင်းကျင်းပဖို့ ညီလေးနဲ့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် လက်မှတ်ရောင်းအားက ထပ်မတက်လာတော့ဘူး။ ဒုတိယပွဲ လူမ၀င်ခဲ့ပါဘူး။
တကယ်တော့ ထုတ်လုပ်သူ ရှုံးမှာပါ။ ဒါပေမယ့် အဲဒီ အရှုံးတွေ အားလုံးကို ကျွန်တော် တစ်ယောက်ထဲ လက်လွဲယူခဲ့ပီး အားလုံးရဲ့ရှေ့မှာ ထုတ်လုပ်သူကို အရင်းငွေအားလုံးပြန်အမ်းပေးခဲ့ပါတယ်။ ကျွန်တော် 5788 S$ ရှုံးခဲ့ပါတယ်။
မျှော်လင့်ထားတဲ့ ညီလေး ပရိသက်က ၁၉ ရက်နေ့ ညစာစားပွဲမှာ ပေါ်မလာခဲ့ပါဘူး။ ညီလေး ပြောတဲ့ လူဦးရေ ၆၀ စာ ဘူဖေးကို ကျွန်တော်စီစဉ်ထားပါတယ်။ ညီလေး မျက်နှာမကောင်းပါဘူး။ ကျွန်တော်လည်းစိတ်မကောင်းပါဘူး။ ဒါပေမယ့် ညီလေး သီချင်းဆိုတဲ့ အခါမှာ ပျော်တာတွေ့ရတော့ အားလုံးပျော်သွားကြပါတယ်။
၂၀ရက်နေ့ ညမှာ ညီလေးရဲ့ ဆန္ဒအတိုင်း ညီလေးကို လွတ်လပ်ခွင့် အကုန်ပေးထားပါတယ်။
၂၁ ရက်နေ့ ညီလေးကို လေယာဉ်ကွင်း ပို့ခါနီးမှ အကြောင်းစုံကို အရီး နဲ့ ကိုနောင်နောင်ရှေ့မှာ ရှင်းပြခဲ့ပါတယ်။ အဲဒီအချိန်မှ ဟိုတယ်က ဒါရိုက်တာ ကိုဆန်းလည်းရှိပါတယ်။ အောင်ပြည့်အကြောင်း
အလုံးစုံကို ရှင်းပြခဲ့ပါတယ်။ တကယ်တော့ အောင်ပြည့် ဟာ စေတန် ပရိသက်နဲ့ We love nay toe ကို စိတ်ဝမ်းခွဲခဲ့တဲ့သူပါ။ ဟော်တယ် ဒါရိုက်တာက လည်း အောင်ပြည့် က ဟော်တယ်ဖိုး ပိုက်ဆံ ဒေါ်လာ ၃၀၀၀ လာမရှင်းလို့ Black List ထဲ့ထားတယ်။ သူ့ပိုင် ဟော်တယ် ၄ လုံးစလုံးမှာ တည်းလို့ မရဘူးဆိုတဲ့အကြောင်း ထည့်ပြောသွားပါတယ်။
အဲဒီမှာ အရီးနဲ့ ပြောဆိုရင်းနဲ့ အရီးက အဒေါ်တော်တယ်၊ နေတိုးက ညီဝမ်းကွဲ ဆိုတာ သိခဲ့ရပါတယ်။ အရမ်းကို ပျော်သွားကြပါတယ်။
ဒီနေ့ မနက်မှ ညီလေးရဲ့ We Love Nay Toe အဖွဲ့ရဲ့ ညစာစားပွဲ ဓါတ်ပုံမြင်ရမှ စိတ်မကောင်း အရမ်းကို ဖြစ်ခဲ့ရတယ်။ ကျွန်တော် ချစ်တဲ့ နေတိုး (ညီဝမ်းကွဲဆိုတာနောက်မှသိရတာပါ) ကို ဒီလိုကြီးကျွေးတာ တကယ်စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော့်မှာတော့ သူ့ကိုတန်ဖိုးထား၊ မြတ်နိုးလို့ ကျကျနန စီစဉ်ပေးခဲ့ပါတယ်။ တကယ်တော့ အဲဒီပွဲကို ဘယ်သူစီစဉ်ခဲ့သလဲ ဆိုတာ ကို သိချင်ပါတယ်။ ခန့်မှန်းပီးလဲ သိနေပါတယ်။ အဲဒီလူရဲ့လုပ်ရက်ဟာ လူမဆန်ဘူး။ ကျွန်တော့် ညီလေးကို ချစ်ခင် မြတ်နိုးတယ်ဆိုရင် ဗျာ . . . ဘယ်လောက်ဘဲ ဟန်ဆောင်မှု ဘဲ ကင်းကင်း ပကာသနမရှိဘူးဘဲပြောပြော ဒီလိုကြီးမလုပ်သင့်ပါဘူး။ မိတ်ဆွေတို့တောင် သေချာပြန်စဉ်းစားပါ။ မညာပါနဲ့ ။ ဓါတ်ပုံထဲမှာ ပါတဲ့လူ ၈၀ ရာခိုင်နှုန်းလောက်က ဒီလူသွားလမ်းကြီးမှာ ဒီလိုထိုင်ပီး စားမယ့်သူ သိပ်မပါပါဘူး။ အမှန်ကို ၀န်ခံကြစမ်းပါ။ ဟန်မဆောင်ပါနဲ့။ ကိုမြတ်နိုးတဲ့သူကို အဲဒီလိုအောက်မှာ ကျွေးဖို့ဆိုတာ ကြိုတင်ကြံစည်တာလား။ အခြေအနေအရ ဖြစ်သွားတာလား။ အဲဒီပွဲ အဲဒီလိုဖြစ်အောင် ဘယ်သူလုပ်ခဲ့တာလဲ။ ကျွန်တော်နဲ့ We love nay toe နဲ့ ထိတ်တိုက်တွေ့အောင် ဖန်းတီးခဲ့တဲ့သူကို လေးစားပါတယ်။ ခင်ဗျားကြီး အရမ်းတော်ပါတယ်။
ကျွန်တော် အရမ်းဝမ်းနည်းမိပါတယ်။ အောင်ပြည့်ရဲ့လှည့်ကွက်အောက်မှာ အားလုံး ကခဲ့ကြရတယ်။ အရီးနဲ့ ကိုနောင်လည်းအရမ်းစိတ်ဆိုးနေကြတယ်။
ကျွန်တော်လည်းအရမ်းကို စိတ်ထိခိုက်ရတယ်။ ကျွန်တော် လုပ်လိုက်တဲ့ပွဲမှာ ကျွန်တော့် ညီဝမ်းကွဲ နေတိုး (ညီအကိုမှန်းသိလိုက်ရတဲ့အချိန်မှာ) ဒီလိုကြီး ဖြစ်သွားတာကို အရမ်းစိတ်မကောင်းဖြစ်မိတယ်။ ရန်ကုန်မှာ အောင်မြင်ခဲ့တဲ့ စေတန် ဟာ စင်္ကာပူမှာ ကျဆုံးခဲ့ရတယ်။
ကျွန်တော် စိတ်မကောင်းဖြစ်ပီး အိပ်မရတာအခုထိပါဘဲ။
ပရိသက်ကြီး အမှန်မြင်နိုင်ပါစေ.......
P.S : ကျွန်တော့် ညီလေး ရဲ့ ဒုတိယမြောက် ကြိုးစားမှုဖြစ်တဲ့ ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားကြီး အတွက် အားမွေးထားကြအုံးနော်...
အဲဒီဇာတ်ကားပြရင် အခုလို အဖြစ်မျိုးမကြုံရအောင် ခေါင်းဆောင်ကောင်း အရွေးမှန်ပါစေလို့ ဆုတောင်းလိုက်ပါတယ်...
ဇော်ဇော်အောင်
Managing Director
MSCT PTE LTD
#05-39 Peninsula Plaza,
Singapore 179098
http://www.oppositeyes.info/2014/05/blog-post_7404.html

No comments:
Post a Comment