Friday, May 23, 2014

ဘိုကိုဟာရမ်တိုက်ခိုက်မှု ၂၇ ဦးသေဆုံး


နိုင်ရိုဘီ မေ ၂၂

ရာနှင့်ချီသော ကျောင်းသူများအား ပြန်ပေးဆွဲသွားသည့် နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်း ကျေးရွာနှစ်ရွာ၌ တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ပြည်သူ ၂၇ ဦးသေဆုံးမှုအပေါ် အစ္စလာမ္မစ်အုပ်စုက ဘိုကိုဟာရမ်အုပ်စုကို စွပ်စွဲထားသည်။ ရှာဝါရွာမှ ၁ဝ ဦးနှင့် အလာဂါနိုရွာမှ ၁၇ ဦးတို့အား သေနတ်သမားများက ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် မျက်မြင်တွေ့ရှိသူများက ပြောသည်။

အဆိုပါနေရာသည် ကျောင်းသူများအား ပြီးခဲ့သောလက ပြန်ပေးဆွဲသွားသော ချီဘော့အနီး၌ တည်ရှိသည်။ အင်္ဂါနေ့က ဂျို့စ်မြို့လယ်ကောင်၌ ဗုံးနှစ်လုံးပေါက်ကွဲခဲ့၍ လူပေါင်း ၁၁၈ ဦး သေဆုံးခဲ့ရာ ဘိုကိုဟာရမ်တို့၏ လက်ချက်ဟု ဆိုသည်။

ဘီဘီစီ

No comments: